အာဆင်နယ် v လိဒ် တို့ရဲ့ ဒီည ကာရာဘောင်းဖလားပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

အာဆင်နယ်အသင်းဟာ ကာရာဘောင်းဖလား ပွဲစဉ် အဖြစ် လိဒ်ယူနိုက်တက် အသင်းကို ဒီည/ အောက်တိုဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် ၁း၁၅ နာရီ၊ အမ်းမရိတ်ကွင်းမှာ ဧည့်ခံ ကစားရတော့မှာ ဖြစ်ပါတယ်။

နာမည်ကျော် တိုက်စစ်မှုး မိုက်ကယ်အိုဝင်က အာဆင်နယ်နဲ့ လိဒ်တို့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

“အာဆင်နယ်ကတော့ သောကြာနေ့က ဗီလာကို နိုင်တဲ့ပွဲမှာ ခြေစွမ်း တော်တော် ကောင်းနေတာ တွေ့ရတယ်။ သူတို့က ခွန်အား အပြည့်နဲ့ ကစားခဲ့ကြပြီး စမစ် ရိုဝီရဲ့ ဦးဆောင်မှုတွေပါ မြင်ခဲ့ရတယ်။

အာဆင်နယ်က အာတီတာ လက်ထက် အက်ဖ်အေဖလား ဗိုလ်စွဲထားပါတယ်။ နောက်ထပ် ဖလား အခွင့်အရေး အဖြစ် ဒီပြိုင်ပွဲကို သူ အားစိုက်ဦးမှာပါ။ အာဆင်နယ်ပဲ ၂-၁ နဲ့ နိုင်မယ် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ် ခန့်မှန်းထားပါတယ်။

ဒီညပဲ အတွက် လူစာရင်းမှာ နည်းပြ အာတီတာက လူစာရင်းကို တေ်ာတော် များများ အပြောင်းအလဲ လုပ်ဖွယ် ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

ZG

အာဆင္နယ္အသင္းဟာ ကာရာေဘာင္းဖလား ပြဲစဥ္ အျဖစ္ လိဒ္ယူနိုက္တက္ အသင္းကို ဒီည/ ေအာက္တိုဘာ ၂၇ ရက္၊ ဗုဒၶဟူးေန႔၊ နံနက္ ၁း၁၅ နာရီ၊ အမ္းမရိတ္ကြင္းမွာ ဧည့္ခံ ကစားရေတာ့မွာ ျဖစ္ပါတယ္။

နာမည္ေက်ာ္ တိုက္စစ္မႈး မိုက္ကယ္အိုဝင္က အာဆင္နယ္နဲ႕ လိဒ္တို႔ ပြဲစဥ္နဲ႕ ပတ္သတ္ျပီး အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

“အာဆင္နယ္ကေတာ့ ေသာၾကာေန႔က ဗီလာကို ႏိုင္တဲ့ပြဲမွာ ေျခစြမ္း ေတာ္ေတာ္ ေကာင္းေနတာ ေတြ႕ရတယ္။ သူတို႔က ခြန္အား အျပည့္နဲ႔ ကစားခဲ့ၾကၿပီး စမစ္ ႐ိုဝီရဲ႕ ဦးေဆာင္မႈေတြပါ ျမင္ခဲ့ရတယ္။

အာဆင္နယ္က အာတီတာ လက္ထက္ အက္ဖ္ေအဖလား ဗိုလ္စြဲထားပါတယ္။ ေနာက္ထပ္ ဖလား အခြင့္အေရး အျဖစ္ ဒီၿပိဳင္ပြဲကို သူ အားစိုက္ဦးမွာပါ။ အာဆင္နယ္ပဲ ၂-၁ နဲ႔ ႏိုင္မယ္ ထင္ပါတယ္။ ” လို႔ အိုဝင္က သံုးသပ္ ခန္႔မွန္းထားပါတယ္။

ဒီညပဲ အတြက္ လူစာရင္းမွာ နည္းျပ အာတီတာက လူစာရင္းကို ေတ္ာေတာ္ မ်ားမ်ား အေျပာင္းအလဲ လုပ္ဖြယ္ ရွိတယ္လို႔လည္း သတင္းေတြမွာ ေဖာ္ျပေနၾကပါတယ္။