ေနာက္ရာသီ ဥေရာပပြဲ ကစားဖို႔ လက္မေလွ်ာ့ေသးေၾကာင္း အာဆင္နယ္ နည္းျပ အာတီတာ ေျပာဆို
နည္းျပ မီေခးလ္ အာတီတာက အာဆင္နယ္အသင္းဟာ ခရစၥတယ္ပဲေလ့စ္ကို ေနာက္က်ဂိုးေတြနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ လာမယ့္ရာသီ ဥေရာပဝင္ခြင့္ ရႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ တစ္ပြဲလုံး ေျခစြမ္းေကာင္း ျပသႏိုင္ျခင္း မရွိေပမဲ့ မာတီနယ္လီ၊ ပီပီတို႔ရဲ႕ ေနာက္က်ဂိုးေတြနဲ႔အတူ အႏိုင္ရကာ ဥေရာပဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ ရွင္သန္လာခဲ့ပါတယ္။ ဒါေပမယ့္ အဆင့္၆ေနရာက ဝက္စ္ဟမ္းတို႔ ႏိုင္ပြဲ ရသြားတာေၾကာင့္ အာဆင္နယ္က အဆင့္ ၇ ေနရာကိုသာ မွန္းႏိုင္မယ့္ အေျခအေန ျဖစ္ပါတယ္။
ပြဲအၿပီးမွာ အာတီတာက “ကြၽန္ေတာ္တို႔ ႏိုင္ပြဲရဖို႔ နည္းလမ္းရွာေတြ႕ခဲ့ပါတယ္။ ပြဲခ်ိန္အမ်ာစု ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး လိုခ်င္တဲ့အတိုင္း ကစားႏိုင္ခဲ့ပါတယ္။ ဂိုးေပးလိုက္ရတဲ့အခါ ထိန္းခ်ဳပ္မႈ မလုပ္ႏိုင္ေတာ့ဘဲ ေဘာလုံးေတြ ဆက္တိုက္ ဆုံးရံွဳး လာခဲ့ပါတယ္။
ကြၽန္ေတာ္တို႔ အျမင့္ေဘာေတြ၊ ေထာင့္ကန္ေဘာေတြ၊ ဖရီးကစ္ေတြနဲ႔ ကစားခြင့္ေပးခဲ့ၿပီး ပဲေလ့စ္က အႏၲရာယ္မ်ားခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ ပိုရေအာင္ ကစားလာႏိုင္ခဲ့ၿပီး အရမ္းအေရးပါတဲ့ သြင္းဂိုးကို ဂါဘီက သြင္းႏိုင္ခဲ့တယ္။
ေနာက္ဆုံးေန႔ထိ ကြၽန္ေတာ္တို႔ ဆက္လက္ တိုက္ပြဲဝင္သြားမွာပါ။ ႏိုဝင္ဘာ၊ ဒီဇင္ဘာလာက္က ဥေရာပဝင္ခြင့္က မျဖစ္ႏိုင္ဘူးလို႔ တစ္ေယာက္ေယာက္ ေျပာႏိုင္ေပမဲ့ လြန္ခဲ့တဲ့ ၆လအတြင္း ကြၽန္ေတာ္တို႔ ဥေရာပဝင္ခြင့္နဲ႔ ထိုက္တန္တယ္ ဆိုတာ ျပသႏိုင္ခဲ့ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
Unicode
နည်းပြ မီခေးလ် အာတီတာက အာဆင်နယ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို နောက်ကျဂိုးတွေနဲ့ အနိုင်ရခဲ့ပြီးနောက် လာမယ့်ရာသီ ဥရောပဝင်ခွင့် ရနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ တစ်ပွဲလုံး ခြေစွမ်းကောင်း ပြသနိုင်ခြင်း မရှိပေမဲ့ မာတီနယ်လီ၊ ပီပီတို့ရဲ့ နောက်ကျဂိုးတွေနဲ့အတူ အနိုင်ရကာ ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှင်သန်လာခဲ့ပါတယ်။ ဒါပေမယ့် အဆင့်၆နေရာက ဝက်စ်ဟမ်းတို့ နိုင်ပွဲ ရသွားတာကြောင့် အာဆင်နယ်က အဆင့် ၇ နေရာကိုသာ မှန်းနိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။
ပွဲအပြီးမှာ အာတီတာက “ကျွန်တော်တို့ နိုင်ပွဲရဖို့ နည်းလမ်းရှာတွေ့ခဲ့ပါတယ်။ ပွဲချိန်အမျာစု ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပြီး လိုချင်တဲ့အတိုင်း ကစားနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရတဲ့အခါ ထိန်းချုပ်မှု မလုပ်နိုင်တော့ဘဲ ဘောလုံးတွေ ဆက်တိုက် ဆုံးရံှုး လာခဲ့ပါတယ်။
ကျွန်တော်တို့ အမြင့်ဘောတွေ၊ ထောင့်ကန်ဘောတွေ၊ ဖရီးကစ်တွေနဲ့ ကစားခွင့်ပေးခဲ့ပြီး ပဲလေ့စ်က အန္တရာယ်များခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ပိုရအောင် ကစားလာနိုင်ခဲ့ပြီး အရမ်းအရေးပါတဲ့ သွင်းဂိုးကို ဂါဘီက သွင်းနိုင်ခဲ့တယ်။
နောက်ဆုံးနေ့ထိ ကျွန်တော်တို့ ဆက်လက် တိုက်ပွဲဝင်သွားမှာပါ။ နိုဝင်ဘာ၊ ဒီဇင်ဘာလာက်က ဥရောပဝင်ခွင့်က မဖြစ်နိုင်ဘူးလို့ တစ်ယောက်ယောက် ပြောနိုင်ပေမဲ့ လွန်ခဲ့တဲ့ ၆လအတွင်း ကျွန်တော်တို့ ဥရောပဝင်ခွင့်နဲ့ ထိုက်တန်တယ် ဆိုတာ ပြသနိုင်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။