အာဆင်နယ်နဲ့ ဆေးစစ်မှု ခံယူတော့မယ့် ပေါင် သန်း ၅၀ တန် ခံစစ်မှူး ဘန်ဝှိုက်

အင်္ဂလန်သား ဘရိုက်တန် ခံစစ်မှူး ဘင်ဝှိုက်ဟာ အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဆေးစစ်မှုခံယူသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ အဆင့်၈နေရာသာ ရခဲ့တာကြောင့် ဂန်းနား ဘုတ်အဖွဲ့အနေနဲ့ နွေရာသီမှာ ဆုံးဖြတ်စရာတွေ ကျန်နေပါသေးတယ်။

ဒါကြောင့် နည်းပြ အာတီတာကို နွေရာသီမှာ ထောက်ပံ့မှုတွေ ပြုလုပ်နေပြီး တာဗာရက်စ်နဲ့ လိုကွန်ညာတို့ကို ခေါ်ယူထားခဲ့ပြီး ဖြစ်ပါတယ်။ ယခုအချိန်မှာလည်း ဘင်ဝှိုက်ကို ယခုအပတ်အတွင်း ပေါင် သန်း၅၀နဲ့ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပါတယ်။

အဆိုပါ အပြောင်းအရွှေ့ကြောင့် အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ဘက်ဂျက် ကုန်သွားနိုင်ပြီး ပရိသတ်တွေကတော့ ဝှိုက်အနေနဲ့ အသင်းမှာ ခြေစွမ်းပြဖို့ မျှော်လင့်နေကြပါတယ်။

ဘရိုက်တန်မှာ ခြေစွမ်းပြခဲ့တာကြောင့် အင်္ဂလန်လူစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ အာဆင်နယ်မှာ လုပ်ပြနိုင်မလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပဲ ဖြစ်ပါတယ်။

Zawgyi

အဂၤလန္သား ဘရိုက္တန္ ခံစစ္မွဴး ဘင္ဝႈိက္ဟာ အာဆင္နယ္ထံ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ျပီး လာမယ့္ ဗုဒၶဟူးေန႔မွာ ေဆးစစ္မႈခံယူသြားမယ္လို႔ သိရပါတယ္။

ျပီးခဲ့တဲ့ေဘာလံုးရာသီ အဆင့္၈ေနရာသာ ရခဲ့တာေၾကာင့္ ဂန္းနား ဘုတ္အဖြဲ႕အေနနဲ႔ ေႏြရာသီမွာ ဆုံးျဖတ္စရာေတြ က်န္ေနပါေသးတယ္။

ဒါေၾကာင့္ နည္းျပ အာတီတာကို ေႏြရာသီမွာ ေထာက္ပံ့မႈေတြ ျပဳလုပ္ေနၿပီး တာဗာရက္စ္နဲ႔ လိုကြန္ညာတို႔ကို ေခၚယူထားခဲ့ၿပီး ျဖစ္ပါတယ္။ ယခုအခ်ိန္မွာလည္း ဘင္ဝႈိက္ကို ယခုအပတ္အတြင္း ေပါင္ သန္း၅၀နဲ႔ ထပ္မံ ေခၚယူသြားဖို႔ ရွိေနပါတယ္။

အဆိုပါ အေျပာင္းအေ႐ႊ႕ေၾကာင့္ အာဆင္နယ္ရဲ႕ အေျပာင္းအေ႐ႊ႕ဘက္ဂ်က္ ကုန္သြားႏိုင္ၿပီး ပရိသတ္ေတြကေတာ့ ဝႈိက္အေနနဲ႔ အသင္းမွာ ေျခစြမ္းျပဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ဘ႐ိုက္တန္မွာ ေျခစြမ္းျပခဲ့တာေၾကာင့္ အဂၤလန္လူစာရင္းမွာ ပါဝင္ခဲ့ေပမဲ့ အာဆင္နယ္မွာ လုပ္ျပႏိုင္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ခ်င္စရာပဲ ျဖစ္ပါတယ္။