မန်ချက်စတာ ကလပ်တွေ စိတ်ဝင်စားနေတဲ့ ဂရီးလစ်ချ်ကို သက်တမ်းတိုးဖို့ အက်စတွန်ဗီလာ ကြိုးစားနေ
မန်ချက်စတာကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ ကွင်းလယ် ကစားသမား ဂျက် ဂရီးလစ်ချ်ကို ၁ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ပေးကာ ၁နှစ်စာချုပ်သက်တမ်း တိုးနိုင်မယ်လို့ အက်စတွန်ဗီလာအသင်းက ယုံကြည်နေကြောင်း သိရပါတယ်။
အသက် ၂၅နှစ် အရွယ် အင်္ဂလန်သားဟာ ယခုနှစ်နွေရာသီမှာ ဗီလာကနေ ထွက်ခွာဖို့ အကြီးအကျယ် ချိတ်ဆက်နေခဲ့ပြီး လက်ရှိမှာတော့ အင်္ဂလန်နဲ့အတူ ယူရိုပြိုင်ပွဲ ဆင်နွှဲနေခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က သတင်းတွေအရ မန်စီးတီးအသင်းဟာ နွေရာသီမှာ ဂရီးလစ်ချ်ကို ဗြိတိန်စံချိန်တင်ဈေး ပေါင် သန်း ၁၀၀ ပေးကာ ပေးကာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ Telegraph ရဲ့ ဖော်ပြချက်အရ ဗီလာဟာ သတိူု့ ကစားသမားကို ဆက်ထိန်းဖို့ အပြင်းအထန် ကြိုးစားနေပြီး ဂရီးလစ်ချ်ကို လစာတိုးပေးကာ ၁နှစ်သက်တမ်းတိုးလိုနေကြောင်း သိရပါတယ်။
ဂရီးလစ်ချ်ဟာ ဗီလာမှာ အသက်၆နှစ်ကတည်းက ကစားခဲ့တာဖြစ်ပြီး အသင်းကြီးမှာ ပွဲ၂၀၀ကျော် ကစားပေးခဲ့ကာ အသင်းခေါင်းဆောင်လည်း ဖြစ်လာခဲ့ပါတယ်။ ယမန်နှစ်ရာသီက ဗီလာမှာ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်လာခဲ့ပြီး ၆ ဂိုး သွင်းယူကာ ၁၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
ဗီလာအသင်းဟာ လာမယ့်ရာသီ အတွက် ကွင်းလယ်ကို အားဖြည့်တဲ့ အနေနဲ့ ဘွန်ဒီယာကို ပေါင် သန်း၄၀နဲ့ ခေါ်ယူ ထားခဲ့သလို အာဆင်နယ် ကွင်းလယ်လူ စမစ်ရိုကိုလည်း ချဉ်းကပ်နေပါတယ်။ ဂရီးလစ်ချ်ဟာ မန်စီးတီး ပြောင်းသွားမယ်ဆိုရင် အင်္ဂလန်အသင်းဖော် စတာလင်၊ ဟယ်ရီကိန်းတို့နဲ့ တွဲကစားရဖွယ် ရှိနေပါတယ်။
Zawgyi
မန်ချက်စတာကလပ်တွေ ဖြစ်တဲ့ မန်စီးတီးနဲ့ ယူနိုက်တက်တို့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ ကွင်းလယ် ကစားသမား ဂျက် ဂရီးလစ်ခ်ျကို ၁ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ပေးကာ ၁နှစ်စာချုပ်သက်တမ်း တိုးနိုင်မယ်လို့ အက်စတွန်ဗီလာအသင်းက ယုံကြည်နေကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က သတင်းတွေအရ မန်စီးတီးအသင်းဟာ နွေရာသီမှာ ဂရီးလစ်ခ်ျကို ဗြိတိန်စံချိန်တင်ဈေး ပေါင် သန်း ၁၀၀ ပေးကာ ပေးကာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမဲ့ Telegraph ရဲ့ ဖော်ပြချက်အရ ဗီလာဟာ သတို့ ကစားသမားကို ဆက်ထိန်းဖို့ အပြင်းအထန် ကြိုးစားနေပြီး ဂရီးလစ်ခ်ျကို လစာတိုးပေးကာ ၁နှစ်သက်တမ်းတိုးလိုနေကြောင်း သိရပါတယ်။