စီ ရော်နယ်ဒိုက ဝက်စ်ဟမ်းနဲ့ပွဲမှာ ပင်နယ်တီရဖို့ ဒိုင်ဗင်ပစ်ခဲ့ကြောင်း ဝေဖန် စွပ်စွဲလိုက်တဲ့ အိုဟားရား

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ဝက်စ်ဟမ်းကို ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှ ပင်နယ်တီရရှိဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့တယ် လို့ စပါးကွင်းလယ်လူဟောင်း အိုဟားရားက ပြစ်တင် ဝေဖန်လိုက်ပါတယ်။

အိုဟားရားဟာ လက်ရှိအချိန်မှာ TalkSport ရဲ့ ဆွေးနွေးခန်းအစီအစဉ်တွေမှာ ပုံမှန်သုံးသပ်ပေးနေတဲ့သူတစ်ယောက်ဖြစ်ပြီး အခုလိုပဲ ဝက်စ်ဟမ်းနဲ့ပွဲက ရော်နယ်ဒိုရဲ့ အနေအထားကို ဝေဖန်ခဲ့တာပါ။ ဒီပွဲမှာ ရော်နယ်ဒိုအနေနဲ့ သေချာပေါက် ပင်နယ်တီရသင့်တဲ့ ပြစ်ဒဏ်ကျူးလွန်မှု (၂) ကြိမ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ယုံကြည်ပြီး ဒီအတွက်လည်း ကွင်းလယ်ဒိုင်လူကြီးကို စောဒကတက်ခဲ့ပါတယ်။

ကူဖယ်လ်နဲ့ဇူးမားတို့ဟာ ရော်နယ်ဒိုကို ဆက်တိုက်ဆိုသလို ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပေမယ့် ဒိုင်လူကြီးကတော့ ဒီဖြစ်ရပ်တွေအားလုံးကို ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အိုဟားရားက “ကူဖယ်လ်က ရော်နယ်ဒိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာက သေချာပေါက် ပင်နယ်တီပါ။”

“ကူဖယ်လ်က သူ့ခြေထောက်ကိုထုတ်လိုက်ပြီး ဒီအနေအထားမှာ ပင်နယ်တီမပေးတာကို ကျွန်တော် ယုံတောင်မယုံနိုင်ပါဘူး။ ဒါပေမယ့် ဇူးမားနဲ့ရော်နယ်ဒိုဖြစ်ရပ်ကတော့ ပင်နယ်တီမဟုတ်ပါဘူး။ ရော်နယ်ဒိုက အရှိန်နဲ့ပြေးလာပြီး ဇူးမားကိုကျော်ဖြတ်ခဲ့တာဟုတ်ပါတယ်။ ဒါပေမယ့် တခြားဘက်ကကြည့်ရင် ဒါက ပင်နယ်တီမဟုတ်ပါဘူး။ ရော်နယ်ဒို ဒိုင်ဗင်ထိုးခဲ့တာ၊ သူ ပင်နယ်တီရဖို့ လုပ်တာပါ။ ဇူးမား အဝင် နောက်ကျသွားတာတော့ အမှန်ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အဲ့ဒီပွဲစဉ်ရဲ့ နောက်ဆုံးမိနစ်မှာ လုခ်ရှောရဲ့လက်ထိဘောကြောင့် ပင်နယ်တီပေးခဲ့ရပေမယ့် လူစားဝင်ကစားသမား နိုဘယ်လ်ရဲ့ကန်ချက်ကို ဒီဂီယာကာကွယ်နိုင်ခဲ့တာကြောင့်လည်း အခုလိုပဲ အဝေးကွင်းနိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ZG

ယူႏိုက္တက္တိုက္စစ္မႉး ေရာ္နယ္ဒိုအေနနဲ႔ ဝက္စ္ဟမ္းကို ၁-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲမွ ပင္နယ္တီရရွိဖို႔အတြက္ ရည္႐ြယ္ခ်က္ရွိရွိ ႀကိဳးစားခဲ့တယ္ လို႔ စပါးကြင္းလယ္လူေဟာင္း အိုဟားရားက ျပစ္တင္ ေဝဖန္လိုက္ပါတယ္။

အိုဟားရားဟာ လက္ရွိအခ်ိန္မွာ TalkSport ရဲ႕ ေဆြးေႏြးခန္းအစီအစဥ္ေတြမွာ ပုံမွန္သုံးသပ္ေပးေနတဲ့သူတစ္ေယာက္ျဖစ္ၿပီး အခုလိုပဲ ဝက္စ္ဟမ္းနဲ႔ပြဲက ေရာ္နယ္ဒိုရဲ႕ အေနအထားကို ေဝဖန္ခဲ့တာပါ။ ဒီပြဲမွာ ေရာ္နယ္ဒိုအေနနဲ႔ ေသခ်ာေပါက္ ပင္နယ္တီရသင့္တဲ့ ျပစ္ဒဏ္က်ဴးလြန္မႈ (၂) ႀကိမ္နဲ႔ ရင္ဆိုင္ခဲ့ရတယ္လို႔ ယုံၾကည္ၿပီး ဒီအတြက္လည္း ကြင္းလယ္ဒိုင္လူႀကီးကို ေစာဒကတက္ခဲ့ပါတယ္။

ကူဖယ္လ္နဲ႔ဇူးမားတို႔ဟာ ေရာ္နယ္ဒိုကို ဆက္တိုက္ဆိုသလို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာျဖစ္ေပမယ့္ ဒိုင္လူႀကီးကေတာ့ ဒီျဖစ္ရပ္ေတြအားလုံးကို ပင္နယ္တီေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာလည္း အိုဟားရားက “ကူဖယ္လ္က ေရာ္နယ္ဒိုကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာက ေသခ်ာေပါက္ ပင္နယ္တီပါ။”

“ကူဖယ္လ္က သူ႔ေျခေထာက္ကိုထုတ္လိုက္ၿပီး ဒီအေနအထားမွာ ပင္နယ္တီမေပးတာကို ကြၽန္ေတာ္ ယုံေတာင္မယုံႏိုင္ပါဘူး။ ဒါေပမယ့္ ဇူးမားနဲ႔ေရာ္နယ္ဒိုျဖစ္ရပ္ကေတာ့ ပင္နယ္တီမဟုတ္ပါဘူး။ ေရာ္နယ္ဒိုက အရွိန္နဲ႔ေျပးလာၿပီး ဇူးမားကိုေက်ာ္ျဖတ္ခဲ့တာဟုတ္ပါတယ္။ ဒါေပမယ့္ တျခားဘက္ကၾကည့္ရင္ ဒါက ပင္နယ္တီမဟုတ္ပါဘူး။ ေရာ္နယ္ဒို ဒိုင္ဗင္ထိုးခဲ့တာ၊ သူ ပင္နယ္တီရဖို႔ လုပ္တာပါ။ ဇူးမား အဝင္ ေနာက္က်သြားတာေတာ့ အမွန္ပါပဲ။” လို႔ ေျပာၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္းဟာ အဲ့ဒီပြဲစဥ္ရဲ႕ ေနာက္ဆုံးမိနစ္မွာ လုခ္ေရွာရဲ႕လက္ထိေဘာေၾကာင့္ ပင္နယ္တီေပးခဲ့ရေပမယ့္ လူစားဝင္ကစားသမား ႏိုဘယ္လ္ရဲ႕ကန္ခ်က္ကို ဒီဂီယာကာကြယ္ႏိုင္ခဲ့တာေၾကာင့္လည္း အခုလိုပဲ အေဝးကြင္းႏိုင္ပြဲတစ္ပြဲကို ေဖာ္ေဆာင္ႏိုင္ခဲ့ပါတယ္။