ဇယားအောက်ဆုံး ရောက်နေတဲ့ အာဆင်နယ်နဲ့ အာတီတာ အပေါ် ဘုတ်အဖွဲ့ရဲ့ သဘောထား
အာဆင်နယ် အသင်းဘုတ်အဖွဲ့ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အခြေအနေ ဆိုးရွားနေပေမယ့် နည်းပြအာတီတာကို ရာထူးကနေ ထုတ်ပယ်မှာ မဟုတ်ကြောင်း သိရပါတယ်။
အာဆင်နယ်ဟာ လိဂ်အဖွင့် ၂ပွဲဆက် ၂-၀ ဂိုးရလဒ်တွေနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် စနေညနေကလည်း မန်စီးတီးကို ၅-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရရာ ပွဲစဉ် ၃အပြီးမှာ အမှတ်ပေးဇယား အောက်ဆုံး ရောက်သွားပါတယ်။
အာဆင်နယ်ဟာ ကွင်းလယ်လူဇာခါ ထုတ်ပယ် မခံရခင်ကတည်းက မန်စီးတီးကို ၂-၀ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာဖြစ်ပြီး စုစုပေါင်းဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်ပဲရှိခဲ့သလို ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တဲ့ အထိ ဆိုးရွားခဲ့ပါတယ်။
ဒီအတွက်ကြောင့် အာဆင်နယ် ပရိသတ်တချို့က အာတီတာကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုနေကြပေမယ့် Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အသင်းပိုင်ရှင် ခရိုယန်ကီက လက်ရှိအချိန်မှာ နည်းပြအပြောင်းအလဲ ပြုလုပ်မှာမဟုတ်ကြောင်း သိရပါတယ်။
အာဆင်နယ်ဟာ ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါး ၂၂နှစ်ကြာတဲ့အထိ တာဝန်ယူခဲ့ပြီးနောက်ပိုင်း ၂၀၁၈ ကတည်းက နည်းပြနှစ်ဦး အပြောင်းအလဲ ပြုလုပ်ထားပြီး ဝင်းဂါးရဲ့နေရာမှာ အစားထိုးခဲ့တဲ့ အမ်မရီရဲ့နေရာမှာ ၂၀၁၉ ခရစ္စမတ် ကာလတုန်းက လက်ရှိနည်းပြအာတီတာကို အစားထိုးခန့်အပ်ခဲ့တာပါ။
အာတီတာဟာ အာဆင်နယ်နည်းပြအဖြစ် ပွဲ ၉၀ တာဝန်ယူထားတဲ့အနက် ၂၆ပွဲရှုံးနိမ့်ထားပြီး အနိုင်ရတဲ့ရာခိုင်နှုန်းက ၅၁% ရှိပါတယ်။
စပိန်နိုင်ငံသား အာတီတာဟာ မန်စီးတီးကို အရှက်ရဖွယ် ဂိုးပြတ်အရေးနိမ့်ခဲ့မှုအတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပေမယ့် အသင်းနည်းပြအဖြစ် ဆက်ရှိသွားမယ်လို့ သတင်းတွေက အခိုင်အမာ ဆိုထားပါတယ်။
ZG
အာဆင္နယ္ အသင္းဘုတ္အဖြဲ႕ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ အေျခအေန ဆိုး႐ြားေနေပမယ့္ နည္းျပအာတီတာကို ရာထူးကေန ထုတ္ပယ္မွာ မဟုတ္ေၾကာင္း သိရပါတယ္။
အာဆင္နယ္ဟာ လိဂ္အဖြင့္ ၂ပြဲဆက္ ၂-၀ ဂိုးရလဒ္ေတြနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္ စေနညေနကလည္း မန္စီးတီးကို ၅-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရရာ ပြဲစဥ္ ၃အၿပီးမွာ အမွတ္ေပးဇယား ေအာက္ဆုံး ေရာက္သြားပါတယ္။ အာဆင္နယ္ဟာ ကြင္းလယ္လူဇာခါ ထုတ္ပယ္ မခံရခင္ကတည္းက မန္စီးတီးကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ေနခဲ့တာျဖစ္ၿပီး စုစုေပါင္းဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္ပဲရွိခဲ့သလို ဂိုးေပါက္တည့္မႈ တစ္ႀကိမ္မွ မရွိခဲ့တဲ့ အထိ ဆိုး႐ြားခဲ့ပါတယ္။
ဒီအတြက္ေၾကာင့္ အာဆင္နယ္ ပရိသတ္တခ်ိဳ႕က အာတီတာကို ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုေနၾကေပမယ့္ Goal သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အသင္းပိုင္ရွင္ ခ႐ိုယန္ကီက လက္ရွိအခ်ိန္မွာ နည္းျပအေျပာင္းအလဲ ျပဳလုပ္မွာမဟုတ္ေၾကာင္း သိရပါတယ္။
အာဆင္နယ္ဟာ ဂႏၴဝင္နည္းျပႀကီး အာစင္ဝင္းဂါး ၂၂ႏွစ္ၾကာတဲ့အထိ တာဝန္ယူခဲ့ၿပီးေနာက္ပိုင္း ၂၀၁၈ ကတည္းက နည္းျပႏွစ္ဦး အေျပာင္းအလဲ ျပဳလုပ္ထားၿပီး ဝင္းဂါးရဲ႕ေနရာမွာ အစားထိုးခဲ့တဲ့ အမ္မရီရဲ႕ေနရာမွာ ၂၀၁၉ ခရစၥမတ္ ကာလတုန္းက လက္ရွိနည္းျပအာတီတာကို အစားထိုးခန႔္အပ္ခဲ့တာပါ။
အာတီတာဟာ အာဆင္နယ္နည္းျပအျဖစ္ ပြဲ ၉၀ တာဝန္ယူထားတဲ့အနက္ ၂၆ပြဲရႈံးနိမ့္ထားၿပီး အႏိုင္ရတဲ့ရာခိုင္ႏႈန္းက ၅၁% ရွိပါတယ္။
စပိန္ႏိုင္ငံသား အာတီတာဟာ မန္စီးတီးကို အရွက္ရဖြယ္ ဂိုးျပတ္အေရးနိမ့္ခဲ့မႈအတြက္ ပရိသတ္ေတြကို ေတာင္းပန္ခဲ့ေပမယ့္ အသင္းနည္းျပအျဖစ္ ဆက္ရွိသြားမယ္လို႔ သတင္းေတြက အခိုင္အမာ ဆိုထားပါတယ္။