မန်စီးတီး ပရိသတ်တွေ ကွင်းထဲ လာအားပေးကြပါဦး လို့ ထုတ်ဖော် တိုက်တွန်းလိုက်တဲ့ ဂွာဒီယိုလာ

မန်စီးတီးအသင်း မန်နေဂျာ ပက် ဂွါဒီယိုလာက ပရိသတ်တွေအနေနဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ အများအပြား လာရောက် ကြည့်ရှုဖို့ တိုက်တွန်းစကား ဆိုလိုက်ပါတယ်။

မန်စီးတီးဟာ ဗုဒ္ဓဟူးနေ့ညတုန်းက အိမ်ကွင်းမှာ လိုက်ပ်ဇစ်ကို ၆-၃ ဂိုးနဲ့ အနိုင်ရရှိပြီး ၃ မှတ်ပြည့် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာက ပရိသတ်အားပေးမှုနည်းနေတာကို စိတ်ပျက်နေပြီး စနေနေ့ ဆောက်သမ်တန်နဲ့ပွဲမှာ အခုထက် ပိုများများ မြင်ချင်နေပါတယ်။

“ကျွန်တော်တို့ ပရိသတ်တွေရဲ့ အားလိုအပ်ပါတယ်။ ကျွန်တော်တို့ အရမ်းပင်ပန်းနေပါပြီ။ ဆောက်သမ်တန်နဲ့ပွဲက အရေးကြီးပါတယ်။ သူတို့က ကျွန်တော်တို့ကို ဒုက္ခပေးနိုင်စွမ်းရှိပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

မန် စီးတီးဟာ လိုက်ပ်ဇစ်ကို အန်ကူကူ ၊ အကီ ၊ မာရက်ဇ် ၊ ဂရီးလစ်ချ် ၊ ကန်ဆယ်လို နဲ့ ဂျီးဆပ်စ်တို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။ စီးတီးဟာ အခုလာမယ့်အပတ်မှာ ပရီးမီးယားလိဂ်အရေးကြီးပွဲအဖြစ် ဆောက်သမ်တန်နဲ့ အားပြိုင်ရမှာဖြစ်ပါတယ်။

ZG

မန္စီးတီးအသင္း မန္ေနဂ်ာ ပက္ ဂြါဒီယိုလာက ပရိသတ္ေတြအေနနဲ႔ ေဆာက္သမ္တန္နဲ႔ပြဲမွာ အမ်ားအျပား လာေရာက္ ၾကည့္ရႈဖို႔ တိုက္တြန္းစကား ဆိုလိုက္ပါတယ္။

မန္စီးတီးဟာ ဗုဒၶဟူးေန႔ညတုန္းက အိမ္ကြင္းမွာ လိုက္ပ္ဇစ္ကို ၆-၃ ဂိုးနဲ႔ အႏိုင္ရရွိၿပီး ၃ မွတ္ျပည့္ ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဂြါဒီယိုလာက ပရိသတ္အားေပးမႈနည္းေနတာကို စိတ္ပ်က္ေနၿပီး စေနေန႔ ေဆာက္သမ္တန္နဲ႔ပြဲမွာ အခုထက္ ပိုမ်ားမ်ား ျမင္ခ်င္ေနပါတယ္။

“ကြၽန္ေတာ္တို႔ ပရိသတ္ေတြရဲ႕ အားလိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ အရမ္းပင္ပန္းေနပါၿပီ။ ေဆာက္သမ္တန္နဲ႔ပြဲက အေရးႀကီးပါတယ္။ သူတို႔က ကြၽန္ေတာ္တို႔ကို ဒုကၡေပးႏိုင္စြမ္းရွိပါတယ္” လို႔ ဂြါဒီယိုလာက ေျပာၾကားခဲ့ပါတယ္။

မန္ စီးတီးဟာ လိုက္ပ္ဇစ္ကို အန္ကူကူ ၊ အကီ ၊ မာရက္ဇ္ ၊ ဂရီးလစ္ခ်္ ၊ ကန္ဆယ္လို နဲ႔ ဂ်ီးဆပ္စ္တို႔ရဲ႕ဂိုးေတြနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ စီးတီးဟာ အခုလာမယ့္အပတ္မွာ ပရီးမီးယားလိဂ္အေရးႀကီးပြဲအျဖစ္ ေဆာက္သမ္တန္နဲ႔ အားၿပိဳင္ရမွာျဖစ္ပါတယ္။