မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အနာဂတ္ မေသခ်ာေသးေၾကာင္း ဖြင့္ဟလာတဲ့ ေပၚတူဂီသား
ေအစီမီလန္အသင္းမွာ အငွားသြားကစားကာ ေျခစြမ္းျပႏိုင္ေသာ္လည္း ဒီယိုဂို ဒါးေလာ့က မန္ခ်က္စတာယူႏိုက္တက္မွာ ရွိတဲ့ သူရဲ႕ အနာဂတ္က မေသခ်ာမႈ ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုပါတယ္။
မီလန္အသင္း ဒုတိယေနရာ ရယူခဲ့ရာမွာ ဒါးေလာ့ဟာ အီတလီတြင္ စီးရီးေအ၂၁ပြဲ ပါဝင္ကစားခဲ့ၿပီး ယူႏိုက္တက္နဲ႔ရင္ဆိုင္တဲ့ ယူ႐ိုပါလိဂ္ပြဲမွာလည္း ပါခဲ့ပါတယ္။
ဒါးေလာ့ဟာ ညာေနာက္ခံ ေရာ ဘယ္ေနာက္ခံမွာပါ ကစားႏိုင္ၿပီး နည္းစနစ္ပိုင္းအရ တိုးတက္မႈေတြ ရွိထားခဲ့ပါတယ္။
ဒါေပမဲ့ လာမယ့္ႏွစ္ ဘယ္ေနရာမွာ ကစားရမလဲဆိုတာ မေသခ်ာေၾကာင္း အသက္၂၂ႏွစ္သားက ထုတ္ေဖာ္ေျပာၾကားပါတယ္။
“ကြၽန္ေတာ္ကေတာ့ ပိုၿပီး ယွဥ္ၿပိဳင္မႈရွိတာကို သေဘာက်ပါတယ္ အီတလီသားေတြက ေဘာလုံးကို ခ်စ္တယ္ သူတို႔အၿမဲ ဒါကို ေျပာၾကတယ္ ယဥ္ေက်းမႈတစ္ခုလို ျဖစ္ေနတဲ့အတြက္ သိပ္ေကာင္းပါတယ္ ကြင္းထဲမွာေတာ့ နည္းစနစ္ပိုင္းအရ ကြၽန္ေတာ္ အမ်ားႀကီး တိုးတက္လာတယ္လို႔ခံစားရတယ္။
ဒီမွာ ကြၽန္ေတာ္ ခံစစ္ပိုင္း ႐ူေထာင့္အျမင္ေတြ ေတာ္ေတာ္မ်ားမ်ား ေလ့လာခဲ့ရတယ္ ဒီလို အရည္အေသြးပိုင္းေတြမွာ တိုးတက္လာတဲ့အတြက္ ေကာင္းမြန္မႈ ရွိပါတယ္။
ဖိအားေပးကစားျခင္းႏွင့္ ေဘာလုံးကို တတ္ႏိုင္သမွ် ကာဗာလုပ္ေပးရတဲ့ အရာေတြကိုလည္း သင္ယူရပါတယ္ သိပ္ကို အသုံးဝင္ပါတယ္ ကြၽန္ေတာ့္အတြက္ အံ့ၾသစရာေကာင္းတဲ့ ႏွစ္တစ္ႏွစ္ျဖစ္ၿပီး စိတ္ထား ေကာင္းတဲ့လူေတြနဲ႔ ေတြ႕ခြင့္ရခဲ့တယ္ လို႔ေျပာခ်င္ပါတယ္။ မီလန္အတြက္ ကစားေပးရတာ ဝမ္းသာမိၿပီး အခုကေတာ့ ယူ႐ိုအတြက္ ကြၽန္ေတာ္စဥ္းစားေနပါတယ္ ဒါၿပီးရင္ေတာ့ ကြၽန္ေတာ္အနာဂတ္နဲ႔ပက္သက္ၿပီး ဘာေတြ ျဖစ္လာမလဲ တကယ္မသိပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။
ေပၚတိုအသင္းကေန အဆင့္ဆင့္ လူငယ္အသင္းကေန လူႀကီးအသင္းအထိ ေျခစြမ္းျပကာ ထြန္းေတာက္လာခဲ့သူ ဒါးေလာ့ဟာ ၂၀၁၈ခုႏွစ္မွာေတာ့ ေပါင္၁၉သန္းျဖင့္ ယူႏိုက္တက္အသင္းထံ ေရာက္ရွိလာခဲ့သူ ျဖစ္ပါတယ္။
ယူႏိုက္တက္အတြက္ ၎ဟာ ၃၅ပြဲ ကစားခဲ့ၿပီး ၁ဂိုးသြင္းယူထားပါတယ္ ဒါေပမဲ့ လာမယ့္ရာသီ နည္းျပဆိုးလ္ရွားရဲ႕ ဘယ္အစိတ္အပိုင္းမွာ ပါမလဲဆိုတာေတာ့ ေစာင့္ဆိုင္းရဖြယ္ရွိပါတယ္။ ေပၚတူဂီ ယူ၂၁ကစားသမားဟာ အိုးထရက္ဖို႔ဒ္တြင္ သူရဲ႕ စာခ်ဳပ္က ၂ႏွစ္က်န္ေနပါတယ္။
Unicode
အေစီမီလန်အသင်းမှာ အငှားသွားကစားကာ ခြေစွမ်းပြနိုင်သော်လည်း ဒီယိုဂို ဒါးလော့က မန်ချက်စတာယူနိုက်တက်မှာ ရှိတဲ့ သူရဲ့ အနာဂတ်က မသေချာမှု ရှိနေကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
မီလန်အသင်း ဒုတိယနေရာ ရယူခဲ့ရာမှာ ဒါးလော့ဟာ အီတလီတွင် စီးရီးအေ၂၁ပွဲ ပါဝင်ကစားခဲ့ပြီး ယူနိုက်တက်နဲ့ရင်ဆိုင်တဲ့ ယူရိုပါလိဂ်ပွဲမှာလည်း ပါခဲ့ပါတယ်။
ဒါးလော့ဟာ ညာနောက်ခံ ရော ဘယ်နောက်ခံမှာပါ ကစားနိုင်ပြီး နည်းစနစ်ပိုင်းအရ တိုးတက်မှုတွေ ရှိထားခဲ့ပါတယ်။
ဒါပေမဲ့ လာမယ့်နှစ် ဘယ်နေရာမှာ ကစားရမလဲဆိုတာ မသေချာကြောင်း အသက်၂၂နှစ်သားက ထုတ်ဖော်ပြောကြားပါတယ်။
“ကျွန်တော်ကတော့ ပိုပြီး ယှဉ်ပြိုင်မှုရှိတာကို သဘောကျပါတယ် အီတလီသားတွေက ဘောလုံးကို ချစ်တယ် သူတို့အမြဲ ဒါကို ပြောကြတယ် ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတဲ့အတွက် သိပ်ကောင်းပါတယ် ကွင်းထဲမှာတော့ နည်းစနစ်ပိုင်းအရ ကျွန်တော် အများကြီး တိုးတက်လာတယ်လို့ခံစားရတယ်။
ဒီမှာ ကျွန်တော် ခံစစ်ပိုင်း ရူထောင့်အမြင်တွေ တော်တော်များများ လေ့လာခဲ့ရတယ် ဒီလို အရည်အသွေးပိုင်းတွေမှာ တိုးတက်လာတဲ့အတွက် ကောင်းမွန်မှု ရှိပါတယ်။
ဖိအားပေးကစားခြင်းနှင့် ဘောလုံးကို တတ်နိုင်သမျှ ကာဗာလုပ်ပေးရတဲ့ အရာတွေကိုလည်း သင်ယူရပါတယ် သိပ်ကို အသုံးဝင်ပါတယ် ကျွန်တော့်အတွက် အံ့သြစရာကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်ပြီး စိတ်ထား ကောင်းတဲ့လူတွေနဲ့ တွေ့ခွင့်ရခဲ့တယ် လို့ပြောချင်ပါတယ်။ မီလန်အတွက် ကစားပေးရတာ ဝမ်းသာမိပြီး အခုကတော့ ယူရိုအတွက် ကျွန်တော်စဉ်းစားနေပါတယ် ဒါပြီးရင်တော့ ကျွန်တော်အနာဂတ်နဲ့ပက်သက်ပြီး ဘာတွေ ဖြစ်လာမလဲ တကယ်မသိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
ပေါ်တိုအသင်းကနေ အဆင့်ဆင့် လူငယ်အသင်းကနေ လူကြီးအသင်းအထိ ခြေစွမ်းပြကာ ထွန်းတောက်လာခဲ့သူ ဒါးလော့ဟာ ၂၀၁၈ခုနှစ်မှာတော့ ပေါင်၁၉သန်းဖြင့် ယူနိုက်တက်အသင်းထံ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။
ယူနိုက်တက်အတွက် ၎င်းဟာ ၃၅ပွဲ ကစားခဲ့ပြီး ၁ဂိုးသွင်းယူထားပါတယ် ဒါပေမဲ့ လာမယ့်ရာသီ နည်းပြဆိုးလ်ရှားရဲ့ ဘယ်အစိတ်အပိုင်းမှာ ပါမလဲဆိုတာတော့ စောင့်ဆိုင်းရဖွယ်ရှိပါတယ်။ ပေါ်တူဂီ ယူ၂၁ကစားသမားဟာ အိုးထရက်ဖို့ဒ်တွင် သူရဲ့ စာချုပ်က ၂နှစ်ကျန်နေပါတယ်။