အာဆင္နယ္ ပစ္မွတ္ ႐ူဘင္ နီဗက္စ္ အတြက္ ေစ်းသတ္မွတ္ေပးလိုက္တဲ့ ဝုဗ္ အသင္း
အာဆင္နယ္အသင္းဟာ ကြင္းလယ္ ကစားသမား ဇာခါကို လက္လႊတ္ရဖြယ္ ရွိေနတာေၾကာင့္ အစားထိုးဖို႔ ဝုဗ္ ကြင္းလယ္လူ ႐ူဘင္ နီဗက္စ္ကို ေခၚယူလိုေနပါတယ္။
အသက္ ၂၄ႏွစ္အ႐ြယ္ နီဗက္စ္ဟာ ေပၚတိုကေန လြန္ခဲ့တဲ့ ၄ႏွစ္က ေရာက္လာတာျဖစ္ၿပီး ဝုဗ္နဲ႔အတူ ခ်န္ပီယံရွစ္ကေန တန္းတက္လာခဲ့ပါတယ္။ နည္းျပ ႏူႏို ဆန္တို အသင္းက ထြက္သြားတာေၾကာင့္ ေပၚတူဂီသားေတြရဲ႕ အနာဂတ္က ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့ၿပီး နီဗက္စ္က ယခုအခ်ိန္ဟာ အသင္း ထြက္ခြာဖို႔ အခ်ိန္ေကာင္းျဖစ္တယ္လို႔ ထင္ျမင္ေနပါတယ္။
ဒါေပမယ့္ ၀ုဗ္ အသင္းက နီဗက္စ္ အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၅ သန္းေလာက္ ရလိုေနျပီး ဂန္းနားေတြ အေနနဲ႕ အဲဒီ ပမာဏ ၀န္းက်င္ ကမ္းလွမ္းမွသာ လက္ခံစဥ္းစားဖြယ္ ရွိေနပါတယ္။
ကစားသမား ဘက္ကလည္း အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လိုေၾကာင္း အသင္းေဖာ္ေတြကို ေျပာထားၿပီးၿပီလို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
အာဆင္နယ္အသင္းဟာ ေနာဝစ္ခ်္ကြင္းလယ္လူ ဘြန္ဒီယာကိုလည္း ေဈးေလ်ာ့ေပးခဲ့တာေၾကာင့္ ဗီလာထံ လက္လႊတ္ခဲ့ရၿပီး နီဗက္စ္ အတြက္ အေျပာင္းအေရႊ႕ ျဖစ္ဖို႔ဆို ၀ုဗ္ ေတာင္းတဲ့ေဈး အတိုင္း ေပးဖို႔ လိုေနပါတယ္။
Unicode
အာဆင်နယ်အသင်းဟာ ကွင်းလယ် ကစားသမား ဇာခါကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် အစားထိုးဖို့ ဝုဗ် ကွင်းလယ်လူ ရူဘင် နီဗက်စ်ကို ခေါ်ယူလိုနေပါတယ်။
အသက် ၂၄နှစ်အရွယ် နီဗက်စ်ဟာ ပေါ်တိုကနေ လွန်ခဲ့တဲ့ ၄နှစ်က ရောက်လာတာဖြစ်ပြီး ဝုဗ်နဲ့အတူ ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့ပါတယ်။ နည်းပြ နူနို ဆန်တို အသင်းက ထွက်သွားတာကြောင့် ပေါ်တူဂီသားတွေရဲ့ အနာဂတ်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပြီး နီဗက်စ်က ယခုအချိန်ဟာ အသင်း ထွက်ခွာဖို့ အချိန်ကောင်းဖြစ်တယ်လို့ ထင်မြင်နေပါတယ်။
ဒါပေမယ့် ဝုဗ် အသင်းက နီဗက်စ် အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းလောက် ရလိုနေပြီး ဂန်းနားတွေ အနေနဲ့ အဲဒီ ပမာဏ ဝန်းကျင် ကမ်းလှမ်းမှသာ လက်ခံစဉ်းစားဖွယ် ရှိနေပါတယ်။
ကစားသမား ဘက်ကလည်း အာဆင်နယ်ကို ပြောင်းရွှေ့လိုကြောင်း အသင်းဖော်တွေကို ပြောထားပြီးပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အာဆင်နယ်အသင်းဟာ နောဝစ်ချ်ကွင်းလယ်လူ ဘွန်ဒီယာကိုလည်း ဈေးလျော့ပေးခဲ့တာကြောင့် ဗီလာထံ လက်လွှတ်ခဲ့ရပြီး နီဗက်စ် အတွက် အပြောင်းအရွှေ့ ဖြစ်ဖို့ဆို ဝုဗ် တောင်းတဲ့ဈေး အတိုင်း ပေးဖို့ လိုနေပါတယ်။