လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပြမယ်လို့ ကြုံးဝါးထားတဲ့ အာဆင်နယ်နည်းပြ အာတီတာ

ရာသီသစ်မစခင် ပရီးမီးယားလိဂ်အသင်းတွေနဲ့ ပတ်သက်တဲ့ အစီအစဉ်တစ်ခုမှာတော့ BBC သတင်းဌာနရဲ့ မေးမြန်းမှုကို အာဆင်နယ်နည်းပြ အာတီတာကအသင်းရဲ့စွမ်းဆောင်ရည်ကို မယုံကြည်သူတွေအတွက် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပြမယ်ဆိုပြီး ကြုံးဝါးသွားခဲ့တယ်လို့ သိရပါတယ်။

Amazon Prime ကနေ စီစဉ်တဲ့ ဒီအစီအစဉ်မှာတော့ ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေဖြစ်တဲ့ ခရစ်ဆပ်တန်၊ မာတင်ကီအွန် နဲ့ မီကာရစ်ချတ် တို့က အစီအစဉ် တင်ဆက်သူတွေ အဖြစ် ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

အာဆင်နယ်ဟာ ၂၆ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲကစားခွင့်နဲ့ လွဲချော်ခဲ့ရတာကြောင့် ဝေဖန်ခံနေရတာဖြစ်ပြီး နည်းပြ အာတီတာအနေနဲ့လည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကနေ တန်းတက်လာတဲ့ ဘရန်ဖို့ဒ်အသင်းကို အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။

ZG

ရာသီသစ္မစခင္ ပရီးမီးယားလိဂ္အသင္းေတြနဲ႔ ပတ္သက္တဲ့ အစီအစဥ္တစ္ခုမွာေတာ့ BBC သတင္းဌာနရဲ႕ ေမးျမန္းမႈကို အာဆင္နယ္နည္းျပ အာတီတာကအသင္းရဲ႕စြမ္းေဆာင္ရည္ကို မယုံၾကည္သူေတြအတြက္ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ စြမ္းေဆာင္ျပမယ္ဆိုၿပီး ႀကဳံးဝါးသြားခဲ့တယ္လို႔ သိရပါတယ္။

Amazon Prime ကေန စီစဥ္တဲ့ ဒီအစီအစဥ္မွာေတာ့ ပရီးမီးယားလိဂ္ကစားသမားေဟာင္းေတြျဖစ္တဲ့ ခရစ္ဆပ္တန္၊ မာတင္ကီအြန္ နဲ႔ မီကာရစ္ခ်တ္ တို႔က အစီအစဥ္ တင္ဆက္သူေတြ အျဖစ္ ပါဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။

အာဆင္နယ္ဟာ ၂၆ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ ဥေရာပၿပိဳင္ပြဲကစားခြင့္နဲ႔ လြဲေခ်ာ္ခဲ့ရတာေၾကာင့္ ေဝဖန္ခံေနရတာျဖစ္ၿပီး နည္းျပ အာတီတာအေနနဲ႔လည္း ဖိအားေတြနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဒီေန႔ညမွာေတာ့ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ ခ်န္ပီယံရွစ္ကေန တန္းတက္လာတဲ့ ဘရန္ဖို႔ဒ္အသင္းကို အေဝးကြင္းမွာ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။