မန္စီးတီးရဲ႕ ေႏြ အေရာင္းစာရင္းထဲ အံ့အားသင့္ဖြယ္ ပါ၀င္လာတဲ့ တိုက္စစ္မွဴး စတာလင္

ရာဟင္ စတာလင္ဟာ ယခုႏွစ္ေႏြရာသီ မန္စီးတီးအသင္းရဲ႕ အေရာင္းစာရင္းထဲ အံ့အားသင့္ဖြယ္ ပါဝင္လာေၾကာင္း သိရပါတယ္။ မန္စီးတီးဟာ ယေန႔ည ခ်န္ပီယံလိဂ္ဗိုလ္လုပြဲ အၿပီးမွာ အသင္းကို ျပဳျပင္တည္ေဆာက္မႈေတြ ျပန္လည္ ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။

အဂၤလန္သားဟာ ရာသီကုန္မွာ စီးတီးအသင္း လူစာရင္းကေန ေနရာေပ်ာက္ေနခဲ့ၿပီး ေဒးလီးေမးလ္ ရဲ႕ ေဖာ္ျပခ်က္အရ အသင္းအေနနဲ႔ ၂၆ႏွစ္သားအတြက္ ကမ္းလွမ္းမႈေတြ ရွိလာခဲ့ရင္ လက္ခံစဥ္းစားဖို႔ ရွိေနေၾကာင္း သိရပါတယ္။ မန္စီးတီးကေန ထြက္ခြာသြားႏိုင္တာ စတာလင္ တစ္ဦးတည္းတင္ မဟုတ္ဘဲ ေတာင္ပံကစားသမား မာရက္ဇ္ကိုလည္း ေရာင္းခ်ကာ ေျပာင္းေ႐ႊ႕ေၾကး ရွာလာႏိုင္ပါတယ္။

မာရက္ဇ္ဟာ ယခုအပတ္ေတြအတြင္း ေတာက္ေလ်ာက္ ေျခစြမ္းျပေနကာ ပီအက္စ္ဂ်ီနဲ႔ ပြဲစဥ္၂ပြဲစလုံးမွာလည္း ဂိုးသြင္းႏိုင္ခဲ့ေပမဲ့ ထိုက္တန္တဲ့ ကမ္းလွမ္းမႈ ေပၚလာရင္ေတာ့ မန္စီးတီးက လက္ခံစဥ္းစားဖို႔ ရွိေနသလို အျခား ထြက္ခြာႏိုင္တဲ့ ကစားသမား အျဖစ္ ဂါဘရီရယ္ ဂ်ီးဆပ္စ္နဲ႔ လာေပၚေတးတို႔လည္း ရွိေနပါတယ္။

အာဆင္နယ္အသင္းဟာ စတာလင္နဲ႔ မာရက္ဇ္တို႔ကို စိတ္ဝင္စားေနၿပီး နည္းျပ အာတီတာကလည္း ဂြါဒီယိုလာရဲ႕ တပည့္ ျဖစ္ေနေပမဲ့ ဥေရာပဝင္ခြင့္ မရတဲ့ အေနအထားမွာ ဘ႑ာေရး အေျခအေန ဘယ္လို အသုံးျပဳမယ္ဆိုတဲ့အေပၚ စိုးရိမ္မႈေတြ ရွိေနပါတယ္။ ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္တို႔က စတာလင္ကို ကာလရွည္ စိတ္ဝင္စားေနၿပီး မန္စီးတီးအေနနဲ႔ ဂရီးလစ္ခ်္ကို ေပါင္ သန္း၁၀၀နဲ႔ ေခၚယူဖို႔အတြက္ ေျပာင္းေ႐ႊ႕ေၾကး စုေဆာင္းရန္ လိုအပ္ေနပါတယ္။

မန္စီးတီးတို႔ ကိန္းနဲ႔ ဂရီးလစ္ခ်္ကို ေခၚယူဖို႔ အသင္းရွိ ကစားသမားကို ေရာင္းခ်လိုေနတာ မွန္ေပမဲ့ စတာလင္ ပါလာတာကေတာ့ အံ့အားသင့္စရာ ျဖစ္ေနခဲ့ပါတယ္။

Unicode

ရာဟင် စတာလင်ဟာ ယခုနှစ်နွေရာသီ မန်စီးတီးအသင်းရဲ့ အရောင်းစာရင်းထဲ အံ့အားသင့်ဖွယ် ပါဝင်လာကြောင်း သိရပါတယ်။ မန်စီးတီးဟာ ယနေ့ည ချန်ပီယံလိဂ်ဗိုလ်လုပွဲ အပြီးမှာ အသင်းကို ပြုပြင်တည်ဆောက်မှုတွေ ပြန်လည် ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အင်္ဂလန်သားဟာ ရာသီကုန်မှာ စီးတီးအသင်း လူစာရင်းကနေ နေရာပျောက်နေခဲ့ပြီး ဒေးလီးမေးလ် ရဲ့ ဖော်ပြချက်အရ အသင်းအနေနဲ့ ၂၆နှစ်သားအတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် လက်ခံစဉ်းစားဖို့ ရှိနေကြောင်း သိရပါတယ်။ မန်စီးတီးကနေ ထွက်ခွာသွားနိုင်တာ စတာလင် တစ်ဦးတည်းတင် မဟုတ်ဘဲ တောင်ပံကစားသမား မာရက်ဇ်ကိုလည်း ရောင်းချကာ ပြောင်းရွှေ့ကြေး ရှာလာနိုင်ပါတယ်။

မာရက်ဇ်ဟာ ယခုအပတ်တွေအတွင်း တောက်လျောက် ခြေစွမ်းပြနေကာ ပီအက်စ်ဂျီနဲ့ ပွဲစဉ်၂ပွဲစလုံးမှာလည်း ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ထိုက်တန်တဲ့ ကမ်းလှမ်းမှု ပေါ်လာရင်တော့ မန်စီးတီးက လက်ခံစဉ်းစားဖို့ ရှိနေသလို အခြား ထွက်ခွာနိုင်တဲ့ ကစားသမား အဖြစ် ဂါဘရီရယ် ဂျီးဆပ်စ်နဲ့ လာပေါ်တေးတို့လည်း ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ စတာလင်နဲ့ မာရက်ဇ်တို့ကို စိတ်ဝင်စားနေပြီး နည်းပြ အာတီတာကလည်း ဂွါဒီယိုလာရဲ့ တပည့် ဖြစ်နေပေမဲ့ ဥရောပဝင်ခွင့် မရတဲ့ အနေအထားမှာ ဘဏ္ဍာရေး အခြေအနေ ဘယ်လို အသုံးပြုမယ်ဆိုတဲ့အပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က စတာလင်ကို ကာလရှည် စိတ်ဝင်စားနေပြီး မန်စီးတီးအနေနဲ့ ဂရီးလစ်ချ်ကို ပေါင် သန်း၁၀၀နဲ့ ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး စုဆောင်းရန် လိုအပ်နေပါတယ်။

မန်စီးတီးတို့ ကိန်းနဲ့ ဂရီးလစ်ချ်ကို ခေါ်ယူဖို့ အသင်းရှိ ကစားသမားကို ရောင်းချလိုနေတာ မှန်ပေမဲ့ စတာလင် ပါလာတာကတော့ အံ့အားသင့်စရာ ဖြစ်နေခဲ့ပါတယ်။