အင်တာမီလန် ပစ်မှတ်ထားလာတဲ့ တိုက်စစ်မှူး မာရှယ် အတွက် ယူနိုက်တက် ဈေး သတ်မှတ်
အင်တာမီလန်အသင်းဟာ ချဲလ်ဆီးကို ပြောင်းတော့မယ့် တိုက်စစ်မှူး လူကာကူရဲ့ နေရာမှာ အန်တိုနီ မာရှယ်နဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။
လူကာကူဟာ အင်တာကနေ အသင်းဟောင်း ချဲလ်ဆီးကို ပေါင် ၉၈သန်းနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေခဲ့ပါတယ်။ လူကာကူ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်သွားရင် အင်တာက မာရှယ်ကို ၁ရာသီ အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။
The Sunရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ဟာ မာရှယ်ကို အငှားချထာထက် အပြီးသတ်ရောင်းဖို့ကိုပဲ လက်ခံသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ယူနိုက်တက်အနေနဲ့ အပြီးသတ် ခေါ်ယူခွင့်ပါဝင်တဲ့ ၁နှစ်အငှားစာချုပ်နဲ့လည်း မာရှယ်ကို လက်လွှတ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။
သို့ပေမဲ့ ပြင်သစ်သားအတွက် လွန်ခဲ့တဲ့ ၆နှစ်က ပေးထားခဲ့ရတဲ့ ပေါင် သန်း၅၀ ဝန်းကျင် ရမှပဲ ယူနိုက်တက်က လက်လွှတ်သွားဖို့ ရှိနေပါတယ်။ အင်တာမီလန်အသင်းဟာ လွန်ခဲ့တဲ့ ၂နှစ်က ကြိုးပမ်းခဲ့တဲ့ ကစားသမားအတွက် ပြန်လည်ကမ်းလှမ်းဖို့ ပြောင်းရွှေ့ကြေး လိုအပ်နေပါသေးတယ်။
မာရှယ်ဟာ ယူနိုက်တက်မှာ ၁ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀နဲ့ ၃နှစ်စာချုပ် ကျန်နေပါသေးတယ်။
အင်တာမီလန်နဲ့ ယူနိုက်တက်တို့ဟာ ယခင်က လူကာကူ၊ အက်ရှ်လေယန်း၊ ဆန်းချက်ဇ် အပြောင်းအရွှေ့တွေ ရှိခဲ့ကာ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှီနေပါတယ်။ မာရှယ်အနေနဲ့ ယူနိုက်တက်မှာ နေရာရဖို့ ရုန်းကန်နေရချိန် စီးရီးအေကို သွားတာက ပြင်သစ်သားအတွက် အကျိုး ဖြစ်လာနိုင်ပါတယ်။
မာရှယ်ဟာ ချဲလ်ဆီးကို ထွက်ခွာလာမယ့် လူကာကူရဲ့နေရာအတွက်လည်း တိုက်ရိုက် အစားထိုးမှု ဖြစ်လာနိုင်ပါတယ်။
Zawgyi