အာဆင်နယ်နဲ့ သရေကျလိုက်တာ ရှုံးသွားသလို ကြေကွဲနေရတဲ့ ပဲလေ့စ်ကွင်းလယ်သမား ဂယ်လက်ဟာ
ချယ်ဆီးကနေ ပဲလေ့စ်မှာ အငှား သွားရောက် ကစားနေတဲ့ ကော်နာ ဂယ်လက်ဟာက ယမန်နေ့ညက အာဆင်နယ်နဲ့ပွဲမှာ လာကာဇက်တီရဲ့ နောက်ကျချေပဂိုးကြောင့် သရေသာရခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဝမ်းနည်းခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။
အူဘာမီယန်းရဲ့ဂိုးကို အစောကြီး ခွင့်ပြုပေးခဲ့ရပေမဲ့ ဘန်တီကီ၊ အက်ဒ်ဝက်တို့ရဲ့ ဂိုးတွေနဲ့အတူ ပြန်လည် ဦးဆောင်နိုင်ခဲကာ အနိုင်ရလုနီးနီး ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ လာကာဇက်တီရဲ့ နောက်ကျချေပဂိုးကြောင့် ပဲလေ့စ်တို့ အသည်းကွဲခဲ့ရပြီး အာဆင်နယ်အနေနဲ့လည်း အဆင့်၁၃ထိ ကျဆင်းသွားနိုင်ခြင်းကို တားဆီးနိုင်ခဲ့ပါတယ်။ ဂယ်လက်ဟာကတော့ အဆိုပါ သရေပွဲကြောင့် ဝမ်းနည်းနေရပြီး ရှုံးသွားသလို ခံစားနေရပါတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဂယ်လက်ဟာက “ခံစားချက်က တော်တော်လေး ဆိုးပါတယ်။ အရိုးသားဆုံးပြောပြတာပါ။ တော်တော်းဆိုးဆိုးပါ။ အာဆင်နယ်ကို ၁ဂိုး ရှုံးနေရာကနေ ပြန် နိုင်ခဲ့တာ အရမ်းကောင်းတယ်မလား။ နောက်ဆုံး စက္ကန့်၃၀အထိ တောင့်ထားပြီးမှ ခုလို ဖြစ်သွားတာ ဝမ်းနည်းရပါတယ်”
“ဒါကြီးက ရှုံးသွားတာထက် ပိုဆိုးပါတယ်။ ကျွန်တော်တို့ ၃မှတ်ရပြီထင်ပြီးမှ လုသွားခံရတာထက် ဘာမှဆိုးတာ မရှိတော့ပါဘူး။ ကျွန်တော်တို့ အမှားသေးသေးလေးတွေကနေ သင်ယူဖို့ လိုပါတယ်။ ကစားသမားတွေက တော်တော်လေး ကောင်းပါတယ်”
“ကျွန်တော်တို့ဆီကနေ အမှတ်ယူသွားပေမဲ့ စွမ်းဆောင်ရည်ကတော့ ရှိနေဆဲပါ။ ၁သင်းလုံးက ကစားတာ အဆင့်တန်းမြင့်ပါတယ်။ အကောင်းတွေ အများကြီး ရှိပေမဲ့ ၃မှတ်ကတော့ ရခ့ခြင်း မရှိပါဘူး။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ယုံကြည်မှုရှိပြီး နိုင်ပွဲရမယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ကျွန်တော်တို့ ခုလို သရေပွဲတွေကို နိုင်ပွဲအဖြစ် ပြောင်းလဲနိုင်ရပါမယ်။ ကျွန်တော်တို့ ဒီလို အရာတွေနဲ့ ရှေ့ဆက်ရပါမယ်”လို့ ပြောခဲ့ပါတယ်။
ပဲလေ့စ်ဟာ ယခုသရေပွဲကြောင့် အဆင့်၁၄နေရာမှာ ဆက်ရှိနေပြီး စနေညမှာ နယူးကာဆယ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ZG