လက်ရှိ ယူနိုက်တက်က လစာထက် လျှော့ပြီး ပေါ့ဘာကို နွေမှာ ကမ်းလှမ်းဖို့ ဂျူဗင်တပ် ရည်ရွယ်နေ
နောက်နှစ် နွေ အပြောင်းအရွှေ့ မှာ ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက်ရဲ့ကွင်းလယ်ကစားသမားဟာ ပေါ့ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
ပေါ့ဘာဟာ လက်ရှိ ယူနိုက်တက်မှာ တစ်နှစ်လုပ်ခ ပေါင် ၁၂သန်း လောက်ရရှိနေသော်လည်း အီတလီကလပ်ကတော့ ပေါင် ၁၀ သန်းဖြင့်သာ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်လို့ အီတလီသတင်းဌာန က ဖော်ပြထားပါတယ်။
ပေါ့ဘာကို စာချုပ်ချုပ်နိုင်ဖို့ ဂျူဗင်တပ်စ်ဟာ အသင်းရဲ့လက်ရှိကွင်းလယ်ကစားသမား ၂ဦးဖြစ်တဲ့ ရမ်ဆေးနှင့် ရာဘီးအော့တို့ကို ရောင်းချရမှာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်သို့ ပြန်ရောက်လာပါက မက်ကန်နီကလည်း ထွက်ခွာရဖို့ရှိနေပါတယ်။ ပေါ့ဘာနှင့် ယူနိုက်တက်တို့ရဲ့ စာချုပ်က လာမယ့်နှစ် ဇွန်လမှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဒိုင်ဘားလားလိုမျိုး ဂျုဗင်တပ်စ်အသင်းဖော်ဟောင်းတွေနဲ့ အဆက်အသွယ် ရှိနေပါတယ်လို့ သူကပြောဆိုထားပါတယ်။
“ ဂျူဗင်တပ်စ်အသင်းဖော်ဟောင်းတွေနဲ့ အမြဲစကားပြောဖြစ်ပါတယ်။ ကျွန်တော်က မန်ချက်စတာမှာရှိနေသော် လည်း သူတို့နဲ့ဆက်သွယ်ဖြစ်တာ ၁နှစ်လောက်ရှိပြီဖြစ်ပြီး အဲ့နောက် ကျွန်တော်တို့က တွေ့ကြမှာဖြစ်ပါတယ် ” လို့ ပေါ့ဂ်ဘာက ပြောပါတယ်။ ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့ရဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ အိမ်ကွင်းမှာ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ကစားပြီးနောက် ပေါ့ဂ်ဘာက မှတ်ချက်ပေးပြောခဲ့ပါသေးတယ်။
၂၀၁၂ ခုနှစ်မှာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီး ဂျူဗင်တပ်စ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့ကာ ၁၇၈ ပွဲကစားခဲ့ပြီး ၃၄ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်နှင့်အတူ စီးရီးအေဆုဖလား ၄ လုံးနှင့် ကိုပါအီတာလီယာဖလား ၂လုံး ရယူနိုင်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ ပေါ့ဂ်ဘာဟာ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းဖြင့် ယူနိုက်တက်သို့ ပြန်လည် ပြောင်း ရွှေ့ခဲ့ပါတယ်။
ZG
ေနာက္နွစ္ ေႏြ အေျပာင္းအေရႊ႕ မွာ ဂ်ဴဗင္တပ္စ္အသင္းဟာ ယူႏိုက္တက္ရဲ႕ကြင္းလယ္ကစားသမားဟာ ေပါ့ဘာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေခၚယူဖို႔ စိတ္အားထက္သန္ေနပါတယ္။
ေပါ့ဘာဟာ လက္ရွိ ယူႏိုက္တက္မွာ တစ္ႏွစ္လုပ္ခ ေပါင္ ၁၂သန္း ေလာက္ရရွိေနေသာ္လည္း အီတလီကလပ္ကေတာ့ ေပါင္ ၁၀ သန္းျဖင့္သာ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္လို႔ အီတလီသတင္းဌာန က ေဖာ္ျပထားပါတယ္။
ေပါ့ဘာကို စာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔ ဂ်ဴဗင္တပ္စ္ဟာ အသင္းရဲ႕လက္ရွိကြင္းလယ္ကစားသမား ၂ဦးျဖစ္တဲ့ ရမ္ေဆးႏွင့္ ရာဘီးေအာ့တို႔ကို ေရာင္းခ်ရမွာ ျဖစ္ပါတယ္။ ေပါ့ဂ္ဘာဟာ ဂ်ဴဗင္တပ္စ္သို႔ ျပန္ေရာက္လာပါက မက္ကန္နီကလည္း ထြက္ခြာရဖို႔ရွိေနပါတယ္။ ေပါ့ဘာႏွင့္ ယူႏိုက္တက္တို႔ရဲ႕ စာခ်ဳပ္က လာမယ့္ႏွစ္ ဇြန္လမွာ သက္တမ္း ကုန္ဆုံးမွာျဖစ္ၿပီး ဒိုင္ဘားလားလိုမ်ိဳး ဂ်ဳဗင္တပ္စ္အသင္းေဖာ္ေဟာင္းေတြနဲ႔ အဆက္အသြယ္ ရွိေနပါတယ္လို႔ သူကေျပာဆိုထားပါတယ္။
“ ဂ်ဴဗင္တပ္စ္အသင္းေဖာ္ေဟာင္းေတြနဲ႔ အၿမဲစကားေျပာျဖစ္ပါတယ္။ ကြၽန္ေတာ္က မန္ခ်က္စတာမွာရွိေနေသာ္ လည္း သူတို႔နဲ႔ဆက္သြယ္ျဖစ္တာ ၁ႏွစ္ေလာက္ရွိၿပီျဖစ္ၿပီး အဲ့ေနာက္ ကြၽန္ေတာ္တို႔က ေတြ႕ၾကမွာျဖစ္ပါတယ္ ” လို႔ ေပါ့ဂ္ဘာက ေျပာပါတယ္။ ျပင္သစ္ႏွင့္ ဘယ္လ္ဂ်ီယံတို႔ရဲ႕ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ အိမ္ကြင္းမွာ ေနးရွင္းလိဂ္ပြဲစဥ္အျဖစ္ ကစားၿပီးေနာက္ ေပါ့ဂ္ဘာက မွတ္ခ်က္ေပးေျပာခဲ့ပါေသးတယ္။
၂၀၁၂ ခုႏွစ္မွာ ယူႏိုက္တက္ကေန ထြက္ခြာခဲ့ၿပီး ဂ်ဴဗင္တပ္စ္သို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေျပာင္းလာခဲ့ကာ ၁၇၈ ပြဲကစားခဲ့ၿပီး ၃၄ ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္ႏွင့္အတူ စီးရီးေအဆုဖလား ၄ လုံးႏွင့္ ကိုပါအီတာလီယာဖလား ၂လုံး ရယူႏိုင္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွာေတာ့ ေပါ့ဂ္ဘာဟာ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၉ သန္းျဖင့္ ယူႏိုက္တက္သို႔ ျပန္လည္ ေျပာင္း ေ႐ႊ႕ခဲ့ပါတယ္။