မန်ချက်စတာ ယူနိုက်တက်မှာ ရာထူးကျပြီး ဟန်ဒါဆန် နောက် အရန်ဂိုးသမား ဖြစ်လာတဲ့ ဒီဂီယာ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စပိန် လက်ရွေးစင် ဂိုးသမားဖြစ်သူ ဒေးဗစ် ဒီဂီယာဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲ ပြီးတဲ့နောက်မှာ အသင်းရဲ့ ပထမ ဦးစားပေး ဂိုးသမား အဖြစ် ကနေ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ် ပြောင်းလဲ သတ်မှတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဗီလာရီးရဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာ ဒီဂီယာက တဖက်အသင်း ကန်သွင်းတဲ့ ပင်နယ်တီ ၁၁လုံးကို ပုတ်ထုတ်နိုင်ခြင်း မရှိသလို သူ ကန်သွင်းရတဲ့ ပင်နယ်တီကိုလည်း ဝင်အောင် ကန်သွင်းနိုင်ခြင်း မရှိတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဆယ်စုနှစ် တစုနီးပါး ကြာအောင် ကစားခဲ့သူ ဖြစ်သလို ကမ္ဘာ့ထိပ်တန်း ဂိုးသမား တဦး အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် နောက်ဆုံး ၃နှစ် အတွင်းမှာ သူ့ရဲ့ လက်စွမ်းဟာ ယခင်ကလောက် တည်ငြိမ်မှု မရှိတော့သလို အမှားအယွင်းတွေကိုလည်း မကြာခဏ ဆိုသလို ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဒီဂီယာဟာ စပိန်လက်ရွေးစင် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှတ် ဆုံးရှုံးခဲ့ရသလို ယခုတခါမှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဂုဏ်ပုဒ်ကို အသင်းရဲ့ လူငယ် ဂိုးသမားဖြစ်သူ ဟန်ဒါဆန်ထံ လွှဲပြောင်းလိုက်ရပြီ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြသွားပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ ယူရိုပါလိဂ်ဖိုင်နယ် အပြီးမှာ ဒီဂီယာနဲ့ နှစ်ဦးထဲ တွေ့ဆုံ ဆွေးနွေးမှုကို ပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးမှုမှာ ဆိုးလ်ရှားက ဒီဂီယာအနေနဲ့ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်လက် ရှိနေဖို့ မမျှော်လင့်ထားသင့်ကြောင်း ပြောကြားခဲ့တယ် လို့ သိရပါတယ်။

စပိန်အခြေစိုက် သတင်းဌာနတွေ ကတော့ ဒီဂီယာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ဒုတိယ ဦးစားပေး ဂိုးသမား အဖြစ်သာ ကစားခွင့် ရမယ် ဆိုရင် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာပဲ ယူနိုက်တက်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေကြောင်းနဲ့ အီတလီ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းဟာ ဒီဂီယာကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း ဖော်ပြထားကြပါတယ်။

Zawgyi

မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ စပိန္ လက္ေ႐ြးစင္ ဂိုးသမားျဖစ္သူ ေဒးဗစ္ ဒီဂီယာဟာ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲ ျပီးတဲ့ေနာက္မွာ အသင္းရဲ႕ ပထမ ဦးစားေပး ဂိုးသမား အျဖစ္ ကေန ဒုတိယ ဦးစားေပး ဂိုးသမား အျဖစ္ ေျပာင္းလဲ သတ္မွတ္ခံခဲ့ရေၾကာင္း သိရပါတယ္။

ဗီလာရီးရဲလ္အသင္းနဲ႔ ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ဖိုင္နယ္မွာ ဒီဂီယာက တဖက္အသင္း ကန္သြင္းတဲ့ ပင္နယ္တီ ၁၁လုံးကို ပုတ္ထုတ္ႏိုင္ျခင္း မရွိသလို သူ ကန္သြင္းရတဲ့ ပင္နယ္တီကိုလည္း ဝင္ေအာင္ ကန္သြင္းႏိုင္ျခင္း မရွိတာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ဒုတိယေနရာနဲ႔သာ ေက်နပ္ခဲ့ရပါတယ္။

ဒီဂီယာဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ ဆယ္စုႏွစ္ တစုနီးပါး ၾကာေအာင္ ကစားခဲ့သူ ျဖစ္သလို ကမာၻ႔ထိပ္တန္း ဂိုးသမား တဦး အျဖစ္ ရပ္တည္ႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံး ၃ႏွစ္ အတြင္းမွာ သူ႔ရဲ႕ လက္စြမ္းဟာ ယခင္ကေလာက္ တည္ၿငိမ္မႈ မရွိေတာ့သလို အမွားအယြင္းေတြကိုလည္း မၾကာခဏ ဆိုသလို ျပဳလုပ္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ဒီဂီယာဟာ စပိန္လက္ေ႐ြးစင္ အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ဆိုတဲ့ ဂုဏ္ပုဒ္ကို လက္လႊတ္ ဆုံးရႈံးခဲ့ရသလို ယခုတခါမွာလည္း မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ဂုဏ္ပုဒ္ကို အသင္းရဲ႕ လူငယ္ ဂိုးသမားျဖစ္သူ ဟန္ဒါဆန္ထံ လႊဲေျပာင္းလိုက္ရၿပီ ျဖစ္ေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပသြားပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ နည္းျပျဖစ္သူ အိုေလဂန္နာ ဆိုးလ္ရွားဟာ ယူ႐ိုပါလိဂ္ဖိုင္နယ္ အၿပီးမွာ ဒီဂီယာနဲ႔ ႏွစ္ဦးထဲ ေတြ႕ဆုံ ေဆြးေႏြးမႈကို ျပဳလုပ္ခဲ့ၿပီး အဆိုပါ ေတြ႕ဆုံေဆြးေႏြးမႈမွာ ဆိုးလ္ရွားက ဒီဂီယာအေနနဲ႔ လာမယ့္ ေဘာလုံးရာသီမွာ အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား အျဖစ္ ဆက္လက္ ရွိေနဖို႔ မေမွ်ာ္လင့္ထားသင့္ေၾကာင္း ေျပာၾကားခဲ့တယ္ လို႔ သိရပါတယ္။

စပိန္အေျခစိုက္ သတင္းဌာနေတြ ကေတာ့ ဒီဂီယာဟာ မန္ခ်က္စတာ ယူႏိုက္တက္အသင္းမွာ ဒုတိယ ဦးစားေပး ဂိုးသမား အျဖစ္သာ ကစားခြင့္ ရမယ္ ဆိုရင္ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာပဲ ယူႏိုက္တက္အသင္း ကေန ထြက္ခြာဖို႔ စဥ္းစားေနေၾကာင္းနဲ႔ အီတလီ အင္အားႀကီးအသင္း ျဖစ္တဲ့ ဂ်ဴဗင္တပ္အသင္းဟာ ဒီဂီယာကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနေၾကာင္း ေဖာ္ျပထားၾကပါတယ္။