အာဆင်နယ် ပစ်မှတ်ထားနေတဲ့ မက်ဒီဆင်က ပေါင် သန်း ၁၀၀ တန် လို့ လက်စတာနည်းပြ ရော်ဂျာ သတိပေးထား

လက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာကတော့ အာဆင်နယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား မက်ဒီဆင်ဟာ ပေါင် ၁၀၀သန်း တန်တဲ့ ကစားသမား ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ ကွင်းလယ်တိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ ချိန်ရွယ်နေပြီး မက်ဒီဆင်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ မက်ဒီဆင် အတွက် ပထမဦးဆုံး ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်း + နိုင်းလ် (သို့) အန်ခီးတီးယား (သို့) နယ်ဆင်တို့ သုံးဦးထဲက တဦးကို အလိုက်ပေးမယ် ဆိုပြီး ကမ်းလှမ်းခဲ့ပေမယ့် လက်စတာအသင်းက ချက်ချင်းပဲ ပယ်ချခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ မက်ဒီဆင်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပြီး မက်ဒီဆင် အတွက် ဒုတိယမြောက် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ပေါင် ၆၀ သန်းနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနက ဆိုပါတယ်။

လက်စတာအသင်းရဲ့ နည်းပြဖြစ်သူ ရော်ဂျာကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ မက်ဒီဆင်ကို အသင်းကနေ ရောင်းထုတ်ဖို့ မစဉ်းစားထားသလို မက်ဒီဆင်ကို ခေါ်ယူချင်ပါက မန်ချက်စတာ စီးတီးအသင်းက ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ရှ်ကို ခေါ်ယူစဉ်က ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကို ပေးချေဖို့ လိုအပ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

ရော်ဂျာဟာ လက်စတာ စီးတီးအသင်းက မန်ချက်စတာ စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ် ပြီးဆုံးချိန်မှာ မက်ဒီဆင်ရဲ့ တန်ကြေးအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပြီး အကယ်၍ လက်စတာအသင်းကသာ အာဆင်နယ်အသင်းရဲ့ ဒုတိယမြောက် ကမ်းလှမ်းမှုကို ငြင်းပယ်ပါက အာဆင်နယ်အသင်းဟာ မက်ဒီဆင်ကို ခေါ်ယူဖို့ ကြိုးစားနေမှုအား လက်လျော့ရဖွယ် ရှိပါတယ်။

ZG

လက္စတာ စီးတီးအသင္းရဲ႕ နည္းျပျဖစ္သူ ဘရန္ဒန္ ေရာ္ဂ်ာကေတာ့ အာဆင္နယ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ ကစားသမား မက္ဒီဆင္ဟာ ေပါင္ ၁၀၀သန္း တန္တဲ့ ကစားသမား ျဖစ္ေၾကာင္း ေျပာၾကား သြားခဲ့ပါတယ္။

လန္ဒန္ၿမိဳ႕ အေျခစိုက္ နာမည္ႀကီးအသင္း ျဖစ္တဲ့ အာဆင္နယ္အသင္းဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ အတြင္းမွာ ကြင္းလယ္တိုက္စစ္ ကစားသမား တဦးကို ေခၚယူဖို႔ ခ်ိန္႐ြယ္ေနၿပီး မက္ဒီဆင္ဟာ သူတို႔အသင္းရဲ႕ နံပါတ္တစ္ ပစ္မွတ္ ကစားသမားပဲ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ မက္ဒီဆင္ အတြက္ ပထမဦးဆုံး ကမ္းလွမ္းမႈ အျဖစ္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၀သန္း + ႏိုင္းလ္ (သို႔) အန္ခီးတီးယား (သို႔) နယ္ဆင္တို႔ သုံးဦးထဲက တဦးကို အလိုက္ေပးမယ္ ဆိုၿပီး ကမ္းလွမ္းခဲ့ေပမယ့္ လက္စတာအသင္းက ခ်က္ခ်င္းပဲ ပယ္ခ်ခဲ့ေၾကာင္း သိရပါတယ္။

ဒါေပမယ့္ အာဆင္နယ္အသင္းဟာ မက္ဒီဆင္ကို ေခၚယူဖို႔ ဆက္လက္ ႀကိဳးပမ္းေနဆဲ ျဖစ္ၿပီး မက္ဒီဆင္ အတြက္ ဒုတိယေျမာက္ ကမ္းလွမ္းမႈ အျဖစ္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၀ သန္းနဲ႔ ကမ္းလွမ္းဖို႔ စီစဥ္ေနေၾကာင္း လန္ဒန္ အေျခစိုက္ သတင္းဌာနက ဆိုပါတယ္။

လက္စတာအသင္းရဲ႕ နည္းျပျဖစ္သူ ေရာ္ဂ်ာကေတာ့ သူတို႔အသင္းရဲ႕ အဓိက ကြင္းလယ္တိုက္စစ္ ကစားသမား ျဖစ္သူ မက္ဒီဆင္ကို အသင္းကေန ေရာင္းထုတ္ဖို႔ မစဥ္းစားထားသလို မက္ဒီဆင္ကို ေခၚယူခ်င္ပါက မန္ခ်က္စတာ စီးတီးအသင္းက ဗီလာအသင္းရဲ႕ အသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္ကို ေခၚယူစဥ္က ေပးေခ်ခဲ့တဲ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၀၀သန္းကို ေပးေခ်ဖို႔ လိုအပ္ေၾကာင္း ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။

ေရာ္ဂ်ာဟာ လက္စတာ စီးတီးအသင္းက မန္ခ်က္စတာ စီးတီးအသင္းကို အႏိုင္ရခဲ့တဲ့ ကြန္ျမဴနတီဒိုင္းပြဲစဥ္ ၿပီးဆုံးခ်ိန္မွာ မက္ဒီဆင္ရဲ႕ တန္ေၾကးအေၾကာင္းကို ေျပာျပခဲ့တာ ျဖစ္ၿပီး အကယ္၍ လက္စတာအသင္းကသာ အာဆင္နယ္အသင္းရဲ႕ ဒုတိယေျမာက္ ကမ္းလွမ္းမႈကို ျငင္းပယ္ပါက အာဆင္နယ္အသင္းဟာ မက္ဒီဆင္ကို ေခၚယူဖို႔ ႀကိဳးစားေနမႈအား လက္ေလ်ာ့ရဖြယ္ ရွိပါတယ္။