ဒီနွေမှာ ရောင်းထုတ်ခံရဖို့ နီးစပ်နေပြီ ဖြစ်တဲ့ မန်စီးတီးတိုက်စစ် စတာလင်နဲ့ မာရက်ဇ်
မန်စီးတီးအသင်းကသာ အက်စတွန်ဗီလာ အသင်းက ဂရီးလစ်ချ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါက အသင်းမှာပိုနေတဲ့ စတာလင် နှင့် မာရက်ဇ်တို့က ရောင်းချခံရနိုင်ပါတယ်။
အသက် ၂၅ နှစ် အရွယ် အက်စတွန်ဗီလာ အသင်းခေါင်း ဆောင်ကို မန်စီးတီးက စံချိန်တင်ပြောင်းရွေ့ကြေးဖြင့်ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဒီရက်ပိုင်း သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။ ဂရီးလစ်ချ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ၅နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး အောက်တိုဘာလ ဗီလာနှင့် ကစားခဲ့တဲ့ပွဲအပြီးနောက်မှာတော့ အင်္ဂလန်သားကို ချီးကျူးခဲ့တာဖြစ်ပါတယ်။
မန်စီးတီးက ပေါင်သန်း ၁၀၀ ဖြင့်ကမ်းလှမ်းမှာဖြစ်ပြီး ၂၀၁၆ခုနှစ်တုန်းက ပေါ့ဂ်ဘာကိုခေါ်ယူတုန်းက ယူနိုက်တက် ပေးချေခဲ့တဲ့ ပေါင် ၈၉ သန်းထက် များပြားနေတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ ဈေးအကြီးဆုံးကစားသမားဖြစ် လာမှာဖြစ်ပါတယ်။
မန်စီးတီးဟာ ဂရီးလစ်ချ်ကိုရရှိဖို့အတွက် သေချာအောင် လုပ်မှာဖြစ်ပြီး စတာလင်နှင့်မာရက်ဇ်တို့ကတော့ ရောင်းချ ခံရဖွယ်ရှိနေပါတယ်လို့ Daily Mail ကဖော်ပြထားပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ လက်အောက် မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားရရှိခဲ့မှုနှင့် ချန်ပီယံလိဂ်ဖိုင်နယ်သို့ ရောက်ရှိခဲ့ရမှုတွင် ခြေစွမ်းပိုင်းအရ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။
မာရက်ဇ်ကတော့ ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပြီး ပွဲကြီးပွဲကောင်းတွေမှာ အကောင်းဆုံး ကစားနိုင်ခဲ့သော်လည်း အင်္ဂလန်သား ခေါ်ယူမှုတွင် အယ်လ်ဂျီးရီးယားနိုင်ငံသားက စတေးခံရနိုင်ပါတယ်။
အာဆင်နယ်ကတော့ မန်စီးတီးက ရောင်းထုတ်မယ့်ကစားသမားနှစ်ဦးစလုံးကို စိတ်ဝင်စားနေတာဖြစ်သော်လည်း နှစ်ဦးစလုံးကို ဝယ်ယူဖို့အတွက် ငွေကြေး လုံလောက်မလားဆိုတာကတော့ မသေချာသေးပါဘူး။
Zawgyi
မန်စီးတီးအသင်းကသာ အက်စတွန်ဗီလာ အသင်းက ဂရီးလစ်ခ်ျကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါက အသင်းမှာပိုနေတဲ့ စတာလင် နှင့် မာရက်ဇ်တို့က ရောင်းချခံရနိုင်ပါတယ်။