လက်စတာကွင်းလယ် မက်ဒီဆင်ကို ကစားသမားအလိုက်ပေး ကမ်းလှမ်းဖို့ အာဆင်နယ် ပြင်ဆင်

အာဆင်နယ်အသင်းဟာ လက်စတာကွင်းလယ်လူ မက်ဒီဆင်ကို ကစားသမားအလိုက်ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အသက် ၂၄ နှစ်သားဟာ အောက်တိုဘာလတုန်းက ၄ နှစ်စာချုပ် ချုပ်ဆိုထားကာ လက်စတာ အသင်းက သတ်မှတ်ထားတဲ့ တန်ကြေးရမှသာ ရောင်းချဖွယ်ရှိနေပါတယ်။

မက်ဒီဆင်ဟာ အာတီတာရဲ့ အဓိကပစ်မှတ်အဖြစ် ရှိနေပြီး အိုဒီဂတ် နဲ့ ဆီဘယ်လော့စ်တို့နေရာမှာ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

နောက်ဆုံး သတင်းတွေအရ လက်စတာအသင်းဟာ ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းမှုကို လက်မခံနိုင်တာကြောင့် ကစားသမားပါ အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီအတွက် နယ်လ်ဆင်နဲ့ မစ်လန်းနိုင်းစ်တို့က အာဆင်နယ်က ရောင်းချဖွယ်ရှိနေပြီး သူတို့ ၂ ဦးထဲက တစ်ဦးကို လက်စတာ အသင်းထံ အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ မစ်လန်းနိုင်းစ်ကိုတော့ လက်စတာ နည်းပြ ရော်ဂျာက ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက စိတ်ဝင်စားခဲ့ပါသေးတယ်။

Zawgyi

အာဆင္နယ္အသင္းဟာ လက္စတာကြင္းလယ္လူ မက္ဒီဆင္ကို ကစားသမားအလိုက္ေပးၿပီး ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

အသက္ ၂၄ ႏွစ္သားဟာ ေအာက္တိုဘာလတုန္းက ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုထားကာ လက္စတာ အသင္းက သတ္မွတ္ထားတဲ့ တန္ေၾကးရမွသာ ေရာင္းခ်ဖြယ္ရွိေနပါတယ္။

မက္ဒီဆင္ဟာ အာတီတာရဲ႕ အဓိကပစ္မွတ္အျဖစ္ ရွိေနၿပီး အိုဒီဂတ္ နဲ႔ ဆီဘယ္ေလာ့စ္တို႔ေနရာမွာ အစားထိုးခ်င္ေနတာ ျဖစ္ပါတယ္။

ေနာက္ဆံုး သတင္းေတြအရ လက္စတာအသင္းဟာ ေပါင္သန္း ၅၀ နဲ႔ ကမ္းလွမ္းမႈကို လက္မခံႏိုင္တာေၾကာင့္ ကစားသမားပါ အလိုက္ေပး ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဒီအတြက္ နယ္လ္ဆင္နဲ႔ မစ္လန္းႏိုင္းစ္တို႔က အာဆင္နယ္က ေရာင္းခ်ဖြယ္ရွိေနၿပီး သူတို႔ ၂ ဦးထဲက တစ္ဦးကို လက္စတာ အသင္းထံ အလိုက္ေပးကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။ မစ္လန္းႏိုင္းစ္ကိုေတာ့ လက္စတာ နည္းျပ ေရာ္ဂ်ာက ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕တုန္းက စိတ္ဝင္စားခဲ့ပါေသးတယ္။