မန်စီးတီးကသာ အင်္ဂလန်မှာ အကောင်းဆုံး အသင်းလို့ ပြောဆို နှုတ်ခွန်းဆက်လိုက်တဲ့ အသင်းသားသစ် ဂရေးလစ်ချ်
အက်စတွန်ဗီလာကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာတဲ့ ကွင်းလယ်ကစားသမား ဂျက်ဂရေးလစ်ရှ်က မန်စီးတီး အသင်းဟာ အင်္ဂလန်မှာ အကောင်းဆုံး အသင်းဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အသက် ၂၅ နှစ်ရှိ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမားအတွက် မန်စီးတီးက ဗြိတိန် ဘောလုံးသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံးအဖြစ် ပေါင်သန်း ၁၀၀ ပေးချေပြီး ၆ နှစ် စာချုပ်ချုပ်ဆိုခဲ့တာပါ။
စာချုပ် ချုပ်ဆိုအပြီးမှာတော့ အင်္ဂလန်ရဲ့အကောင်းဆုံးအသင်းဆီကို ပြောင်းရွှေ့ခွင့်ရခဲ့လို့ အိပ်မက်တွေ အမှန်တကယ် ဖြစ်လာခဲ့ပြီလို့ ဂရေးလစ်ရှ်က ပြောဆိုခဲ့ပါတယ်။
“မန်စီးတီးဆီပြောင်း ရွှေ့ခွင့်ရလို့ အတိုင်းမသိပျော်ရွှင်ရပါတယ်။ စီးတီးက အင်္ဂလန်မှာ အကောင်းဆုံးအသင်းဖြစ်သလို နည်းပြကလည်း ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ ဆိုပါတယ်။ ဒီလိုအသင်းရဲ့ အစိတ်အပိုင်းတရပ် ဖြစ်ခွင့်ရခဲ့လို့ ကျနော့်အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။
လွန်ခဲ့တဲ့ ၁ဝ နှစ်ကိုကြည့်ရင် စီးတီးက အဓိကဆုဖလားတွေ စဉ်ဆက်မပျက်ရယူနိုင်ခဲ့ပါတယ်။ နည်းပြ ပက် ရောက်လာပြီးနောက် အသင်းကို နောက်တစ်ဆင့်မြှင်တင်ပေးခဲ့သလို ကစားပုံကလည်း ဥရောပအသင်းတွေထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။” လို့ ၎င်းက ဆိုပါတယ်။
ဒါ့အပြင် နည်းပြ ပတ်ခ်ဂွါဒီယိုလာဆီမှာ သင်ယူလေ့လာမှုတွေ လုပ်ဆောင်ရင်း အသင်းအတွက် ပွဲထွက်ကစားဖို့ မစောင့်နိုင်လောက်အောင်ဖြစ်နေပြီလို့လည်း ဂရေးလစ်ရှ်က ပြောဆိုခဲ့ပါသေးတယ်။
Zawgyi
အက္စတြန္ဗီလာကေန မန္စီးတီးအသင္းထံ ေျပာင္းေရႊ႕လာတဲ့ ကြင္းလယ္ကစားသမား ဂ်က္ဂေရးလစ္ရွ္က မန္စီးတီး အသင္းဟာ အဂၤလန္မွာ အေကာင္းဆုံး အသင္းျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
အသက္ ၂၅ ႏွစ္ရွိ အဂၤလန္လက္ေရြးစင္ ကြင္းလယ္ကစားသမားအတြက္ မန္စီးတီးက ၿဗိတိန္ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ေျပာင္းေ႐ႊ႕ေၾကး အျမင့္ဆုံးအျဖစ္ ေပါင္သန္း ၁၀၀ ေပးေခ်ၿပီး ၆ ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။
စာခ်ဳပ္ ခ်ဳပ္ဆိုအၿပီးမွာေတာ့ အဂၤလန္ရဲ႕အေကာင္းဆုံးအသင္းဆီကို ေျပာင္းေ႐ႊ႕ခြင့္ရခဲ့လို႔ အိပ္မက္ေတြ အမွန္တကယ္ ျဖစ္လာခဲ့ၿပီလို႔ ဂေရးလစ္ရွ္က ေျပာဆိုခဲ့ပါတယ္။
“မန္စီးတီးဆီေျပာင္း ေ႐ႊ႕ခြင့္ရလို႔ အတိုင္းမသိ ေပ်ာ္႐ႊင္ရပါတယ္။ စီးတီးက အဂၤလန္မွာ အေကာင္းဆုံးအသင္းျဖစ္သလို နည္းျပကလည္း ကမာၻ႔အေကာင္းဆုံးနည္းျပလို႔ ဆိုပါတယ္။ ဒီလိုအသင္းရဲ႕ အစိတ္အပိုင္းတရပ္ ျဖစ္ခြင့္ရခဲ့လို႔ က်ေနာ့္အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာခဲ့ပါၿပီ။
လြန္ခဲ့တဲ့ ၁ဝ ႏွစ္ကိုၾကည့္ရင္ စီးတီးက အဓိကဆုဖလားေတြ စဥ္ဆက္မပ်က္ရယူႏိုင္ခဲ့ပါတယ္။ နည္းျပ ပက္ ေရာက္လာၿပီးေနာက္ အသင္းကို ေနာက္တစ္ဆင့္ျမႇင္တင္ေပးခဲ့သလို ကစားပုံကလည္း ဥေရာပအသင္းေတြထဲမွာ စိတ္လႈပ္ရွားစရာ အေကာင္းဆုံး အသင္း ျဖစ္လာခဲ့ပါတယ္။” လို႔ ၄င္းက ဆိုပါတယ္။
ဒါ့အျပင္ နည္းျပ ပတ္ခ္ဂြါဒီယိုလာဆီမွာ သင္ယူေလ့လာမႈေတြ လုပ္ေဆာင္ရင္း အသင္းအတြက္ ပြဲထြက္ကစားဖို႔ မေစာင့္ႏိုင္ေလာက္ေအာင္ျဖစ္ေနၿပီလို႔လည္း ဂေရးလစ္ရွ္က ေျပာဆိုခဲ့ပါေသးတယ္။