စတာလင် လုပ်ပေးခဲ့တာတွေ ပြန်ကြည့်ပြီး စာချုပ်သစ် သက်တမ်းတိုးဖို့ ရိုက်ဖီးလစ် တိုက်တွန်း

နည်းပြ ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းမှာ စတာလင်ဟာ အဓိကနေရာကနေ ပါဝင်ကစားခဲ့သူဖြစ်တာမို့စာချုပ်သစ် ချုပ်ဆိုသင့်တယ်လို အင်္ဂလန်သား အား ကစားသမားဟောင်း ရိုက်ဖီးလစ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြခဲ့သူ ဖြစ်ပေမယ့် စတာလင်ဟာ စီးတီးအသင်းမှာတော့ ယခုနှစ်အတွင်း ၃ပွဲသာ ပွဲထွက်ထားရပါသေးတယ်။ အသက်၂၆နှစ်သားဟာ သူရဲ့ ပွဲထွက်ခွင့် တိုးတက်မလာတာကြောင့် အီတီဟက်ဒ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတယ်လို့ပြီးခဲ့တဲ့လက ထုတ်ဖော်ပြောကြားထားပါတယ်။

မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်း ရိုက်ဖီးလစ်ကတော့ စတာလင်ဟာ အသင်းမှာဘဲ ဆက်နေသင့်တယ်လို့ဆိုပါတယ်။

“သူအနေနဲ့ဂိုးသွင်းဖို့သာ လိုအပ်တာပါ ဘယ်လိုဘဲ ဖြစ်လာပါစေ သူကတော့ ခြေစွမ်းပြအုံးမှာပါဘဲ လွန်ခဲ့တဲ့ ၆နှစ်အတွင်း သူ စွမ်းဆောင်ခဲ့တာတွေကို ပြန်ကြည့်ဖို့လိုအပ်ပါတယ် ကလပ်အတွက်လည်း သူက အသင့်လျော်ဆုံးသူ ဖြစ်ခဲ့ပါတယ်။ အသင်းအတွက် ကြီးမားတဲ့ သက်ရောက်မှု လုပ်ပေးခဲ့ပြီး စီးတီးရဲ့ အနာဂတ်မှာ အဓိကနေရာကနေ ပါဝင်ပတ်သက်မယ့် သူဟု ကျွန်တော်ခံစားနေရတုန်းပါပဲ။” ဟု ဆိုသည်။

ပြီးခဲ့တဲ့ရာသီ ကုန်ဆုံးခါနီးချိန်မှစ၍ စတာလင်ဟာ အသင်းမှာ ပုံမှန်နေရာမရတော့ဘဲ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ်တို့တွင် မကစားခဲ့ရသလို ဖိုင်နယ်ပွဲတွင်လည်း ခြေစွမ်းပြသနိုင်ခြင်းမရှိလို့စီးတီးပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိရာသီတွင် ၉ပွဲ ကစားပြီးချိန်မှာ စတာလင်ရဲ့ ပွဲထွက်အများဆုံးက အရန်ခုံကနေဖြစ်ပြီး နောဝစ်ချ်နဲ့ပွဲမှာသာ တစ်လုံးတည်းသောဂိုးကို ရယူထားနိုင်ပါတယ်။

ဘရာဇီးတိုက်စစ်မှူး ဂျေးဆူက ပက်ဂွါဒီယိုလာရဲ့ ညာတောင်ပံနေရာမှာ အဓိက ခြေစွမ်းပြနေပြီး ပေါင်သန်း ၁၀၀ တန် ဂရီးလစ်ရှ်က ဘယ်ခြမ်းမှာ ပုံမှန်ပွဲထွက်ကစားနေပါတယ်။ အလားတူ စတာလင်ထက် ယခုနှစ်မှာ မာရက်ဇ်၊ ဒီဘရိုင်း၊ ဖိုဒမ်တို့က ဂွါဒီယိုလာလက်အောက် ပိုပြီး ဦးစားပေး ပွဲထွက်ခွင့်ရလျက် ရှိနေပါတယ်။

ZG

နည္းျပ ပက္ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းမွာ စတာလင္ဟာ အဓိကေနရာကေန ပါဝင္ကစားခဲ့သူျဖစ္တာမို႔စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသင့္တယ္လို အဂၤလန္သား အား ကစားသမားေဟာင္း ႐ိုက္ဖီးလစ္က တိုက္တြန္း ေျပာၾကားလိုက္ပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ အဂၤလန္အသင္းအတြက္ ေျခစြမ္းျပခဲ့သူ ျဖစ္ေပမယ့္ စတာလင္ဟာ စီးတီးအသင္းမွာေတာ့ ယခုႏွစ္အတြင္း ၃ပြဲသာ ပြဲထြက္ထားရပါေသးတယ္။ အသက္၂၆ႏွစ္သားဟာ သူရဲ႕ ပြဲထြက္ခြင့္ တိုးတက္မလာတာေၾကာင့္ အီတီဟက္ဒ္ကေန ထြက္ခြာဖို႔ ဆုံးျဖတ္ထားတယ္လို႔ၿပီးခဲ့တဲ့လက ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

မန္စီးတီးအသင္းရဲ႕ ကစားသမားေဟာင္း ႐ိုက္ဖီးလစ္ကေတာ့ စတာလင္ဟာ အသင္းမွာဘဲ ဆက္ေနသင့္တယ္လို႔ဆိုပါတယ္။

“သူအေနနဲ႔ဂိုးသြင္းဖို႔သာ လိုအပ္တာပါ ဘယ္လိုဘဲ ျဖစ္လာပါေစ သူကေတာ့ ေျခစြမ္းျပအုံးမွာပါဘဲ လြန္ခဲ့တဲ့ ၆ႏွစ္အတြင္း သူ စြမ္းေဆာင္ခဲ့တာေတြကို ျပန္ၾကည့္ဖို႔လိုအပ္ပါတယ္ ကလပ္အတြက္လည္း သူက အသင့္ေလ်ာ္ဆုံးသူ ျဖစ္ခဲ့ပါတယ္။ အသင္းအတြက္ ႀကီးမားတဲ့ သက္ေရာက္မႈ လုပ္ေပးခဲ့ၿပီး စီးတီးရဲ႕ အနာဂတ္မွာ အဓိကေနရာကေန ပါဝင္ပတ္သက္မယ့္ သူဟု ကြၽန္ေတာ္ခံစားေနရတုန္းပါပဲ။” ဟု ဆိုသည္။

ၿပီးခဲ့တဲ့ရာသီ ကုန္ဆုံးခါနီးခ်ိန္မွစ၍ စတာလင္ဟာ အသင္းမွာ ပုံမွန္ေနရာမရေတာ့ဘဲ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ႏွင့္ ဆီမီးဖိုင္နယ္တို႔တြင္ မကစားခဲ့ရသလို ဖိုင္နယ္ပြဲတြင္လည္း ေျခစြမ္းျပသႏိုင္ျခင္းမရွိလို႔စီးတီးပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။ လက္ရွိရာသီတြင္ ၉ပြဲ ကစားၿပီးခ်ိန္မွာ စတာလင္ရဲ႕ ပြဲထြက္အမ်ားဆုံးက အရန္ခုံကေနျဖစ္ၿပီး ေနာဝစ္ခ်္နဲ႔ပြဲမွာသာ တစ္လုံးတည္းေသာဂိုးကို ရယူထားႏိုင္ပါတယ္။

ဘရာဇီးတိုက္စစ္မႉး ေဂ်းဆူက ပက္ဂြါဒီယိုလာရဲ႕ ညာေတာင္ပံေနရာမွာ အဓိက ေျခစြမ္းျပေနၿပီး ေပါင္သန္း ၁၀၀ တန္ ဂရီးလစ္ရွ္က ဘယ္ျခမ္းမွာ ပုံမွန္ပြဲထြက္ကစားေနပါတယ္။ အလားတူ စတာလင္ထက္ ယခုႏွစ္မွာ မာရက္ဇ္၊ ဒီဘ႐ိုင္း၊ ဖိုဒမ္တို႔က ဂြါဒီယိုလာလက္ေအာက္ ပိုၿပီး ဦးစားေပး ပြဲထြက္ခြင့္ရလ်က္ ရွိေနပါတယ္။