လာကာဇက်နေရာ အစားထိုးဖို့ ယူရို သန်း ၄၀ တန် တိုက်စစ်မှူးကို ချိတ်ဆက်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ယူရို သန်း ၄၀ တန် ဖရန့်ဖတ်တိုက်စစ်မှူး အန်ဒရီ ဆေးလ်ဗားကို ခေါ်ယူဖို့အတွက် ပြောဆို ဆွေးနွေးမှုတွေ စတင်ထားတယ်လို့ သိရပါတယ်။ ဂန်းနားတွေက ဒီနွေမှာ တိုက်စစ်ကို အင်အားဖြည့်တင်းချင်နေတာဖြစ်ပြီး တိုက်စစ်မှူးသစ် ခေါ်ယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။

နောက်ဆုံး သတင်းအရ အာဆင်နယ်ဟာ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ဆေးလ်ဗားကို အရခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိကြောင်း ပြသထားပြီး ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးကို အမ်းမရိတ်စ်ကို ခေါ်ယူဖို့အတွက် လုပ်ဆောင်မှုတွေ စတင်နေခဲ့ပြီလို့ သိရပါတယ်။

ဒါပေမယ့် အပြီးသတ်မခေါ်ယူမီ ကစားသမားရောင်းချဖို့ လိုအပ်နေတယ်လို့ အာဆင်နယ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဖရန့်ဖတ်တိုက်စစ်မှူးကို ခေါ်ဖို့ အသင်း လက်ရှိ ကစားသမားထဲက ရောင်းချဖို့လည်း လိုနေတဲ့ အာဆင်နယ်ဟာ လက်ရှိမှာ လာကာဇက်ကို ရောင်းထုတ်ဖို့ ကြိုးပမ်းနေပေမယ့် အသက် ၃၀ အရွယ်တိုက်စစ်မှူးရဲ့ တစ်ပတ် လုပ်ခလစာ ပေါင် ၂ သိန်းဝန်းကျင်ကြောင့် ခက်ခဲနေပါတယ်။

ဖရန့်ဖတ်အသင်းက အန်ဒရီ ဆေးလ်ဗားအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၄၀ သတ်မှတ်ထားပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်အနေနဲ့ အဲဒီထက် နည်းပါးတဲ့ပမာဏနဲ့ဆိုရင်လည်း လက်ခံရလိမ့်မယ်လို့ မျှော်မှန်းရပါတယ်။

ဆေးလ်ဗားဟာ ယခုရာသီ ဖရန့်ဖတ်အသင်းအတွက် အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

Zawgyi

အာဆင္နယ္အသင္းဟာ ယူရို သန္း ၄၀ တန္ ဖရန္႔ဖတ္တိုက္စစ္မႉး အန္ဒရီ ေဆးလ္ဗားကို ေခၚယူဖို႔အတြက္ ေျပာဆို ေဆြးေႏြးမႈေတြ စတင္ထားတယ္လို႔ သိရပါတယ္။ ဂန္းနားေတြက ဒီေႏြမွာ တိုက္စစ္ကို အင္အားျဖည့္တင္းခ်င္ေနတာျဖစ္ၿပီး တိုက္စစ္မႉးသစ္ ေခၚယူဖို႔အတြက္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

ေနာက္ဆံုး သတင္းအရ အာဆင္နယ္ဟာ အေျပာင္းအေ႐ႊ႕ေစ်းကြက္ မပိတ္မီ ေဆးလ္ဗားကို အရေခၚယူဖို႔ စိတ္ဝင္စားမႈ ရွိေၾကာင္း ျပသထားျပီး ေပၚတူဂီလက္ေ႐ြးစင္တိုက္စစ္မႉးကို အမ္းမရိတ္စ္ကို ေခၚယူဖို႔အတြက္ လုပ္ေဆာင္မႈေတြ စတင္ေနခဲ့ၿပီလို႔ သိရပါတယ္။

ဒါေပမယ့္ အၿပီးသတ္မေခၚယူမီ ကစားသမားေရာင္းခ်ဖို႔ လိုအပ္ေနတယ္လို႔ အာဆင္နယ္က ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ဖရန္႔ဖတ္တိုက္စစ္မႉးကို ေခၚဖို႔ အသင္း လက္ရွိ ကစားသမားထဲက ေရာင္းခ်ဖို႔လည္း လိုေနတဲ့ အာဆင္နယ္ဟာ လက္ရွိမွာ လာကာဇက္ကို ေရာင္းထုတ္ဖို႔ ႀကိဳးပမ္းေနေပမယ့္ အသက္ ၃၀ အ႐ြယ္တိုက္စစ္မႉးရဲ႕ တစ္ပတ္ လုပ္ခလစာ ေပါင္ ၂ သိန္းဝန္းက်င္ေၾကာင့္ ခက္ခဲေနပါတယ္။

ဖရန႔္ဖတ္အသင္းက အန္ဒရီ ေဆးလ္ဗားအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ိုသန္း ၄၀ သတ္မွတ္ထားေပမယ့္ ဘြန္ဒက္စ္လီဂါ ကလပ္အေနနဲ႔ အဲဒီထက္ နည္းပါးတဲ့ပမာဏနဲ႔ဆိုရင္လည္း လက္ခံရလိမ့္မယ္လို႔ ေမွ်ာ္မွန္းရပါတယ္။

ေဆးလ္ဗားဟာ ယခုရာသီ ဖရန႔္ဖတ္အသင္းအတြက္ အထင္ႀကီးဖြယ္ ေျခစြမ္းျပသႏိုင္ခဲ့သူျဖစ္ၿပီး ဘြန္ဒက္စ္လီဂါ ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္တိုက္စစ္မႉး လီဝန္ေဒါစကီးရဲ႕ေနာက္ ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။