ရြက္ပုန္းသီး ေျခစြမ္းထက္ ကြင္းလယ္ ကစားသမားေလးကို အာဆင္နယ္ ေခၚဖို႔ လက္တို႔လိုက္တဲ့ အြန္နရီ

အာဆင္နယ္ ဂႏၲဝင္ တိုက္စစ္မႉးႀကီး သီယာရီ အြန္နရီ ကေတာ့ ရြက္ပုန္းသီး ေျခစြမ္းေကာင္း အန္ဒါလက္ခ်္ ကြင္းလယ္လူ အဲလ္ဘတ္ဆမ္ဘီ လိုကြန္ဂါကို ေခၚယူဖို႔အတြက္ သူ႔ရဲ႕အသင္းေဟာင္း အာဆင္နယ္ကို တိုက္တြန္းခဲ့ပါတယ္။

တကယ္လို႔ အာဆင္နယ္ကသာ ေခၚယူခ်င္တယ္ဆိုရင္ အေျပာင္းအေ႐ႊ႕အတြက္ သူ ကူညီေပးမယ္လို႔လည္း အြန္နရီက ေျပာဆိုခဲ့ပါတယ္။ ဒီတစ္ပတ္အေစာပိုင္းက ထြက္ေပၚခဲ့တဲ့ သတင္းေတြအရ အာဆင္နယ္ကလည္း အဆိုပါ ကြင္းလယ္ ခံစစ္ကစားသမားကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားလ်က္ရွိပါတယ္။

အန္ဒါလက္ခ်္ဘက္ကေတာ့ ၂၁ ႏွစ္အ႐ြယ္ ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ို ၁၅ သန္း (ေပါင္ ၁၃ သန္း) ကေန ယူ႐ိုသန္း ၂၀ (ေပါင္ ၁၇ သန္း) ၾကားသတ္မွတ္ထားပါတယ္။ လိုကြန္ဂါက ဘယ္လ္ဂ်ီယံဝါရင့္ ကြင္းလယ္လူ အက္စဲလ္ဝစ္ဆယ္နဲ႔ ႏႈိင္းယွဥ္ၿပီး ႏိုင္ငံအသင္းနည္းျပကိုယ္တိုင္က ခ်ီးက်ဴးခဲ့ရသူျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ကြင္းလယ္မွာ ဒန္နီဆီဘယ္ေလာ့စ္က ရီးရဲလ္မက္ဒရစ္ကိုျပန္သြားခဲ့သလို ဇာခါကလည္း ႐ိုးမားကို အၿပီးသတ္ ေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးစားေနပါတယ္။ အဲ့ဒါေၾကာင့္ ကြင္းလယ္မွာ စီနီယာကစားသမားအျဖစ္ ၂ ဦးသာ ရွိပါေတာ့တယ္။

ဒါေၾကာင့္ အာဆင္နယ္ ကလည္း ဒီေႏြရာသီအတြင္း ကြင္းလယ္ကစားသမား အေတာ္မ်ားမ်ားကို ခ်ိတ္ဆက္လ်က္ရွိပါတယ္။
ဗီးစ္ဘီဆူးမားနဲ႔ ဆန္ဒါဘာဂီတို႔ကေတာ့ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ပစ္မွတ္အတြက္ ထိပ္ဆုံးမွာ ရပ္တည္ေနပါတယ္။

အြန္နရီဟာ လက္ရွိမွာ ဘယ္လ္ဂ်ီယံလက္ေ႐ြးစင္အသင္းနည္းျပ ေရာ္ဘတ္တိုမာတီနက္ဇ္ရဲ႕ လက္ေထာက္နည္းျပအျဖစ္ တာဝန္ယူလ်က္ရွိၿပီး ၂၀၁၈ ကမာၻ႔ဖလားတုန္းက စပိန္သားနည္းျပႀကီးနဲ႔အတူ ဘယ္လ္ဂ်ီယံအသင္းကို အေကာင္းဆုံး ပံ့ပိုးေပးႏိုင္ခဲ့ပါတယ္။

Unicode

အာဆင်နယ် ဂန္တဝင် တိုက်စစ်မှူးကြီး သီယာရီ အွန်နရီ ကတော့ ရွက်ပုန်းသီး ခြေစွမ်းကောင်း အန်ဒါလက်ချ် ကွင်းလယ်လူ အဲလ်ဘတ်ဆမ်ဘီ လိုကွန်ဂါကို ခေါ်ယူဖို့အတွက် သူ့ရဲ့အသင်းဟောင်း အာဆင်နယ်ကို တိုက်တွန်းခဲ့ပါတယ်။

တကယ်လို့ အာဆင်နယ်ကသာ ခေါ်ယူချင်တယ်ဆိုရင် အပြောင်းအရွှေ့အတွက် သူ ကူညီပေးမယ်လို့လည်း အွန်နရီက ပြောဆိုခဲ့ပါတယ်။ ဒီတစ်ပတ်အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အာဆင်နယ်ကလည်း အဆိုပါ ကွင်းလယ် ခံစစ်ကစားသမားကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလျက်ရှိပါတယ်။

အန်ဒါလက်ချ်ဘက်ကတော့ ၂၁ နှစ်အရွယ် ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၁၅ သန်း (ပေါင် ၁၃ သန်း) ကနေ ယူရိုသန်း ၂၀ (ပေါင် ၁၇ သန်း) ကြားသတ်မှတ်ထားပါတယ်။ လိုကွန်ဂါက ဘယ်လ်ဂျီယံဝါရင့် ကွင်းလယ်လူ အက်စဲလ်ဝစ်ဆယ်နဲ့ နှိုင်းယှဉ်ပြီး နိုင်ငံအသင်းနည်းပြကိုယ်တိုင်က ချီးကျူးခဲ့ရသူဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ကွင်းလယ်မှာ ဒန်နီဆီဘယ်လော့စ်က ရီးရဲလ်မက်ဒရစ်ကိုပြန်သွားခဲ့သလို ဇာခါကလည်း ရိုးမားကို အပြီးသတ် ပြောင်းရွှေ့ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒါကြောင့် ကွင်းလယ်မှာ စီနီယာကစားသမားအဖြစ် ၂ ဦးသာ ရှိပါတော့တယ်။

ဒါကြောင့် အာဆင်နယ် ကလည်း ဒီနွေရာသီအတွင်း ကွင်းလယ်ကစားသမား အတော်များများကို ချိတ်ဆက်လျက်ရှိပါတယ်။
ဗီးစ်ဘီဆူးမားနဲ့ ဆန်ဒါဘာဂီတို့ကတော့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ပစ်မှတ်အတွက် ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။

အွန်နရီဟာ လက်ရှိမှာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်ရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူလျက်ရှိပြီး ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက စပိန်သားနည်းပြကြီးနဲ့အတူ ဘယ်လ်ဂျီယံအသင်းကို အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။