ဂိုးပြတ်နိုင်ပွဲ အပြီး မန်စီးတီးက ယုံကြည်မှုတွေ ပြန်ရလာပြီ ကြွေးကြော်လိုက်တဲ့ ဂျီးဆပ်
စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နောဝစ်ချ်အား ၅-ဝဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲက စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး အသင်းကို ဂျီးဆပ်က ချီးကျူးလိုက်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က တော့တင်တမ်အား ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခြင်းကနေ ရုန်းထွက်နိုင်ခဲ့တာဖြစ်ပြီး ဂရီးလစ်ချ်၊ လာပေါ်တေး၊ စတာလင်၊ မာရက်ဇ်တို့ရဲ့ဂိုးများဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပွဲစဉ်မှာ ဂျီးဆပ်က မိနစ် ၉၀ပြည့်ပါဝင်ကစားခဲ့တာဖြစ်ပြီး “ မန်စီးတီးက ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဆက်သွယ် နေတဲ့အချိန်တွင်း ယုံကြည်မှုတွေ ပြန်ရလာပါပြီ ” လို့ ဘရာဇီးနိုင်ငံသားက ပြောဆိုထားပါတယ်။
“ဒါဟာ အသင်းအတွက် ပွဲကောင်းတစ်ပွဲလို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်တို့က လျင်လျင်မြန်မြန်နဲ့ ကစားနိုင် ခဲ့ပြီး ဘောလုံးပေးပို့နိုင်ခဲ့ကာ ဂိုးတွေသွင်းယူဖို့ ကြိုးစားနေတာပါ။ ဒီလိုမျိုးပုံစံနဲ့ ပွဲတိုင်းကို ကစားရမှာပါ ”
“ ပြီးခဲ့တဲ့ပွဲက ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ ကျွန်တော်တို့က အဲ့ဒီထက်ပိုပြီးလုပ်နိုင်တယ်ဆိုတာ လူတိုင်းသိ ကာ ဒီနေ့မှာတော့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ခက်ခဲတဲ့ပွဲဖြစ်ပြီး နော့ဝှစ်ချ်ကလည်း အကောင်းဆုံး ကြိုစားခဲ့ ကာ ပြိုင်ဘက်အသင်းတွေက ကြိုးစားတဲ့အချိန်မှာ ကျွန်တော်တို့အသင်းကလည်း ကောင်းကောင်းကစားနိုင်ခဲ့ပါ တယ် ”
“ ကျွန်တော့်ရဲ့အားအင်တွေပြန်ရလာသလိုခံစားရပြီး ယုံကြည်မှုလည်းပိုရလာပါတယ်။ ကျွန်တော်က အချိန်တိုင်း ကစားချင်ပြီး နည်းပြက ကြိုးစားပြီးကစားစေချင်တိုင်း အမြဲတမ်း အကောင်းဆုံး ကြိုးစားသွားမှာပါ ” “ နိုင်ငံအသင်းမှာတော့ ကျွန်တော်က ညာဘက်မှာ ပိုပြီးကစားပါတယ်။ ကျွန်တော်တို့အသင်းမှာ တိုက်စစ်မှုး ကောင်းတွေ တောင်ပံကစားသမားကောင်းတွေ အများကြီးရှိသလို မာရက်ဇ်၊ စတာလင်တို့က ဂိုးတွေသွင်းယူခဲ့ပြီး ကျွန်တော်တို့မှာ အရမ်းကိုကောင်းတဲ့အသင်းရှိပါတယ် ” လို့ ဂျီးဆပ်က ပြောပါတယ်။
ဒီနွေရာသီအစောပိုင်းမှာတုန်းက ဂျီးဆပ်ဟာ အီသီဟက်ကနေ ထွက်ခွာဖို့ ဆက်သွယ်မှုတွေရှိခဲ့တာဖြစ်ပြီး အခုတော့ ၂၀၂၁-၂၂ ရာသီမှာ အသင်းမှာဆက်ရှိနေမယ့်ပုံရှိနေပါတယ်။
ZG
စေနေန႔က ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ေနာဝစ္ခ်္အား ၅-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲက စြမ္းေဆာင္ရည္ႏွင့္ ပတ္သက္ၿပီး အသင္းကို ဂ်ီးဆပ္က ခ်ီးက်ဴးလိုက္ပါတယ္။ မန္စီးတီးဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္က ေတာ့တင္တမ္အား ၁-၀ ဂိုးျဖင့္ရႈံးနိမ့္ျခင္းကေန ႐ုန္းထြက္ႏိုင္ခဲ့တာျဖစ္ၿပီး ဂရီးလစ္ခ်္၊ လာေပၚေတး၊ စတာလင္၊ မာရက္ဇ္တို႔ရဲ႕ဂိုးမ်ားျဖင့္ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။
အဲ့ဒီပြဲစဥ္မွာ ဂ်ီးဆပ္က မိနစ္ ၉၀ျပည့္ပါဝင္ကစားခဲ့တာျဖစ္ၿပီး “ မန္စီးတီးက ဟယ္ရီကိန္းကို ေခၚယူဖို႔ ဆက္သြယ္ ေနတဲ့အခ်ိန္တြင္း ယုံၾကည္မႈေတြ ျပန္ရလာပါၿပီ ” လို႔ ဘရာဇီးႏိုင္ငံသားက ေျပာဆိုထားပါတယ္။
“ဒါဟာ အသင္းအတြက္ ပြဲေကာင္းတစ္ပြဲလို႔ ကြၽန္ေတာ္ထင္ပါတယ္၊ ကြၽန္ေတာ္တို႔က လ်င္လ်င္ျမန္ျမန္နဲ႔ ကစားႏိုင္ ခဲ့ၿပီး ေဘာလုံးေပးပို႔ႏိုင္ခဲ့ကာ ဂိုးေတြသြင္းယူဖို႔ ႀကိဳးစားေနတာပါ။ ဒီလိုမ်ိဳးပုံစံနဲ႔ ပြဲတိုင္းကို ကစားရမွာပါ ”
“ ၿပီးခဲ့တဲ့ပြဲက ရလဒ္ထြက္ေပၚခဲ့ၿပီးေနာက္မွာေတာ့ ကြၽန္ေတာ္တို႔က အဲ့ဒီထက္ပိုၿပီးလုပ္ႏိုင္တယ္ဆိုတာ လူတိုင္းသိ ကာ ဒီေန႔မွာေတာ့ အေကာင္းဆုံးႀကိဳးစားခဲ့ပါတယ္။ ခက္ခဲတဲ့ပြဲျဖစ္ၿပီး ေနာ့ဝွစ္ခ်္ကလည္း အေကာင္းဆုံး ႀကိဳစားခဲ့ ကာ ၿပိဳင္ဘက္အသင္းေတြက ႀကိဳးစားတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔အသင္းကလည္း ေကာင္းေကာင္းကစားႏိုင္ခဲ့ပါ တယ္ ”
“ ကြၽန္ေတာ့္ရဲ႕အားအင္ေတြျပန္ရလာသလိုခံစားရၿပီး ယုံၾကည္မႈလည္းပိုရလာပါတယ္။ ကြၽန္ေတာ္က အခ်ိန္တိုင္း ကစားခ်င္ၿပီး နည္းျပက ႀကိဳးစားၿပီးကစားေစခ်င္တိုင္း အၿမဲတမ္း အေကာင္းဆုံး ႀကိဳးစားသြားမွာပါ ” “ ႏိုင္ငံအသင္းမွာေတာ့ ကြၽန္ေတာ္က ညာဘက္မွာ ပိုၿပီးကစားပါတယ္။ ကြၽန္ေတာ္တို႔အသင္းမွာ တိုက္စစ္မႈး ေကာင္းေတြ ေတာင္ပံကစားသမားေကာင္းေတြ အမ်ားႀကီးရွိသလို မာရက္ဇ္၊ စတာလင္တို႔က ဂိုးေတြသြင္းယူခဲ့ၿပီး ကြၽန္ေတာ္တို႔မွာ အရမ္းကိုေကာင္းတဲ့အသင္းရွိပါတယ္ ” လို႔ ဂ်ီးဆပ္က ေျပာပါတယ္။
ဒီေႏြရာသီအေစာပိုင္းမွာတုန္းက ဂ်ီးဆပ္ဟာ အီသီဟက္ကေန ထြက္ခြာဖို႔ ဆက္သြယ္မႈေတြရွိခဲ့တာျဖစ္ၿပီး အခုေတာ့ ၂၀၂၁-၂၂ ရာသီမွာ အသင္းမွာဆက္ရွိေနမယ့္ပုံရွိေနပါတယ္။