အဲဗာတန်နဲ့ ပွဲ အပြီးမှာ ယူနိုက်တက် အတွက် အရေးပါလာမယ့် အသင်းသားကို ဖာနန်ဒက်စ် ဖော်ထုတ် ချီးကျူး

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကတော့ အန်တိုနီမာရှယ်ဂိုးပြန်သွင်းနိုင်တဲ့အတွက် ဝမ်းသာမိကြောင်း ပြောခဲ့ပါတယ်။ မာရှယ်ဟာ ဒီရာသီ သူ့ရဲ့ပထမဆုံးသွင်းဂိုးကို ယူနိုက်တက်က အဲဗာတန်နဲ့ သရေကျခဲ့တဲ့ စနေညပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အဆိုပါဂိုးကိုတော့ ဖာနန်ဒက်စ်က ဖန်တီးပေးခဲ့တာ ဖြစ်ပြီးနောက် သူ့ရဲ့အသင်းဖော်ဟာ အသင်းအတွက် အရေးကြီးတဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

ဖာနန်ဒက်စ်က “ အန်တိုနီ ဂိုးပြန်သွင်းနိုင်လို့ အရမ်းဝမ်းသာပါတယ်။ သူ့အတွက် ကျွန်တော်တို့အားလုံး ပျော်ရွှင်မိတယ်။ လွန်ခဲ့တဲ့ နှစ်ရာသီလောက်ကဆို သူကအသင်းရဲ့ အကောင်းဆုံး ဂိုးသွင်းရှင်တစ်ယောက်ပါ။ သူကစားချင်သလောက် ပွဲတွေမကစားရတာက သူ့အတွက် ခက်ခဲမှာပါ ဒါပေမယ့် ကစားခွင့်ရတိုင်း သူကအသင့်ဖြစ်နေပြီဆိုတာကို ပြသနိုင်ခဲ့တယ်။ သူက ကျွန်တော်တို့အတွက် အနာဂတ်မှာ ပြန်ပြီးအရေးပါလာမယ့် ကစားသမားတစ်ယောက်ပါပဲ ” လို့ ပြောခဲ့ပါတယ်။

ဖာနန်ဒက်စ်ယူနိုက်တက်ကို စတင်ရောက်ရှိခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမှာ မာရှယ်က တိုက်စစ်ကို ဦးဆောင်ပြီး စုစုပေါင်းသွင်းဂိုး ၂၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ ၇ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ အက်ဒီဆင်ကာဗာနီတို့ အသင်းကိုရောက်ရှိလာခဲ့တာကြောင့် ဝါရင့်ကစားသမား နှစ်ယောက်ရဲ့ နောက်တတိယဦးစားပေး ကစားသမားသာ ဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် မနေ့က အဲဗာတန်နဲ့ပွဲမှာတော့ သူအရင်က ကစားခဲ့တဲ့ ဘယ်တောင်ပံနေရာမှာ ထွက်ကစားပြီး ဂိုးလည်းသွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း နည်းပြဆိုးလ်ရှားက ပွဲချိန် ၅၉ မိနစ်မှာပဲ မာရှယ်ကိုလူစားလဲခဲ့ပါတယ်။ မာရှယ်ကို စောစောစီးစီး လူစားလဲခဲ့ရတာဟာ ဒဏ်ရာပြဿနာရှိနေလို့ ဖြစ်ကြောင်း နည်းပြဆိုးလ်ရှားကတော့ ရှင်းပြခဲ့ပါတယ်။

ZG

မန္ခ်က္စတာယူႏိုက္တက္ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ အန္တိုနီမာရွယ္ဂိုးျပန္သြင္းႏိုင္တဲ့အတြက္ ဝမ္းသာမိေၾကာင္း ေျပာခဲ့ပါတယ္။ မာရွယ္ဟာ ဒီရာသီ သူ႔ရဲ႕ပထမဆုံးသြင္းဂိုးကို ယူႏိုက္တက္က အဲဗာတန္နဲ႔ သေရက်ခဲ့တဲ့ စေနညပြဲစဥ္မွာ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ အဆိုပါဂိုးကိုေတာ့ ဖာနန္ဒက္စ္က ဖန္တီးေပးခဲ့တာ ျဖစ္ၿပီးေနာက္ သူ႔ရဲ႕အသင္းေဖာ္ဟာ အသင္းအတြက္ အေရးႀကီးတဲ့ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆိုက္ကို ေျပာခဲ့ပါတယ္။

ဖာနန္ဒက္စ္က “ အန္တိုနီ ဂိုးျပန္သြင္းႏိုင္လို႔ အရမ္းဝမ္းသာပါတယ္။ သူ႔အတြက္ ကြၽန္ေတာ္တို႔အားလုံး ေပ်ာ္႐ႊင္မိတယ္။ လြန္ခဲ့တဲ့ ႏွစ္ရာသီေလာက္ကဆို သူကအသင္းရဲ႕ အေကာင္းဆုံး ဂိုးသြင္းရွင္တစ္ေယာက္ပါ။ သူကစားခ်င္သေလာက္ ပြဲေတြမကစားရတာက သူ႔အတြက္ ခက္ခဲမွာပါ ဒါေပမယ့္ ကစားခြင့္ရတိုင္း သူကအသင့္ျဖစ္ေနၿပီဆိုတာကို ျပသႏိုင္ခဲ့တယ္။ သူက ကြၽန္ေတာ္တို႔အတြက္ အနာဂတ္မွာ ျပန္ၿပီးအေရးပါလာမယ့္ ကစားသမားတစ္ေယာက္ပါပဲ ” လို႔ ေျပာခဲ့ပါတယ္။

ဖာနန္ဒက္စ္ယူႏိုက္တက္ကို စတင္ေရာက္ရွိခဲ့တဲ့ ၂၀၁၉-၂၀ ရာသီမွာ မာရွယ္က တိုက္စစ္ကို ဦးေဆာင္ၿပီး စုစုေပါင္းသြင္းဂိုး ၂၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီကေတာ့ ၇ ဂိုးသာသြင္းယူႏိုင္ခဲ့ၿပီး ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔ အက္ဒီဆင္ကာဗာနီတို႔ အသင္းကိုေရာက္ရွိလာခဲ့တာေၾကာင့္ ဝါရင့္ကစားသမား ႏွစ္ေယာက္ရဲ႕ ေနာက္တတိယဦးစားေပး ကစားသမားသာ ျဖစ္သြားခဲ့ပါတယ္။

ဒါေပမယ့္ မေန႔က အဲဗာတန္နဲ႔ပြဲမွာေတာ့ သူအရင္က ကစားခဲ့တဲ့ ဘယ္ေတာင္ပံေနရာမွာ ထြက္ကစားၿပီး ဂိုးလည္းသြင္းယူႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္လည္း နည္းျပဆိုးလ္ရွားက ပြဲခ်ိန္ ၅၉ မိနစ္မွာပဲ မာရွယ္ကိုလူစားလဲခဲ့ပါတယ္။ မာရွယ္ကို ေစာေစာစီးစီး လူစားလဲခဲ့ရတာဟာ ဒဏ္ရာျပႆနာရွိေနလို႔ ျဖစ္ေၾကာင္း နည္းျပဆိုးလ္ရွားကေတာ့ ရွင္းျပခဲ့ပါတယ္။