အာဆင်နယ်နဲ့ အတူ သွင်းဂိုးတွေရလာတဲ့ အပေါ် ကျေးဇူးတင်စကားဆိုလာတဲ့ စမစ်ရိုဝီ
အာဆင်နယ်ရဲ့ အသက် ၂၁နှစ်အရွယ် ကွင်းလယ် ကစားသမားလေး စမစ်ရိုဝီက လက်ရှိ သွင်းဂိုးတွေ ရရှိနေခြင်းပေါ် နည်းပြ မီကယ် အာတီတာကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။
စမစ်ရိုဝီ ဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် အန်ဒိုရာနဲ့ပွဲ အနိုင်ဂိုးအပါအဝင် နောက်ဆုံး ၅ပွဲမှာ ၃ဂိုးသွင်းပေးထားခဲ့ပါတယ်။ ၎င်းဟာ တော့တင်ဟမ်နဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာလည်း ဂိုးသွင်းနိုင်ခဲ့သလို ဝင်ဘယ်ဒမ်နဲ့ ပွဲမှာလည်း သွင်းဂို ရရှိခဲ့ပါတယ်။
ရိုဝီက – “အာဆင်နယ်မှာ တကယ် အဆင်ပြေပါတယ်။ ကျွန်တော်တို့ ရရှိနေတဲ့ အကူညီတွေနဲ့ ပတ်သက်ပြီး တကယ် ကျေနပ်ပါတယ်။ အာတီတာက ကျွန်တော်တို့ကို စကားပြောပြီး ယုံကြည်မှု အများအပြား ပေးခဲ့တယ်။ ကျွန်တောတို့ ဒီလို အခြေအနေရောက်နိုင်တယ်ဆိုတာ သိခဲ့ပါတယ်။
ကျွန်တော်တို့ အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် နေပြီး ရည်မှန်းချက်အပေါ် အာရုံစိုက်ရပါမယ်။ ကျွန်တော်တို့ လေ့ကျင့်ခန်းအစီအစဉ်မှာ အများကြီး ပြင်ဆင်ပြီး လေ့ကျင့်ခန်းပြီးရင် အတွေ့အကြုံရင့် ကစားသမားတွေဆီကနေ အားပေးမှုတွေ ရခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ကို ကူညီပေးနေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
စမစ်ရိုဝီဟာ အာဆင်နယ်မှာ အသက် ၁၀နှစ်ကတည်းက စားခဲ့တာ ဖြစ်ပြီး ၂၀၁၈ စက်တင်ဘာမှာ အသင်းကြီးအတွက် ပွဲထွက်ပြီးနောက် ၅၃ပွဲ ပါဝင်ကစားထားခဲ့ပါတယ်။
ZG
အာဆင္နယ္ရဲ႕ အသက္ ၂၁နွစ္အရြယ္ ကြင္းလယ္ ကစားသမားေလး စမစ္႐ို၀ီက လက္ရွိ သြင္းဂိုးေတြ ရရွိေနျခင္းေပၚ နည္းျပ မီကယ္ အာတီတာကို ေက်းဇူးတင္ေၾကာင္း ေျပာခဲ့တယ္လို႔ သိရပါတယ္။
စမစ္ရို၀ီ ဟာ ကလပ္နဲ႔ ႏိုင္ငံအသင္းအတြက္ အန္ဒိုရာနဲ႔ပြဲ အႏိုင္ဂိုးအပါအဝင္ ေနာက္ဆုံး ၅ပြဲမွာ ၃ဂိုးသြင္းေပးထားခဲ့ပါတယ္။ ၄င္းဟာ ေတာ့တင္ဟမ္နဲ႔ လန္ဒန္ဒါဘီပြဲစဥ္မွာလည္း ဂိုးသြင္းႏိုင္ခဲ့သလို ဝင္ဘယ္ဒမ္နဲ႔ ပြဲမွာလည္း သြင္းဂို ရရွိခဲ့ပါတယ္။
ရို၀ီက – “အာဆင္နယ္မွာ တကယ္ အဆင္ေျပပါတယ္။ ကြၽန္ေတာ္တို႔ ရရွိေနတဲ့ အကူညီေတြနဲ႔ ပတ္သက္ၿပီး တကယ္ ေက်နပ္ပါတယ္။ အာတီတာက ကြၽန္ေတာ္တို႔ကို စကားေျပာၿပီး ယုံၾကည္မႈ အမ်ားအျပား ေပးခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒီလို အေျခအေနေရာက္ႏိုင္တယ္ဆိုတာ သိခဲ့ပါတယ္။
ကြၽန္ေတာ္တို႔ အတတ္ႏိုင္ဆုံး တည္တည္ၿငိမ္ၿငိမ္ ေနၿပီး ရည္မွန္းခ်က္အေပၚ အာ႐ုံစိုက္ရပါမယ္။ ကြၽန္ေတာ္တို႔ ေလ့က်င့္ခန္းအစီအစဥ္မွာ အမ်ားႀကီး ျပင္ဆင္ၿပီး ေလ့က်င့္ခန္းၿပီးရင္ အေတြ႕အႀကဳံရင့္ ကစားသမားေတြဆီကေန အားေပးမႈေတြ ရခဲ့ပါတယ္။ သူတို႔က ကြၽန္ေတာ္တို႔ကို ကူညီေပးေနပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။
စမစ္႐ို၀ီဟာ အာဆင္နယ္မွာ အသက္ ၁၀ႏွစ္ကတည္းက စားခဲ့တာ ျဖစ္ၿပီး ၂၀၁၈ စက္တင္ဘာမွာ အသင္းႀကီးအတြက္ ပြဲထြက္ၿပီးေနာက္ ၅၃ပြဲ ပါဝင္ကစားထားခဲ့ပါတယ္။