အာဆင်နယ် ဂိုးသမားတွေချင်း မကျေလည်မှုတွေ ရှိနေတယ် ဆိုတဲ့ သတင်းအပေါ် အာတီတာ တုန့်ပြန်

အာဆင်နယ် နံပါတ်တစ်ဂိုးသမားနေရာကို နွေရာသီက ပေါင် ၂၄သန်းဖြင့် ရောက်ရှိလာတဲ့ ရမ်စ်ဒယ်လ်ကို ပေးလိုက်ရပြီး နောက် လီနိုက ဆိုးရွားစွာပြုမှုခဲ့ပါတယ်လို့ ထွက်ပေါ်ခဲ့တဲ့ သတင်းတွေကို အာဆင်နယ်နည်းပြအာတီက ငြင်းဆို လိုက်ပါတယ်။

ဂျာမနီဂိုးသမားဟာ ၂၀၂၁-၂၂ ရာသီကို ဂန်နာတွေအတွက်စတင်ကစားပေးခဲ့သော်လည်း ၃ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရ တွင် ၉ဂိုးအထိပေးခဲ့ရတာဖြစ်ပါတယ်။

နော့ဝှစ်ချ်အား ၁-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရမ်စ်ဒယ်လ်ဟာပါဝင်ခဲ့ပြီး အဲ့ဒီကတည်းက လေ့ကျင့်ရေးမှာ လီနိုက ဒေါသထွက်နေပါတယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။

စနေနေ့ ဘန်လေနှင့်ကစားမည့်ပွဲမတိုင်ခင် အာတီတာက “ သတင်းတွေ ထွက်နေသလိုမဟုတ်ပါဘူး၊ အဲ့သတင်း တွေက မမှန်ပါဘူး၊ လေ့ကျင့်ရေးမှာ သူက အသင်းဖော်တွေနဲ့အတူ အကောင်းဆုံးလုပ်နေတဲ့အတွက် သတင်းတွေက မမှန်ပါဘူး ” လို့ သတင်းထောက်တွေကို ပြောပါတယ်။

လီနိုရဲ့အနာဂတ်နှင့်ပတ်သက်ပြီး အာမခံချက်ပေးထားလား ဆိုတဲ့အပေါ် အာတီတာက “ ပေးထားတာမရှိပါဘူး။ လွန်ခဲ့ တဲ့ ၂ နှစ် ၃နှစ်လောက်ကတည်းက ကျွန်တော်ပြောထားတာပါ။ ဒီလိုမျိုးတွေလည်း ကျွန်တော်တို့မလုပ်ချင်ပါဘူး ” “ ကျွန်တော်တို့ အလုပ်ချင်ဆုံးကတော့ စွမ်းဆောင်ရည်တိုးတက်လာဖို့နှင့် အကောင်းဆုံးကစားနိုင်မယ့်နည်းလမ်း နှင့် လေ့ကျင့်ပေးဖို့ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်အတွက် ကျွန်တော်က ဘယ်လိုအာမခံချက်ပေးနိုင်မှာလဲ ? ”

“ လွန်ခဲ့တဲ့ ၃လလောက်က လုပ်ဆောင်ခဲ့တာတွေကို ရေတွက်နေမှာမဟုတ်ဘဲ နေ့စဉ်လုပ်ဆောင်မှုကိုသာ ကြည့် မှာဖြစ်ပါတယ်။ အဲ့လိုဆိုရင် ခင်များတို့ရော ဒီနေ့နဲ့မနက်ဖြန်မှာဘာတွေလုပ်ကြမှာလဲ ” လို့ အာတီတာက ပြောပါတယ်။

လီနိုရဲ့ စာချုပ်ဟာ ၂၀၂၃ခုနှစ်ထိဖြစ်ပြီး ကောလာဟလတွေကလည်း ထွက်နေတာဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ သူ့ရဲ့နေရာကို ကာလရှည်အစားထိုးဖို့အတွက် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါကြောင့် ရမ်စ်ဒယ်လ်ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အတွက် ပထမဆုံးပွဲထွက်ခွင့်ရရှိတဲ့ပွဲမှာ ရမ်စ်ဒယ်လ်က Clean Sheet ရရှိခဲ့တာဖြစ်ပြီး နောက်တစ်ပွဲ မှာလည်း ပွဲထွက်ခွင့်ရရှိဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ တော့တင်ဟမ်နှင့် ကစားမည့် လန်ဒန်ဒါဘီပွဲစဉ်မှာ အတွေ့အကြုံရင့်ဂိုးသမားဖြစ်သူ လီနိုက ဒုတိယနေရာသို့ ရောက်ရှိသွားဖွယ်ရှိနေပါတယ်။

ZG

အာဆင္နယ္ နံပါတ္တစ္ဂိုးသမားေနရာကို ေႏြရာသီက ေပါင္ ၂၄သန္းျဖင့္ ေရာက္ရွိလာတဲ့ ရမ္စ္ဒယ္လ္ကို ေပးလိုက္ရၿပီး ေနာက္ လီႏိုက ဆိုး႐ြားစြာျပဳမႈခဲ့ပါတယ္လို႔ ထြက္ေပၚခဲ့တဲ့ သတင္းေတြကို အာဆင္နယ္နည္းျပအာတီက ျငင္းဆို လိုက္ပါတယ္။

ဂ်ာမနီဂိုးသမားဟာ ၂၀၂၁-၂၂ ရာသီကို ဂန္နာေတြအတြက္စတင္ကစားေပးခဲ့ေသာ္လည္း ၃ပြဲဆက္ႏိုင္ပြဲေပ်ာက္ခဲ့ရ တြင္ ၉ဂိုးအထိေပးခဲ့ရတာျဖစ္ပါတယ္။

ေနာ့ဝွစ္ခ်္အား ၁-၀ ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲမွာ ရမ္စ္ဒယ္လ္ဟာပါဝင္ခဲ့ၿပီး အဲ့ဒီကတည္းက ေလ့က်င့္ေရးမွာ လီႏိုက ေဒါသထြက္ေနပါတယ္လို႔ သတင္းေတြ ထြက္ေနတာျဖစ္ပါတယ္။

စေနေန႔ ဘန္ေလႏွင့္ကစားမည့္ပြဲမတိုင္ခင္ အာတီတာက “ သတင္းေတြ ထြက္ေနသလိုမဟုတ္ပါဘူး၊ အဲ့သတင္း ေတြက မမွန္ပါဘူး၊ ေလ့က်င့္ေရးမွာ သူက အသင္းေဖာ္ေတြနဲ႔အတူ အေကာင္းဆုံးလုပ္ေနတဲ့အတြက္ သတင္းေတြက မမွန္ပါဘူး ” လို႔ သတင္းေထာက္ေတြကို ေျပာပါတယ္။

လီႏိုရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီး အာမခံခ်က္ေပးထားလား ဆိုတဲ့အေပၚ အာတီတာက “ ေပးထားတာမရွိပါဘူး။ လြန္ခဲ့ တဲ့ ၂ ႏွစ္ ၃ႏွစ္ေလာက္ကတည္းက ကြၽန္ေတာ္ေျပာထားတာပါ။ ဒီလိုမ်ိဳးေတြလည္း ကြၽန္ေတာ္တို႔မလုပ္ခ်င္ပါဘူး ” “ ကြၽန္ေတာ္တို႔ အလုပ္ခ်င္ဆုံးကေတာ့ စြမ္းေဆာင္ရည္တိုးတက္လာဖို႔ႏွင့္ အေကာင္းဆုံးကစားႏိုင္မယ့္နည္းလမ္း ႏွင့္ ေလ့က်င့္ေပးဖို႔ျဖစ္ပါတယ္။ တစ္စုံတစ္ေယာက္အတြက္ ကြၽန္ေတာ္က ဘယ္လိုအာမခံခ်က္ေပးႏိုင္မွာလဲ ? ”

“ လြန္ခဲ့တဲ့ ၃လေလာက္က လုပ္ေဆာင္ခဲ့တာေတြကို ေရတြက္ေနမွာမဟုတ္ဘဲ ေန႔စဥ္လုပ္ေဆာင္မႈကိုသာ ၾကည့္ မွာျဖစ္ပါတယ္။ အဲ့လိုဆိုရင္ ခင္မ်ားတို႔ေရာ ဒီေန႔နဲ႔မနက္ျဖန္မွာဘာေတြလုပ္ၾကမွာလဲ ” လို႔ အာတီတာက ေျပာပါတယ္။

လီႏိုရဲ႕ စာခ်ဳပ္ဟာ ၂၀၂၃ခုႏွစ္ထိျဖစ္ၿပီး ေကာလာဟလေတြကလည္း ထြက္ေနတာျဖစ္ပါတယ္။ အာဆင္နယ္ အသင္းဟာ သူ႔ရဲ႕ေနရာကို ကာလရွည္အစားထိုးဖို႔အတြက္ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ဒါေၾကာင့္ ရမ္စ္ဒယ္လ္ကို ေခၚယူခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္အတြက္ ပထမဆုံးပြဲထြက္ခြင့္ရရွိတဲ့ပြဲမွာ ရမ္စ္ဒယ္လ္က Clean Sheet ရရွိခဲ့တာျဖစ္ၿပီး ေနာက္တစ္ပြဲ မွာလည္း ပြဲထြက္ခြင့္ရရွိဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ စက္တင္ဘာ ၂၆ ရက္ေန႔ ေတာ့တင္ဟမ္ႏွင့္ ကစားမည့္ လန္ဒန္ဒါဘီပြဲစဥ္မွာ အေတြ႕အႀကဳံရင့္ဂိုးသမားျဖစ္သူ လီႏိုက ဒုတိယေနရာသို႔ ေရာက္ရွိသြားဖြယ္ရွိေနပါတယ္။