ဗီလာကို ရှုံးတဲ့ ပွဲအပြီး ရော်နယ်ဒို ဘာလို့ ပင်နယ်တီ မကန်သလဲ မဖြေလိုတဲ့ ဆိုးရှားနဲ့ ၎င်းရဲ့ တုန့်ပြန်စကား
ညက အက်စတွန်ဗီလာနဲ့ ပွဲမှာ ဖာနန်ဒက်စ်က ပင်နယ်တီကို ဝင်အောင်မကန်သွင်းနိုင်တဲ့အတွက် ဘာကြောင့် ရော်နယ်ဒိုကို ပင်နယ်တီကန်တဲ့ တာဝန်ကို မပေးအပ်ရတာလဲလို့ မေးရာတွင် ယူနိုက်တက်ရဲ့နည်းပြဆိုးလ်ရှားဟာ အဲ့ဒီမေးခွန်းကို ဖြေလိုတဲ့ပုံစံမရှိခဲ့ပါဘူး။
ကော့နေးရဲ့ နောက်ကျဂိုးသွင်းယူပြီးနောက်မှာတော့ ယူနိုက်တက်ဟာ ပင်နယ်တီကန်သွင်းခွင့်ရရှိခဲ့ပြီး အဲ့ဒီ ပင်နယ်တီကို နွေရာသီက ခေါ်ယူထားတဲ့ ရော်နယ်ဒို ရှိနေသော်လည်း ဖာနန်ဒက်စ်ကသာ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ပွဲသိမ်းခရာမှုတ်တဲ့အချိန်မှာ ဆိုးလ်ရှားပုံစံက တက်ကြွမှုမရှိတာက အံ့ဩစရာမဟုတ်ကာ ရော်နယ်ဒိုအား ပင်နယ်တီ ကန်ခွင့်မပေးတာနဲ့ပတ်သက်ပြီး ပြောဆိုချင်ပုံတော့မရပါဘူး။
ဗီလာအသင်းရရှိခဲ့တဲ့ဂိုးကို လူကျွံနေတယ်လို့ အစပိုင်းက စောဒကတက်ခဲ့သော်လည်း နော်ဝေနိုင်ငံသားဟာ ပင်နယ်တီမရရှိခင်မှာ ပြိုင်ဘက်အသင်းရဲ့ပုံစံကိုသာ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။
“ဘရူနိုက ပင်နယ်တီကန်တဲ့ နေရာမှာ ကျွမ်းကျင်သော်လည်း ဒီနေ့မှာတော့ လွဲချော်ခဲ့ပါတယ်။ ဒါက သူ့အပေါ်မှာ တာဝန်တော့မရှိပါဘူး။ သူက စိတ်ဓာတ် မာကြောပြီး ရှေ့ဆက်တိုးတက်လာမှာပါ။ ဘယ်သူပင်နယ်တီကန်မလဲဆို တာကတော့ ပွဲမစခင်ကတည်းက ဆုံးဖြတ်ပြီးသားပါ ” လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။
ပေါ်တူဂီသား တိုက်စစ်သမား ရော်နယ်ဒို ဟာ သူ့ရဲ့ နိုင်ငံ့လက်ရွေးစင်အသင်းဖော်ကန်တဲ့ ပင်နယ်တီကို မျှော်လင့်ချက်ကြီးစွာ ဖြင့် စောင့်ကြည့်နေခဲ့ပြီး ဖာနန်ဒက်စ်က ဂိုးပေါက်နှင့်လွဲချော်ခဲ့တဲ့အတွက် အက်စတွန်ဗီလာ အသင်းဟာ မမျှော်လင့်ဘဲ အနိုင်ရရှိခဲ့ပါတယ်။
ZG
ညက အက္စတြန္ဗီလာနဲ႕ ပြဲမွာ ဖာနန္ဒက္စ္က ပင္နယ္တီကို ဝင္ေအာင္မကန္သြင္းႏိုင္တဲ့အတြက္ ဘာေၾကာင့္ ေရာ္နယ္ဒိုကို ပင္နယ္တီကန္တဲ့ တာဝန္ကို မေပးအပ္ရတာလဲလို႔ ေမးရာတြင္ ယူႏိုက္တက္ရဲ႕နည္းျပဆိုးလ္ရွားဟာ အဲ့ဒီေမးခြန္းကို ေျဖလိုတဲ့ပုံစံမရွိခဲ့ပါဘူး။
ေကာ့ေနးရဲ႕ ေနာက္က်ဂိုးသြင္းယူၿပီးေနာက္မွာေတာ့ ယူႏိုက္တက္ဟာ ပင္နယ္တီကန္သြင္းခြင့္ရရွိခဲ့ၿပီး အဲ့ဒီ ပင္နယ္တီကို ေႏြရာသီက ေခၚယူထားတဲ့ ေရာ္နယ္ဒို ရွိေနေသာ္လည္း ဖာနန္ဒက္စ္ကသာ ကန္သြင္းခဲ့တာ ျဖစ္ပါတယ္။
ပြဲသိမ္းခရာမႈတ္တဲ့အခ်ိန္မွာ ဆိုးလ္ရွားပုံစံက တက္ႂကြမႈမရွိတာက အံ့ဩစရာမဟုတ္ကာ ေရာ္နယ္ဒိုအား ပင္နယ္တီ ကန္ခြင့္မေပးတာနဲ႔ပတ္သက္ၿပီး ေျပာဆိုခ်င္ပုံေတာ့မရပါဘူး။
ဗီလာအသင္းရရွိခဲ့တဲ့ဂိုးကို လူကြၽံေနတယ္လို႔ အစပိုင္းက ေစာဒကတက္ခဲ့ေသာ္လည္း ေနာ္ေဝႏိုင္ငံသားဟာ ပင္နယ္တီမရရွိခင္မွာ ၿပိဳင္ဘက္အသင္းရဲ႕ပုံစံကိုသာ အာ႐ုံစိုက္ခဲ့တာျဖစ္ပါတယ္။
“ဘ႐ူႏိုက ပင္နယ္တီကန္တဲ့ ေနရာမွာ ကြၽမ္းက်င္ေသာ္လည္း ဒီေန႔မွာေတာ့ လြဲေခ်ာ္ခဲ့ပါတယ္။ ဒါက သူ႔အေပၚမွာ တာဝန္ေတာ့မရွိပါဘူး။ သူက စိတ္ဓာတ္ မာေၾကာၿပီး ေရွ႕ဆက္တိုးတက္လာမွာပါ။ ဘယ္သူပင္နယ္တီကန္မလဲဆို တာကေတာ့ ပြဲမစခင္ကတည္းက ဆုံးျဖတ္ၿပီးသားပါ ” လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။
ေပၚတူဂီသား တိုက္စစ္သမား ေရာ္နယ္ဒို ဟာ သူ႔ရဲ႕ ႏိုင္ငံ့လက္ေ႐ြးစင္အသင္းေဖာ္ကန္တဲ့ ပင္နယ္တီကို ေမွ်ာ္လင့္ခ်က္ႀကီးစြာ ျဖင့္ ေစာင့္ၾကည့္ေနခဲ့ၿပီး ဖာနန္ဒက္စ္က ဂိုးေပါက္ႏွင့္လြဲေခ်ာ္ခဲ့တဲ့အတြက္ အက္စတြန္ဗီလာ အသင္းဟာ မေမွ်ာ္လင့္ဘဲ အႏိုင္ရရွိခဲ့ပါတယ္။