မန်ချက်စတာ ယူနိုက်တက်မှာ လစာအမြင့်ဆုံး ရရှိသူ ဖြစ်လာတော့မယ့် အသင်းသား

မန်ချက်စတာ ယူနိုက်တက်ဟာ တစ်ပတ်ကို ပေါင် ၄သိန်း အထိ ကွင်းလယ်လူ ပေါ့ဘာအား ပေးကာ ၅နှစ်စာချုပ်ချုပ်ရန် ကမ်းလှမ်း သွားဖို့ ရှိနေကြောင်း သိရသည်။ တစ်ပတ်ကို ပေါင်၂၉၀၀၀၀ ရနေတဲ့ ပေါ့ဘာအား လက်ရှိစာချုပ် တစ်နှစ် ကျန်နေသေးပြီး ယူနိုက်တက်လည်း အိုးထရက်ဖို့ဒ်မှာ ကစားသမားကို ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ယူနိုက်တက်ဘက်က တစ်ပတ်လစာ ပေါင် ၃၇၅၀၀၀ ရနေတဲ့ ဒီဂီယာကိုကျော်ကာ လစာအများဆုံးအဖြစ် ကမ်းလှမ်းထားပေမယ့် ပေါ့ဘာဘက်က လက်မခံသေးတာ ဖြစ်ပါတယ်။ သတင်းတွေအရ ပေါ့ဘာဟာ လာမယ့်ရာသီမှာ ပီအက်စ်ဂျီထံ အလွတ်ဖြင့် ပြောင်းရွှေ့ဖို့အတွက် သူရဲ့ ရွေးချယ်ခွင့်တွေကို အချိန်ယူစဉ်းစားလျက် ရှိပါတယ်။

တဖက်မှာ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ကွင်းလယ်လူ ပေါ့ဘာကို အနည်းဆုံး စာချုပ်၄နှစ် တစ်နှစ်ထပ်တိုးခွင့် အပါအဝင် ၂၀၂၅ခုနှစ်အထိ ဆက်ကစားသွားဖို့ဆန္ဒရှိနေကြပါတယ်။ အထူးသဖြင် စာချုပ်သစ်ချုုပ်ထားခြင်းဖြင့် ပေါ့ဘာရဲ့တန်ကြေးကို မြှင့်တင်လိုပြီး ၂၀၁၆ခုနှစ်က ပေါင် ၈၉သန်းဖြင့် ခေါ်ယူထားမှုအား ငွေကြေးပြန်ကာမိစေရန် ရည်ရွယ်နေပါတယ်။

ဒါပေမဲ့လည်း ၂၀၁၂ခုနှစ်က စာချုပ်ကုန်ဆုံးကာ ဂျူဗင်တပ်စ်အသင်းထံ ရောက်သွားတဲ့ ပေါ့ဘာဟာ နောက်တစ်ကြိမ် အဲဒီလို မလုပ်ဖူးလို့မပြောနိုင်ပါဘူး။ သူအနေနဲ့ ဆုံးဖြတ်ချက်ကို အချိန်ယူစဉ်းစားမှာ ဖြစ်ပြီး အလျင်စလို လုပ်သွားဖို့မလိုတာ ဖြစ်ပါတယ်။ သတင်းတွေအရ ပေါ့ဘာဟာ အနည်းဆုံး အပြောင်းအရွှေ့ပိတ်မယ့် သြဂုတ်လ ၃၁ရက်အထိ ယူနိုက်တက်အသင်းနဲ့အတူ လက်မှတ်ရေးထိုးဖို့ စိတ်ကူးမရှိပါဘူး။

ပီအက်စ်ဂျီက ယခုနွေမှာ ပေါ့ဘာကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ပေမယ့် မက်ဆီကို ခေါ်လိုက်တာကြောင့် နောက်ပိုင်းမှာ ပြင်သစ်သားကို စိတ်ဝင်စားမှု လျော့ကျသွားပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီက လာမယ့်နွေရာသီမှာ အလွတ်ဖြင့် ပြောင်းလာမယ် ဆိုရင် တစ်ပတ်ကို ပေါင် ၅၁၀၀၀၀ ပေးသွားမည်ဟု ပေါ့ဂ်ဘာအား ကမ်းလှမ်းထားပါတယ်။

ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာတို့ကလည်း စိတ်ဝင်စားကြပေမယ့် ထိုစ်သင်းလုံးက ဘဏ္ဍရေး ချင့်ချိန်နေ တာကြောင့် လာမယ့်နှစ် အလွတ်ဖြစ်သွားမှသာ ခေါ်ယူဖို့စဉ်းစားကြဖွယ် ရှိနေတာပါ။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ဟာ တစ္ပတ္ကို ေပါင္ ၄သိန္း အထိ ကြင္းလယ္လူ ေပါ့ဘာအား ေပးကာ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ရန္ ကမ္းလွမ္း သြားဖို႔ ရွိေနေၾကာင္း သိရသည္။ တစ္ပတ္ကို ေပါင္၂၉၀၀၀၀ ရေနတဲ့ ေပါ့ဘာအား လက္ရွိစာခ်ဳပ္ တစ္ႏွစ္ က်န္ေနေသးၿပီး ယူႏိုက္တက္လည္း အိုးထရက္ဖို႔ဒ္မွာ ကစားသမားကို ဆက္ေနဖို႔ ဆႏၵရွိေနပါတယ္။

ဘယ္လိုဘဲျဖစ္ျဖစ္ ယူႏိုက္တက္ဘက္က တစ္ပတ္လစာ ေပါင္ ၃၇၅၀၀၀ ရေနတဲ့ ဒီဂီယာကိုေက်ာ္ကာ လစာအမ်ားဆုံးအျဖစ္ ကမ္းလွမ္းထားေပမယ့္ ေပါ့ဘာဘက္က လက္မခံေသးတာ ျဖစ္ပါတယ္။ သတင္းေတြအရ ေပါ့ဘာဟာ လာမယ့္ရာသီမွာ ပီအက္စ္ဂ်ီထံ အလြတ္ျဖင့္ ေျပာင္းေ႐ႊ႕ဖို႔အတြက္ သူရဲ႕ ေ႐ြးခ်ယ္ခြင့္ေတြကို အခ်ိန္ယူစဥ္းစားလ်က္ ရွိပါတယ္။

တဖက္မွာ ယူႏိုက္တက္တာဝန္ရွိသူေတြဟာ ကြင္းလယ္လူ ေပါ့ဘာကို အနည္းဆုံး စာခ်ဳပ္၄ႏွစ္ တစ္ႏွစ္ထပ္တိုးခြင့္ အပါအဝင္ ၂၀၂၅ခုႏွစ္အထိ ဆက္ကစားသြားဖို႔ဆႏၵရွိေနၾကပါတယ္။ အထူးသျဖင္ စာခ်ဳပ္သစ္ခ်ဳုပ္ထားျခင္းျဖင့္ ေပါ့ဘာရဲ႕တန္ေၾကးကို ျမႇင့္တင္လိုၿပီး ၂၀၁၆ခုႏွစ္က ေပါင္ ၈၉သန္းျဖင့္ ေခၚယူထားမႈအား ေငြေၾကးျပန္ကာမိေစရန္ ရည္႐ြယ္ေနပါတယ္။

ဒါေပမဲ့လည္း ၂၀၁၂ခုႏွစ္က စာခ်ဳပ္ကုန္ဆုံးကာ ဂ်ဴဗင္တပ္စ္အသင္းထံ ေရာက္သြားတဲ့ ေပါ့ဘာဟာ ေနာက္တစ္ႀကိမ္ အဲဒီလို မလုပ္ဖူးလို႔မေျပာႏိုင္ပါဘူး။ သူအေနနဲ႔ ဆုံးျဖတ္ခ်က္ကို အခ်ိန္ယူစဥ္းစားမွာ ျဖစ္ၿပီး အလ်င္စလို လုပ္သြားဖို႔မလိုတာ ျဖစ္ပါတယ္။ သတင္းေတြအရ ေပါ့ဘာဟာ အနည္းဆုံး အေျပာင္းအေ႐ႊ႕ပိတ္မယ့္ ၾသဂုတ္လ ၃၁ရက္အထိ ယူႏိုက္တက္အသင္းနဲ႔အတူ လက္မွတ္ေရးထိုးဖို႔ စိတ္ကူးမရွိပါဘူး။

ပီအက္စ္ဂ်ီက ယခုေႏြမွာ ေပါ့ဘာကို ေခၚယူရန္ စိတ္ဝင္စားခဲ့ေပမယ့္ မက္ဆီကို ေခၚလိုက္တာေၾကာင့္ ေနာက္ပိုင္းမွာ ျပင္သစ္သားကို စိတ္ဝင္စားမႈ ေလ်ာ့က်သြားပါတယ္။ ဒါေပမဲ့ ပီအက္စ္ဂ်ီက လာမယ့္ေႏြရာသီမွာ အလြတ္ျဖင့္ ေျပာင္းလာမယ္ ဆိုရင္ တစ္ပတ္ကို ေပါင္ ၅၁၀၀၀၀ ေပးသြားမည္ဟု ေပါ့ဂ္ဘာအား ကမ္းလွမ္းထားပါတယ္။

ေပါ့ဘာကို ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာတို႔ကလည္း စိတ္ဝင္စားၾကေပမယ့္ ထိုစ္သင္းလုံးက ဘ႑ေရး ခ်င့္ခ်ိန္ေန တာေၾကာင့္ လာမယ့္ႏွစ္ အလြတ္ျဖစ္သြားမွသာ ေခၚယူဖို႔စဥ္းစားၾကဖြယ္ ရွိေနတာပါ။