အသက္ငယ္ငယ္ ယူရို သန္း ၆၀ တန္ စပို႔တင္း တိုက္စစ္ၾကယ္ပြင့္ေလးကို အာဆင္နယ္ ခ်ိန္ရြယ္

အာဆင္နယ္ အသင္းဟာ ယူ႐ိုသန္း ၆၀ (ေပါင္ ၅၁ သန္း) တန္ေၾကးရွိတဲ့ စပို႔တင္းလစၥဘြန္း လူငယ္ၾကယ္ပြင့္ သီယာဂိုတိုမက္စ္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလာတယ္လို႔ သိရပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္သာ ရွိေသးတဲ့ တိုက္စစ္မႉးေလးဟာ တိုက္စစ္ျမားဦးတင္မကပဲ ေတာင္ပံေတြမွာလည္း ကစားႏိုင္စြမ္းရွိသူ ျဖစ္ပါတယ္။ ျပီးသြားတဲ့ ရာသီမွာ ေပၚတူဂီခ်န္ပီယံျဖစ္ခဲ့တဲ့ စပို႔တင္းအတြက္ အထူးေျခစြမ္း ျပသခဲ့သူျ့ဖစ္ၿပီး ၿပိဳင္ပြဲစုံ သြင္းဂိုး ၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

တစ္ရာသီလုံး ေျခစြမ္းျပႏိုင္ခဲ့တဲ့ တိုမက္စ္ကို ဥေရာပအသင္းေတြ စိတ္ဝင္စားလာခဲ့ၿပီး အာဆင္နယ္အသင္းလည္း ပါဝင္လာခဲ့ပါတယ္။ ဒါေပမယ့္ တိုမက္စ္ဟာ အာဆင္နယ္ နည္းစနစ္ဒါ႐ိုက္တာ အီဒူးရဲ႕ စိတ္ႀကိဳက္ကစားသမား တစ္ေယာက္ျဖစ္ၿပီး ဇန္နဝါရီကတည္းက ပထမဆုံးအႀကိမ္ ခ်ဥ္းကပ္ခဲ့ပါေသးတယ္။

ဒါေပမယ့္ တိုမက္စ္ကို စပို႔တင္းက ၅ ႏွစ္သက္တမ္းတိုး စာခ်ဳပ္ ၿပီးခဲ့တဲ့ေႏြရာသီကမွ ခ်ဳပ္ဆိုခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ စာခ်ဳပ္သစ္ရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးကလည္း ေတာ္ေတာ္ေလး ျမင့္တက္သြားခဲ့ၿပီး အာဆင္နယ္အသင္းအေနနဲ႔ သူ႔ကိုလိုခ်င္ရင္ စာခ်ဳပ္ ဖ်က္သိမ္းေၾကး ယူ႐ိုသန္း ၆၀ (ေပါင္ ၅၁ သန္း) ေပးမွာ ေခၚယူႏိုင္မွာပဲျဖစ္ပါတယ္။

တိုမက္စ္နဲ႔ ၂၀၂၅ အထိ စာခ်ဳပ္သက္တမ္း ရွိေနတာေၾကာင့္ စပို႔တင္းအေနနဲ႔ ကစားသမားကို ေရာင္းခ်မခ်ဆိုတာ ဖိအားကင္းကင္းနဲ႔ ဆုံးျဖတ္ႏိုင္ၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္မွာသာ ေျခစြမ္းျပႏိုင္ခဲ့ရင္ တိုမက္စ္ရဲ႕ တန္ဖိုးက ပိုၿပီးျမင့္တက္လာလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ဆယ္ေက်ာ္သက္တိုက္စစ္မႉးေလးဟာ စပို႔တင္းလူငယ္အသင္းေတြကေန ေပၚထြက္လာသူျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္မွာ စီနီယာအသင္း အတြက္ စတင္ပြဲထြက္ခဲ့ၿပီးေနာက္ စုစုေပါင္း ၄၂ ပြဲအထိ ကစားခြင့္ ရရွိခဲ့ၿပီး ျဖစ္ပါတယ္။

Unicode

အာဆင်နယ် အသင်းဟာ ယူရိုသန်း ၆၀ (ပေါင် ၅၁ သန်း) တန်ကြေးရှိတဲ့ စပို့တင်းလစ္စဘွန်း လူငယ်ကြယ်ပွင့် သီယာဂိုတိုမက်စ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူးလေးဟာ တိုက်စစ်မြားဦးတင်မကပဲ တောင်ပံတွေမှာလည်း ကစားနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။ ပြီးသွားတဲ့ ရာသီမှာ ပေါ်တူဂီချန်ပီယံဖြစ်ခဲ့တဲ့ စပို့တင်းအတွက် အထူးခြေစွမ်း ပြသခဲ့သူြ့ဖစ်ပြီး ပြိုင်ပွဲစုံ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

တစ်ရာသီလုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ တိုမက်စ်ကို ဥရောပအသင်းတွေ စိတ်ဝင်စားလာခဲ့ပြီး အာဆင်နယ်အသင်းလည်း ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် တိုမက်စ်ဟာ အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးရဲ့ စိတ်ကြိုက်ကစားသမား တစ်ယောက်ဖြစ်ပြီး ဇန်နဝါရီကတည်းက ပထမဆုံးအကြိမ် ချဉ်းကပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် တိုမက်စ်ကို စပို့တင်းက ၅ နှစ်သက်တမ်းတိုး စာချုပ် ပြီးခဲ့တဲ့နွေရာသီကမှ ချုပ်ဆိုခဲ့ပါတယ်။ အဲ့ဒါကြောင့် စာချုပ်သစ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း တော်တော်လေး မြင့်တက်သွားခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ သူ့ကိုလိုချင်ရင် စာချုပ် ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ (ပေါင် ၅၁ သန်း) ပေးမှာ ခေါ်ယူနိုင်မှာပဲဖြစ်ပါတယ်။

တိုမက်စ်နဲ့ ၂၀၂၅ အထိ စာချုပ်သက်တမ်း ရှိနေတာကြောင့် စပို့တင်းအနေနဲ့ ကစားသမားကို ရောင်းချမချဆိုတာ ဖိအားကင်းကင်းနဲ့ ဆုံးဖြတ်နိုင်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်မှာသာ ခြေစွမ်းပြနိုင်ခဲ့ရင် တိုမက်စ်ရဲ့ တန်ဖိုးက ပိုပြီးမြင့်တက်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဆယ်ကျော်သက်တိုက်စစ်မှူးလေးဟာ စပို့တင်းလူငယ်အသင်းတွေကနေ ပေါ်ထွက်လာသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ စီနီယာအသင်း အတွက် စတင်ပွဲထွက်ခဲ့ပြီးနောက် စုစုပေါင်း ၄၂ ပွဲအထိ ကစားခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။