အငွား ကြင္းလယ္သမားေတြ ျပန္လႊတ္ရျပီးေနာက္ ၀ုဗ္ၾကယ္ပြင့္ ကစားသမားကို အာဆင္နယ္ ခ်ိတ္ဆက္ေန

အာဆင္နယ္အသင္းဟာ အငွား ေခၚထားခဲ့တဲ့ ကြင္းလယ္ကစားသမား ဒန္နီ စီဘယ္ေလာ့စ္ႏွင့္ မာတင္ အိုဒီဂတ္တို႔ကို လက္လြတ္ခဲ့ရၿပီးေနာက္ ေပါင္၃၄သန္းတန္ တန္ေၾကးရွိတဲ့ ဝုဗ္ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ကို ခ်ဥ္းကပ္ေနေၾကာင္း သိရသည္။

ျပီးခဲ့တဲ့ ရသာီက အာဆင္နယ္မွာ အငွားကစားၿပီးေနာက္ စီဘယ္ေလာ့စ္ႏွင့္ အိုဒီဂတ္တို႔ဟာ မိခင္ကလပ္ ရီးရဲလ္အသင္းထံ ျပန္လည္ေရာက္ရွိသြားခဲ့ၿပီး ယမန္ႏွစ္က အငွားခ်ထားတဲ့ လူးကပ္စ္ ေတာ္ရဲယားႏွင့္ ဂမ္ဒိုဇီတို႔ကိုလည္း အသင္းက ေရာင္းခ်သြားရန္ ရွိေနပါတယ္။

အဂၤလန္ သတင္းေတြ အဆိုအရေတာ့ ဂန္းနားမန္ေနဂ်ာ အာတီတာဟာ ကြင္းလယ္ပိုင္း အားျဖည့္ရန္ နီဗက္စ္ကို မ်က္စိက်ေနၿပီး အသင္းကေန ထြက္ခြာဖို႔ေတာင္းဆိုထားတဲ့ ဘ႐ိုက္တန္ကြင္းလယ္လူ ဘစ္ဆိုမာကိုလည္း ဆက္လက္ စိတ္ဝင္စားလ်က္ ရွိေနပါတယ္။

အသက္၂၄ႏွစ္အ႐ြယ္ နီဗက္စ္ဟာ ဝုဗ္အသင္း ခ်န္ပီယံရွစ္တြင္ ရွိစဥ္ ဂ်ဴလိုင္လ ၂၀၁၇မွာ ေပါင္၁၅သန္းျဖင့္ ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၁၇၆ပြဲကစား ၄ရာသီၾကာ ျဖတ္သန္းထားကာ ဂိုး၂၀ သြင္းယူေပးထားပါတယ္။

ေပၚတူဂီ ကြင္းလယ္ဖန္တီးရွင္ဟာ ပရီးမီးယားလိဂ္တြင္ သူရဲ႕ တိက်တဲ့ အေဝးေဘာ၊ တိက်တဲ့ ေဘာလုံးထိန္းသိမ္းဟန္၊ ေပါက္ကြဲအားေကာင္းတဲ့ ကစားဟန္ေတြေၾကာင့္ အသင္းႀကီးတစ္ခ်ိဳ႕က ၎ကို ေခၚယူရန္ မ်က္စိက်ေနၾကပါတယ္။ အဲဒီ အသင္းေတြထဲမွာ အာဆင္နယ္ပါဝင္လာခဲ့ၿပီး အက္သလက္တီကိုကေန ေပါင္၄၅သန္းျဖင့္ ေခၚယူထားတဲ့ ေသာမတ္စ္ ပါေတးနဲ႔ တြဲဖက္ရန္ နည္းျပအာတီတာ ရည္႐ြယ္ထားပုံ ရပါတယ္။

ဝုဗ္နဲ႔ နီဗက္စ္ဟာ ၂၀၂၄ခုႏွစ္ ေႏြရာသီကာလအထိ စာခ်ဳပ္က်န္ေနေသးတာေၾကာင့္ အာဆင္နယ္အေနနဲ႔ ေပါင္ သန္း၃၀ နဲ႕ အထက္ကို ေပးကာ ေခၚယူရဖြယ္ ရွိပါတယ္။

Unicode

အာဆင်နယ်အသင်းဟာ အငှား ခေါ်ထားခဲ့တဲ့ ကွင်းလယ်ကစားသမား ဒန်နီ စီဘယ်လော့စ်နှင့် မာတင် အိုဒီဂတ်တို့ကို လက်လွတ်ခဲ့ရပြီးနောက် ပေါင်၃၄သန်းတန် တန်ကြေးရှိတဲ့ ဝုဗ်ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ချဉ်းကပ်နေကြောင်း သိရသည်။

ပြီးခဲ့တဲ့ ရသာီက အာဆင်နယ်မှာ အငှားကစားပြီးနောက် စီဘယ်လော့စ်နှင့် အိုဒီဂတ်တို့ဟာ မိခင်ကလပ် ရီးရဲလ်အသင်းထံ ပြန်လည်ရောက်ရှိသွားခဲ့ပြီး ယမန်နှစ်က အငှားချထားတဲ့ လူးကပ်စ် တော်ရဲယားနှင့် ဂမ်ဒိုဇီတို့ကိုလည်း အသင်းက ရောင်းချသွားရန် ရှိနေပါတယ်။

အင်္ဂလန် သတင်းတွေ အဆိုအရတော့ ဂန်းနားမန်နေဂျာ အာတီတာဟာ ကွင်းလယ်ပိုင်း အားဖြည့်ရန် နီဗက်စ်ကို မျက်စိကျနေပြီး အသင်းကနေ ထွက်ခွာဖို့တောင်းဆိုထားတဲ့ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကိုလည်း ဆက်လက် စိတ်ဝင်စားလျက် ရှိနေပါတယ်။

အသက်၂၄နှစ်အရွယ် နီဗက်စ်ဟာ ဝုဗ်အသင်း ချန်ပီယံရှစ်တွင် ရှိစဉ် ဂျူလိုင်လ ၂၀၁၇မှာ ပေါင်၁၅သန်းဖြင့် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ ၁၇၆ပွဲကစား ၄ရာသီကြာ ဖြတ်သန်းထားကာ ဂိုး၂၀ သွင်းယူပေးထားပါတယ်။

ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင်ဟာ ပရီးမီးယားလိဂ်တွင် သူရဲ့ တိကျတဲ့ အဝေးဘော၊ တိကျတဲ့ ဘောလုံးထိန်းသိမ်းဟန်၊ ပေါက်ကွဲအားကောင်းတဲ့ ကစားဟန်တွေကြောင့် အသင်းကြီးတစ်ချို့က ၎င်းကို ခေါ်ယူရန် မျက်စိကျနေကြပါတယ်။ အဲဒီ အသင်းတွေထဲမှာ အာဆင်နယ်ပါဝင်လာခဲ့ပြီး အက်သလက်တီကိုကနေ ပေါင်၄၅သန်းဖြင့် ခေါ်ယူထားတဲ့ သောမတ်စ် ပါတေးနဲ့ တွဲဖက်ရန် နည်းပြအာတီတာ ရည်ရွယ်ထားပုံ ရပါတယ်။

ဝုဗ်နဲ့ နီဗက်စ်ဟာ ၂၀၂၄ခုနှစ် နွေရာသီကာလအထိ စာချုပ်ကျန်နေသေးတာကြောင့် အာဆင်နယ်အနေနဲ့ ပေါင် သန်း၃၀ နဲ့ အထက်ကို ပေးကာ ခေါ်ယူရဖွယ် ရှိပါတယ်။