ယူနိုက်တက်ရဲ့ နာမည်ကျော် ကျောနံပါတ် ၇ ကို ဝတ်ဆင်ချင်လို့ ကာဗာနီ ထံ ဆန်ချို တောင်းဆို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ ဟာ ယူနိုက်တက်ရဲ့ သမိုင်းမှာ အောင်မြင်မှုတွေ အများအပြားရရှိထားတဲ့ နံပါတ်တစ်ခု ဖြစ်ပြီး ဂျော့ဘက်စ်၊ ဘရိုင်ယန်ရော့ဘ်ဆင်၊ အဲရစ်ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့လို ထိပ်တန်းကစားသမားတွေချည့် ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အိန်ဂျယ်ဒီမာရီယာ၊ အလက်စစ်ဆန်းချက်နဲ့ မမ်းဖစ်ဒီပေးတို့ကတော့ ယူနိုက်တက်မှာ နံပါတ် ၇ နဲ့ အောင်မြင်မှု မရရှိခဲ့ကြပါဘူး။ နံပါတ် ၇ ကိုဆက်ခံခဲ့တဲ့ ဒုတိယမျိုးဆက်ကတော့ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ခြင်း မရှိပဲ လက်ရှိ နံပါတ် ၇ ပိုင်ရှင် တိုက်စစ်မှူး အက်ဒီဆင်ကာဗာနီကတော့ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။

အခုတော့ ယူနိုက်တက်က ၂၀၂၁ နွေရာသီ အပြောင်းအရွှေ့ကာလအတွက် ဒေါ့မွန်က ဂျာဒန်ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် ဆန်ချိုက သူ့ရဲ့လပ်ကီးနံပါတ်ဖြစ်တဲ့ နံပါတ် ၇ ကိုတောင်းဆိုလာပါတယ်။ အဲ့ဒါကြောင့် ကာဗာနီအနေနဲ့ လာမယ့် ၂၀၂၁- ၂၂ ရာသီမှာ နံပါတ်အသစ်ကို ပြောင်းလဲဝတ်ဆင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

သတင်းတွေအရတော့ တိုက်စစ်မှူး အန်တိုနီမာရှယ်ရဲ့ အနာဂတ်က မတည်ငြိမ်တော့တာကြောင့် ကာဗာနီ အနေနဲ့ လာမယ့်ရာသီမှာ နံပါတ် ၉ ကို ပိုင်ဆိုင်ခွင့် ရရှိနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တခြား ရွေးချယ်နိုင်တဲ့ နံပါတ်တွေအဖြစ်တော့ ၁၂ ၊ ၁၅ နဲ့ ၂၀ တို့ ရှိနေပါတယ်။

မာရှယ်ကတော့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ သတင်းထွက်ပေါ်နေသူဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ ရာသီသစ်တိုက်စစ်မှာ ကာဗာနီက အထောင်၊ ရက်ရှ်ဖို့ဒ်က ဘယ်တောင်ပံနဲ့ ဆန်ချိုက ညာတောင်ပံတို့မှာ ကစားပြီး မေဆင်ဂရင်းဝုဒ်က အရန်အနေနဲ့ ကစားသွားဖွယ် ရှိပါတယ်။

ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါလ်ပေါ့ဂ်ဘာကတော့ ကွင်းလယ်ကနေ တိုက်စစ်ကို လိုက်ပါမှာဖြစ်ပြီး ယူနိုက်တက်ရဲ့ ပွဲထွက် လူစာရင်းကတော့ အားရစရာဖြစ်လာခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပါတ္ ၇ ဟာ ယူႏိုက္တက္ရဲ႕ သမိုင္းမွာ ေအာင္ျမင္မႈေတြ အမ်ားအျပားရရွိထားတဲ့ နံပါတ္တစ္ခု ျဖစ္ျပီး ေဂ်ာ့ဘက္စ္၊ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္၊ အဲရစ္ကန္တိုနာ၊ ေဒးဗစ္ဘက္ခမ္းနဲ႔ ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔လို ထိပ္တန္းကစားသမားေတြခ်ည့္ ဝတ္ဆင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ အိန္ဂ်ယ္ဒီမာရီယာ၊ အလက္စစ္ဆန္းခ်က္နဲ႔ မမ္းဖစ္ဒီေပးတို႔ကေတာ့ ယူနိုက္တက္မွာ နံပါတ္ ၇ နဲ႔ ေအာင္ျမင္မႈ မရရွိခဲ့ၾကပါဘူး။ နံပါတ္ ၇ ကိုဆက္ခံခဲ့တဲ့ ဒုတိယမ်ိဳးဆက္ကေတာ့ ေအာင္ျမင္သင့္သေလာက္ ေအာင္ျမင္ခဲ့ျခင္း မရွိပဲ လက္ရွိ နံပါတ္ ၇ ပိုင္ရွင္ တိုက္စစ္မႉး အက္ဒီဆင္ကာဗာနီကေတာ့ ၿပီးခဲ့တဲ့ ရာသီက ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။

အခုေတာ့ ယူႏိုက္တက္က ၂၀၂၁ ေႏြရာသီ အေျပာင္းအေ႐ႊ႕ကာလအတြက္ ေဒါ့မြန္က ဂ်ာဒန္ဆန္ခ်ိဳကို ေခၚယူႏိုင္ခဲ့ၿပီ ျဖစ္တာေၾကာင့္ ဆန္ခ်ိဳက သူ႔ရဲ႕လပ္ကီးနံပါတ္ျဖစ္တဲ့ နံပါတ္ ၇ ကိုေတာင္းဆိုလာပါတယ္။ အဲ့ဒါေၾကာင့္ ကာဗာနီအေနနဲ႔ လာမယ့္ ၂၀၂၁- ၂၂ ရာသီမွာ နံပါတ္အသစ္ကို ေျပာင္းလဲဝတ္ဆင္မလားဆိုတာ စိတ္ဝင္စားစရာပါပဲ။

သတင္းေတြအရေတာ့ တိုက္စစ္မႉး အန္တိုနီမာရွယ္ရဲ႕ အနာဂတ္က မတည္ၿငိမ္ေတာ့တာေၾကာင့္ ကာဗာနီ အေနနဲ႔ လာမယ့္ရာသီမွာ နံပါတ္ ၉ ကို ပိုင္ဆိုင္ခြင့္ ရရွိႏိုင္တယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။ တျခား ေ႐ြးခ်ယ္ႏိုင္တဲ့ နံပါတ္ေတြအျဖစ္ေတာ့ ၁၂ ၊ ၁၅ နဲ႔ ၂၀ တို႔ ရွိေနပါတယ္။

မာရွယ္ကေတာ့ ယူႏိုက္တက္ကေန ထြက္ခြာဖို႔ သတင္းထြက္ေပၚေနသူျဖစ္တာေၾကာင့္ ယူႏိုက္တက္ရဲ႕ ရာသီသစ္တိုက္စစ္မွာ ကာဗာနီက အေထာင္၊ ရက္ရွ္ဖို႔ဒ္က ဘယ္ေတာင္ပံနဲ႔ ဆန္ခ်ိဳက ညာေတာင္ပံတို႔မွာ ကစားၿပီး ေမဆင္ဂရင္းဝုဒ္က အရန္အေနနဲ႔ ကစားသြားဖြယ္ ရွိပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ေပါလ္ေပါ့ဂ္ဘာကေတာ့ ကြင္းလယ္ကေန တိုက္စစ္ကို လိုက္ပါမွာျဖစ္ၿပီး ယူႏိုက္တက္ရဲ႕ ပြဲထြက္ လူစာရင္းကေတာ့ အားရစရာျဖစ္လာခဲ့ပါတယ္။