ဒီဂီယာက နောက်ဆုံးမိနစ် ပင်နယ်တီကို ကာကွယ်နိုင်မယ် မထင်ခဲ့ကြောင်း နည်းပြ ဆိုးရှား ဝန်ခံ
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ဝက်စ်ဟမ်းအသင်းကို အဝေးကွင်းမှာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နောက်ဆုံးမိနစ် ပင်နယ်တီကို ကာကွယ်ကာ အသင်းအတွက် ရမှတ် ၃မှတ် ရယူပေးနိုင်ခဲ့တဲ့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒီဂီယာကို ပွဲအပြီးမှာ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းရဲ့ လန်ဒန်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်း အနေနဲ့ ဝက်စ်ဟမ်းအသင်း အပေါ် ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဂိုးကံခေမှုတွေ ၊ ကွင်းလယ်ဒိုင်ရဲ့ မပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပွဲဟာ နောက်ဆုံးမိနစ် အထိ အသက်ဝင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်ရဲ့ ဦးဆောင်ဂိုးကို စတင် ရရှိခဲ့တဲ့ အသင်းကတော့ ဝက်စ်ဟမ်းအသင်း ဖြစ်ပြီး ပွဲကစားချိန် မိနစ်၃၀မှာ တောင်ပံ ကစားသမား ဘန်ရာမာက အဝေးကန်ချက် ကနေ တဆင့် သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက် ၅မိနစ်အကြာမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချေပဂိုး ပြန်လည် ရရှိခဲ့ပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုက သွင်းယူပေးခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် အဖိုးတန် အနိုင်ဂိုးကိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဝက်စ်ဟမ်းအသင်းထံ အငှားနဲ့ လာရောက် ကစားကာ ခြေစွမ်းပြနိုင်ခဲ့တဲ့ လင်ဂတ်က ပွဲကစားချိန် ၈၉မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၁-၂ ဖြစ်သွားချိန်မှာ ပွဲပြီးဆုံးသွားပြီလို့ ထင်မှတ်ခဲ့ပေမယ့် ပွဲကစားချိန် မိနစ်၉၀ ပြည့်လို့ နာကျင်အချိန်ပိုကို ရောက်ရှိတဲ့ အချိန်မှာတော့ ယူနိုက်တက် ဘယ်နောက်ခံလူ လုခ်ရှောရဲ့ လက်ထိဘောကြောင့် ဝက်စ်ဟမ်းအသင်းဟာ ချေပဂိုး ရရှိမယ့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့် ပင်နယ်တီ ကန်ဖို့ အတွက် လူစားဝင် ကစားသမား အဖြစ် ကစားခွင့် ရခဲ့တဲ့ ဝက်စ်ဟမ်း ကစားသမား နိုဘယ်ရဲ့ ကန်သွင်းချက်ကို မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် သရဲနီတို့အနေနဲ့ အိမ်ပြန်မျက်နှာပန်း လှခဲ့တာ ဖြစ်ပြီး ပွဲအပြီးမှာတော့ ဆိုးလ်ရှားက သူဟာ ဒီဂီယာက ပင်နယ်တီကို ကာကွယ်နိုင်လိမ့်မယ်လို့ မထင်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။
ဆိုးလ်ရှားက – “ ကျွန်တော်က ဒေးဗစ်(ဒီဂီယာ)ကို ယုံပါတယ်။ သူက ပင်နယ်တီ ကာကွယ်နိုင်တာကိုလည်း ကိုယ်တိုင် မြင်တွေ့ဖူးပါတယ်။ သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပဲလေ့စ်အသင်းရဲ့ ပင်နယ်တီ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့ပြီး ခြေထောက်တွေက ဂိုးစည်းကျော်သွားလို့သာ နောက်ထပ် တကြိမ် ထပ်ပြီး ကန်သွင်းခွင့် ပြုခဲ့ရတာပါ။ နိုဘယ်က ပင်နယ်တီကနေ ဂိုးတွေ အများကြီး သွင်းယူထားနိုင်သူပါ။ ဒါကြောင့်လည်း နိုဘယ်ကို မြင်လိုက်တဲ့ အချိန်မှာ ငါတို့တော့ ရမှတ် ၁မှတ်ထဲနဲ့ အိမ်ပြန်ရတော့မယ်လို့ တွေးမိခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းတာက ဒေးဗစ်ဟာ ဒီပင်နယ်တီကို ကာကွယ်နိုင်ခဲ့တာပါပဲ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။
ZG
မန္ခ်က္စတာ ယူႏိုက္တက္အသင္းရဲ႕ နည္းျပျဖစ္သူ အိုေလဂန္နာ ဆိုးလ္ရွား ကေတာ့ ဝက္စ္ဟမ္းအသင္းကို အေဝးကြင္းမွာ ၁-၂ ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ေနာက္ဆုံးမိနစ္ ပင္နယ္တီကို ကာကြယ္ကာ အသင္းအတြက္ ရမွတ္ ၃မွတ္ ရယူေပးႏိုင္ခဲ့တဲ့ အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ဒီဂီယာကို ပြဲအၿပီးမွာ ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။
ဝက္စ္ဟမ္းအသင္းရဲ႕ လန္ဒန္ကြင္းႀကီးထဲမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အဆိုပါပြဲစဥ္မွာ မန္ခ်က္စတာ ယူႏိုက္တက္အသင္း အေနနဲ႔ ဝက္စ္ဟမ္းအသင္း အေပၚ ဖိအားေပး ကစားႏိုင္ခဲ့ေပမယ့္ ဂိုးကံေခမႈေတြ ၊ ကြင္းလယ္ဒိုင္ရဲ႕ မျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ပြဲဟာ ေနာက္ဆုံးမိနစ္ အထိ အသက္ဝင္ခဲ့ပါတယ္။
အဆိုပါပြဲစဥ္ရဲ႕ ဦးေဆာင္ဂိုးကို စတင္ ရရွိခဲ့တဲ့ အသင္းကေတာ့ ဝက္စ္ဟမ္းအသင္း ျဖစ္ၿပီး ပြဲကစားခ်ိန္ မိနစ္၃၀မွာ ေတာင္ပံ ကစားသမား ဘန္ရာမာက အေဝးကန္ခ်က္ ကေန တဆင့္ သြင္းယူေပးခဲ့တာပါ။ အဲ့ဒီေနာက္ ၅မိနစ္အၾကာမွာပဲ မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေခ်ပဂိုး ျပန္လည္ ရရွိခဲ့ၿပီး အသင္းရဲ႕ အဓိက တိုက္စစ္မႉး ႐ိုနယ္ဒိုက သြင္းယူေပးခဲ့ပါတယ္။
မန္ခ်က္စတာ ယူႏိုက္တက္အသင္း အတြက္ အဖိုးတန္ အႏိုင္ဂိုးကိုေတာ့ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဝက္စ္ဟမ္းအသင္းထံ အငွားနဲ႔ လာေရာက္ ကစားကာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ လင္ဂတ္က ပြဲကစားခ်ိန္ ၈၉မိနစ္မွာ သြင္းယူေပးခဲ့တာ ျဖစ္ၿပီး ၁-၂ ျဖစ္သြားခ်ိန္မွာ ပြဲၿပီးဆုံးသြားၿပီလို႔ ထင္မွတ္ခဲ့ေပမယ့္ ပြဲကစားခ်ိန္ မိနစ္၉၀ ျပည့္လို႔ နာက်င္အခ်ိန္ပိုကို ေရာက္ရွိတဲ့ အခ်ိန္မွာေတာ့ ယူႏိုက္တက္ ဘယ္ေနာက္ခံလူ လုခ္ေရွာရဲ႕ လက္ထိေဘာေၾကာင့္ ဝက္စ္ဟမ္းအသင္းဟာ ေခ်ပဂိုး ရရွိမယ့္ အခြင့္အေရးကို ပိုင္ဆိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ပင္နယ္တီ ကန္ဖို႔ အတြက္ လူစားဝင္ ကစားသမား အျဖစ္ ကစားခြင့္ ရခဲ့တဲ့ ဝက္စ္ဟမ္း ကစားသမား ႏိုဘယ္ရဲ႕ ကန္သြင္းခ်က္ကို မန္ခ်က္စတာ ယူႏိုက္တက္ ဂိုးသမား ဒီဂီယာက လက္စြမ္းျပ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ သရဲနီတို႔အေနနဲ႔ အိမ္ျပန္မ်က္ႏွာပန္း လွခဲ့တာ ျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ ဆိုးလ္ရွားက သူဟာ ဒီဂီယာက ပင္နယ္တီကို ကာကြယ္ႏိုင္လိမ့္မယ္လို႔ မထင္ခဲ့ေၾကာင္း ဖြင့္ဟ ေျပာၾကားခဲ့ပါတယ္။
ဆိုးလ္ရွားက – “ ကြၽန္ေတာ္က ေဒးဗစ္(ဒီဂီယာ)ကို ယုံပါတယ္။ သူက ပင္နယ္တီ ကာကြယ္ႏိုင္တာကိုလည္း ကိုယ္တိုင္ ျမင္ေတြ႕ဖူးပါတယ္။ သူက ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ပဲေလ့စ္အသင္းရဲ႕ ပင္နယ္တီ ကန္သြင္းခ်က္ကို ကာကြယ္ႏိုင္ခဲ့ၿပီး ေျခေထာက္ေတြက ဂိုးစည္းေက်ာ္သြားလို႔သာ ေနာက္ထပ္ တႀကိမ္ ထပ္ၿပီး ကန္သြင္းခြင့္ ျပဳခဲ့ရတာပါ။ ႏိုဘယ္က ပင္နယ္တီကေန ဂိုးေတြ အမ်ားႀကီး သြင္းယူထားႏိုင္သူပါ။ ဒါေၾကာင့္လည္း ႏိုဘယ္ကို ျမင္လိုက္တဲ့ အခ်ိန္မွာ ငါတို႔ေတာ့ ရမွတ္ ၁မွတ္ထဲနဲ႔ အိမ္ျပန္ရေတာ့မယ္လို႔ ေတြးမိခဲ့ပါတယ္။ ဒါေပမယ့္ ကံေကာင္းတာက ေဒးဗစ္ဟာ ဒီပင္နယ္တီကို ကာကြယ္ႏိုင္ခဲ့တာပါပဲ” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။