ကိန်း အဆင်မပြေတာကြောင့် စိန့်တိုက်စစ်မှူး ဒန်နီအင့် ကို ခေါ်ဖို့ ချိန်လာတဲ့ မန်စီးတီးအသင်း

အဓိက တိုက်စစ်ကစားသမား ဆာဂျီယို အဂွဲရိုးနဲ့ လမ်းခွဲထားခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ဒီနွေမှာ တိုက်စစ်မှူးသစ် တစ်ယောက်ကို ပြန်လည်ခေါ်ယူချင်နေပြီး စပါးတိုက်စစ်မှူး ဟာရီကိန်းကိုလည်း ခေါ်ဖို့လည်း အဆင်မပြေနေတာကြောင့် လက်ရှိမှာတော့ ဆောက်သမ်တန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားခဲ့တဲ့ တိုက်စစ်မှူး ဒန်နီအင့် ကို ခေါ်ယူဖို့ပါ စိတ်ဝင်စားလာခဲ့ပါတယ်။

အင်္ဂလန်သား တိုက်စစ်ကစားသမား ဒန်နီအင့်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဆောက်သမ်တန်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၁၂)ဂိုးအထိကို သွင်းယူထားပေးနိုင်ခဲ့တဲ့ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပေမယ့် သူနဲ့ အသင်းကြားက ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကတော့ လက်ရှိမှာ တစ်နှစ်ပဲ ကျန်ရှိနေတော့တာဖြစ်ပါတယ်။

ဒါကြောင့် ဆောက်သမ်တန်ဘက်ကနေ အသက်(၂၈)နှစ်အရွယ်ရှိ ဒန်နီအ ကို ၂၀၂၆ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်သ စ်တစ်ရပ်ကို ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ဒီကမ်းလှမ်းမှုကို ကစားသမားဘက်ကနေ ပယ်ချသွားခဲ့ပါတယ်။

ဆောက်သမ်တန်အသင်းအနေနဲ့ အခုလို စာချုပ်သက်တမ်းတိုးဖို့ ပယ်ချထားခဲ့တဲ့ ဒန်နီအင့် ကို ဒီနှစ်နွေဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းချသွားဖို့ လိုအပ်နေတာဖြစ်ပြီး ဒီအတိုင်း အသင်းမှာ ဆက်လက်ထားရှိမယ်ဆိုရင်တော့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် ၂၀၂၂ခုနှစ်မှာပဲ အင့်စ်ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ပါ လက်လွတ်ရမှာဖြစ်ပါတယ်။

ဒီလို အနာဂတ် မရေရာမှုတွေ ဖြစ်လို့နေတဲ့ ဒန်နီအင့်စ်ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေကနေ စိတ်ဝင်စားလာခဲ့ကြ သလို ဟာရီကိန်းကို ခေါ်ယူသွားဖို့ ခက်ခဲလျက်ရှိနေတဲ့ မန်စီးတီးအသင်းကပါ ဒန်နီအင့် လို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူချင်လာခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ဘောလုံးရာသီကမှ လီဗာပူးလ်အသင်းကနေ ဆောက်သမ်တန်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဒန်နီအင့်စ်ဟာ ဆောက်သမ်တန်နဲ့ ဘောလုံးရာသီ (၃)ရာသီကို ဖြတ်သန်းခဲ့ပြီး (၃)ရာသီအတွင်း အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၄၁)ဂိုးအထိကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ZG – အဓိက တိုက်စစ်ကစားသမား ဆာဂျီယို အဂွဲရိုးနဲ့ လမ်းခွဲထားခဲ့ရတဲ့ မန်စီးတီးအသင်းဟာ ဒီနွေမှာ တိုက်စစ်မှူးသစ် တစ်ယောက်ကို ပြန်လည်ခေါ်ယူချင်နေပြီး စပါးတိုက်စစ်မှူး ဟာရီကိန်းကိုလည်း ခေါ်ဖို့လည်း အဆင်မပြေနေတာကြောင့် လက်ရှိမှာတော့ ဆောက်သမ်တန်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ထားခဲ့တဲ့ တိုက်စစ်မှူး ဒန်နီအင့် ကို ခေါ်ယူဖို့ပါ စိတ်ဝင်စားလာခဲ့ပါတယ်။




