တာဗာရက်စ်နဲ့ လိုကွန်ဂါ ရပြီးသော်လည်း ကစားသမားသစ်တွေ ထပ်ခေါ်ဖို့ လှုပ်ရှားနေတဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ် အသင်းနည်းပြ အာတီတာကတော့ နွေရာသီ အပြောင်းအရွှေ့မပိတ်ခင်မှာ ကစားသမား ၅ ဦးလောက် ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ပေါ်တူဂီဘယ်နောက်ခံလူ တာဗာရက်စ်နဲ့ ဘယ်လ်ဂျီယံ ကွင်းလယ် လိုကွန်ဂါ တို့ ကို ခေါ်ယူထားနိုင်ခဲ့ပြီးဖြစ်ပေမယ့် ရာသီကြိုခြေစမ်းပွဲ မတိုင်ခင်မှာ နောက်ထပ်ကစားသမားသစ်တွေ ထပ်ရောက် လာဖွယ်ရှိနေတာဖြစ်ပါတယ်။

ဘရိုက်တန် ခံစစ်မှူး ဘင်ဝှိုက် ကတော့ သဘောတူညီမှု ရပြီး ဖြစ်ပြီး ရောက်လာဖို့ သေချာသလောက်ဖြစ်နေပါတယ်။ အင်္ဂလန် အက်သလက်တစ် သတင်းဌာနကတော့ အာတီတာဟာ နောက်ထပ်ကစားသမား ၅ ဦးလောက် ခေါ်ယူချင်နေဆဲဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ ဂိုးသမား ၊ ညာနောက်ခံလူ ၊ ကွင်းလယ်ဖန်တီးရှင် ကစားသမားတို့ကို ရှာဖွေနေပါတယ်။ ရမ်စ်ဒေးကို ပစ်မှတ်ထားနေသလို မက်စ်အာရွန် ၊ ကီဟာရာ နဲ့ မူလ်ဒါတို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။

ကွင်းလယ်နေရာအတွက် အိုဒီဂတ်ကို ပြန်လည်ခေါ်ယူချင်နေပေမယ့် အာဟွာ နဲ့ မက်ဒီဆင်တို့ကိုလည်း ပစ်မှတ် ထားနေပါတယ်။

Zawgyi

အာဆင္နယ္ အသင္းနည္းျပ အာတီတာကေတာ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မပိတ္ခင္မွာ ကစားသမား ၅ ဦးေလာက္ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္ဟာ ဒီေႏြမွာ ေပၚတူဂီဘယ္ေနာက္ခံလူ တာဗာရက္စ္နဲ႕ ဘယ္လ္ဂ်ီယံ ကြင္းလယ္ လိုကြန္ဂါ တို႕ ကို ေခၚယူထားႏိုင္ခဲ့ၿပီးျဖစ္ေပမယ့္ ရာသီႀကိဳေျခစမ္းပြဲ မတိုင္ခင္မွာ ေနာက္ထပ္ကစားသမားသစ္ေတြ ထပ္ေရာက္ လာဖြယ္ရွိေနတာျဖစ္ပါတယ္။

ဘရိုက္တန္ ခံစစ္မွဴး ဘင္ဝႈိက္ ကေတာ့ သေဘာတူညီမႈ ရျပီး ျဖစ္ျပီး ေရာက္လာဖို႔ ေသခ်ာသေလာက္ျဖစ္ေနပါတယ္။ အဂၤလန္ အက္သလက္တစ္ သတင္းဌာနကေတာ့ အာတီတာဟာ ေနာက္ထပ္ကစားသမား ၅ ဦးေလာက္ ေခၚယူခ်င္ေနဆဲျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အာဆင္နယ္ဟာ ဂိုးသမား ၊ ညာေနာက္ခံလူ ၊ ကြင္းလယ္ဖန္တီးရွင္ ကစားသမားတို႔ကို ရွာေဖြေနပါတယ္။ ရမ္စ္ေဒးကို ပစ္မွတ္ထားေနသလို မက္စ္အာ႐ြန္ ၊ ကီဟာရာ နဲ႔ မူလ္ဒါတို႔ကိုလည္း ပစ္မွတ္ထားေနပါတယ္။

ကြင္းလယ္ေနရာအတြက္ အိုဒီဂတ္ကို ျပန္လည္ေခၚယူခ်င္ေနေပမယ့္ အာဟြာ နဲ႔ မက္ဒီဆင္တို႔ကိုလည္း ပစ္မွတ္ ထားေနပါတယ္။