ဘယ်နေရာမှာ အကောင်းဆုံး ကစားနိုင်သလဲ ထုတ်ပြောလိုက်တဲ့ ဂန်းနားသစ် လိုကွန်ဂါ

အာဆင်နယ်အသင်းဟာ ဘယ်လ်ဂျီယံ ယူ-၂၁ကွင်းလယ်လူ ဆမ်ဘီ လိုကွန်ဂါ ကို အန်ဒါလက်ချ်ကနေ ခေါ်ယူနိုင်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ လိုကွန်ညာကို ၄နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပြောင်းရွှေ့ကြေးကတော့ ကနဦး ယူရို ၁၅သန်း ဝန်းကျင်ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

၂၁နှစ်သားဟာ လူကာကူ၊ တိုင်လေမန်းစ်၊ ဒန်ဒွန်ကာတို့ ပေါ်ထွက်ခဲ့တဲ့ အန်ဒါလက်ချ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး အသင်းအတွက် ၇၈ပွဲ ပါဝင်ကစားပေးထားခဲ့ပါတယ်။

လိုကွန်ဂါ က “ကျွန်တော် အန်ဒါလက်ချ်မှာ ၁၀နှစ်ကြာ ကစားခဲ့တာကြောင့် ဒါကကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုပါ။ ဘောလုံးကစားရင် ယုံကြည်မှု ရှိရမှာဖြစ်တာကြောင့် ဒီလို ကြီးမားတဲ့ ခြေလှမ်းအတွက် ကျွန်တော် ယုံကြည်ပါတယ်”

“ကျွန်တော် ပရီးမီးယားလိဂ်မှာ ကစားဖို့ စောင့်နေပြီး ပွဲထွက်ခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော် ရှေ့နေက အာဆင်နယ်က စိတ်ဝင်စားနေတယ်လို့ ပြောတဲ့အခါ ကျွန်တော် ၁စက္ကန့်တောင် မစဉ်းစားတော့ပါဘူး။ ကျွန်တော် အဲ့ဒီကို သွားမယ်လို့ ပြောခဲ့ပါတယ်”ဆိုပြီး ပြောခဲ့ပါတယ်။

ဆက်လက်ပြီး လိုကွန်ဂါက “သူတို့ လူငယ်အများကြီးနဲ့ ကစားချင်တာ ကျွန်တော်သိပြီး အာဆင်နယ်က ကောင်းမွန်တဲ့ အကယ်ဒမီလည်း ရှိပါတယ်။ ကျွန်တော် နံပါတ် ၆နေရာ၊ box-to-box နေရာ ကစားနိုင်ပြီး လူတွေကတော့ ကျွန်တော် နံပါတ် ၆နေရာမှာ ပိုကောင်းတယ်လို့ ပြောကြပါတယ်”လို့ ဆိုပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့် မရခဲ့ဘဲ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်အနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္အသင္းဟာ ဘယ္လ္ဂ်ီယံ ယူ-၂၁ကြင္းလယ္လူ ဆမ္ဘီ လိုကြန္ဂါ ကို အန္ဒါလက္ခ်္ကေန ေခၚယူႏိုင္ခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ကလပ္ဟာ လိုကြန္ညာကို ၄ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးကေတာ့ ကနဦး ယူ႐ို ၁၅သန္း ဝန္းက်င္ျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။

၂၁ႏွစ္သားဟာ လူကာကူ၊ တိုင္ေလမန္းစ္၊ ဒန္ဒြန္ကာတို႔ ေပၚထြက္ခဲ့တဲ့ အန္ဒါလက္ခ်္ အကယ္ဒမီကေန ထြက္ေပၚလာခဲ့တာ ျဖစ္ၿပီး အသင္းအတြက္ ၇၈ပြဲ ပါဝင္ကစားေပးထားခဲ့ပါတယ္။

လိုကြန္ဂါ က “ကြၽန္ေတာ္ အန္ဒါလက္ခ်္မွာ ၁၀ႏွစ္ၾကာ ကစားခဲ့တာေၾကာင့္ ဒါကႀကီးမားတဲ့ အေျပာင္းအေ႐ႊ႕တစ္ခုပါ။ ေဘာလုံးကစားရင္ ယုံၾကည္မႈ ရွိရမွာဖျစ္တာေၾကာင့္ ဒီလို ႀကီးမားတဲ့ ေျခလွမ္းအတြက္ ကြၽန္ေတာ္ ယုံၾကည္ပါတယ္”

“ကြၽန္ေတာ္ ပရီးမီးယားလိဂ္မွာ ကစားဖို႔ ေစာင့္ေနၿပီး ပြဲထြက္ခြင့္ရဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး။ ကြၽန္ေတာ္ ေရွ႕ေနက အာဆင္နယ္က စိတ္ဝင္စားေနတယ္လို႔ ေျပာတဲ့အခါ ကြၽန္ေတာ္ ၁စကၠန႔္ေတာင္ မစဥ္းစားေတာ့ပါဘူး။ ကြၽန္ေတာ္ အဲ့ဒီကို သြားမယ္လို႔ ေျပာခဲ့ပါတယ္”ဆိုၿပီး ေျပာခဲ့ပါတယ္။

ဆက္လက္ၿပီး လိုကြန္ဂါက “သူတို႔ လူငယ္အမ်ားႀကီးနဲ႔ ကစားခ်င္တာ ကြၽန္ေတာ္သိၿပီး အာဆင္နယ္က ေကာင္းမြန္တဲ့ အကယ္ဒမီလည္း ရွိပါတယ္။ ကြၽန္ေတာ္ နံပါတ္ ၆ေနရာ၊ box-to-box ေနရာ ကစားႏိုင္ၿပီး လူေတြကေတာ့ ကြၽန္ေတာ္ နံပါတ္ ၆ေနရာမွာ ပိုေကာင္းတယ္လို႔ ေျပာၾကပါတယ္”လို႔ ဆိုပါတယ္။

အာဆင္နယ္အသင္းဟာ လာမယ့္ရာသီ ဥေရာပဝင္ခြင့္ မရခဲ့ဘဲ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ ဘရန႔္ဖို႔ဒ္အနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။