ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ခံစစ်မှူး ဗာရိန်း အတွက် ရီးရဲလ်မက်ဒရစ် တန်ကြေး သတ်မှတ်

ရီးရဲလ်မက်ဒရစ် အသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ သူတို့အသင်းရဲ့ ပြင်သစ် နောက်ခံလူ ဗာရိန်းအတွက် ပြောင်းရွှေ့ကြေးကို သတ်မှတ်ခဲ့ကြောင်း စပိန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ် ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရိန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် အသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေကာ မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့ကို ခေါ်ယူဖို့ အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။

ဗာရိန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းမှာ ဆယ်စုနှစ် တခုကြာအောင် ကစားခဲ့တဲ့ ကစားသမား တဦး ဖြစ်ပြီး လက်ရှိ သူ့ရဲ့ စာချုပ်ကတော့ လာမယ့် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတာ ဖြစ်ပြီး ဗာရိန်းကတော့ ရီးရဲလ်မက်ဒရစ် အသင်းက သူ့ကို ကမ်းလှမ်းထားတဲ့ ၃နှစ်သက်တမ်းသာ ရှိတဲ့ စာချုပ်ကို သဘောမကျကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အသင်းဟာ လက်ရှိမှာ ဗာရိန်းရဲ့ အဖြေကို စောင့်မျှော်နေပြီး အကယ်၍ ဗာရိန်းကသာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့ရင် ဗာရန်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရိန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀ သန်း ဝန်းကျင်သာ သုံးစွဲချင်နေတာကြောင့် အကယ်၍ ဗာရန်းကသာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါက ဗာရန်းရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၄၅သန်း ဝန်းကျင် ရှိနိုင်ပါတယ်။

Zawgyi

ရီးရဲလ္မက္ဒရစ္ အသင္းဟာ ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ သူတို႔အသင္းရဲ႕ ျပင္သစ္ ေနာက္ခံလူ ဗာရိန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို သတ္မွတ္ခဲ့ေၾကာင္း စပိန္အေျခစိုက္ နာမည္ႀကီး သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရိန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့တဲ့ ကစားသမား တဦး ျဖစ္တာေၾကာင့္ အသင္းနဲ႔ အနာဂတ္ မေရမရာ ျဖစ္ေနကာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းက သူ႔ကို ေခၚယူဖို႔ အနီးကပ္ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။

ဗာရိန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းမွာ ဆယ္စုႏွစ္ တခုၾကာေအာင္ ကစားခဲ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး လက္ရွိ သူ႔ရဲ႕ စာခ်ဳပ္ကေတာ့ လာမယ့္ ေဘာလုံးရာသီ အကုန္မွာ ကုန္ဆုံးမွာပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ ရီးရဲလ္မက္ဒရစ္ အသင္းဟာ ဗာရန္းကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနတာ ျဖစ္ၿပီး ဗာရိန္းကေတာ့ ရီးရဲလ္မက္ဒရစ္ အသင္းက သူ႔ကို ကမ္းလွမ္းထားတဲ့ ၃ႏွစ္သက္တမ္းသာ ရွိတဲ့ စာခ်ဳပ္ကို သေဘာမက်ေၾကာင္း ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားပါတယ္။

စပိန္နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ Marca သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္ အသင္းဟာ လက္ရွိမွာ ဗာရိန္းရဲ႕ အေျဖကို ေစာင့္ေမွ်ာ္ေနၿပီး အကယ္၍ ဗာရိန္းကသာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ျငင္းဆန္ခဲ့ရင္ ဗာရန္းကို ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာပဲ ေရာင္းထုတ္ဖို႔ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။

မန္ခ်က္စတာ ညေနခင္း သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဗာရိန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၄၀ သန္း ဝန္းက်င္သာ သုံးစြဲခ်င္ေနတာေၾကာင့္ အကယ္၍ ဗာရန္းကသာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူခဲ့ပါက ဗာရန္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ ယူ႐ို ၄၅သန္း ဝန္းက်င္ ရွိႏိုင္ပါတယ္။