ဖွင့်ပြီး ၁ ပိတ်မပြည့်ခင် ယာယီပြန်ပိတ်လိုက်ရသည့် ယုဇနပလာဇာဈေးကြီး
ရန်ကုန်မြို့ရှိ ယုဇနပလာဇာဈေးကြီးကို ယနေ့ နိုဝင်ဘာ ၅ ရက်မှ စတင်ကာ ယာယီ ပြန်ပိတ်လိုက်ပြီဖြစ်ကြောင်း ဈေးအတွင်းရှိ ဆိုင်ခန်းပိုင်ရှင်များထံမှ တစ်ဆင့် သိရှိရပါတယ်။
လျှပ်စစ်မီးပြုပြင်ရန်အတွက်ဟုဆိုကာ ယနေ့မှစတင် ယာယီ ပြန်ပိတ်လိုက်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၈ ရက်အထိ ပိတ်ထားမည်ဟု ဆိုင်ရှင်များထံ ဈေးတာဝန်ခံများက အကြောင်းကြားထားကြောင်း သိရပါတယ်။
ယုဇနပလာဇာဈေးကြီးကို ကိုဗစ်ဖြစ်ပွားမှုတွေကြောင့် လပေါင်းများစွာ ပိတ်ထားခဲ့ရပြီး နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ပြန်လည် ဖွင့်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လလယ်မှ စတင်ကာ ယုဇနပလာဇာဈေးရှိ စားသောက်ကုန်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းဆိုင်တွေကိုသာ ရောင်းချဖို့ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။
ယုဇနပလာဇာ ဈေးကြီးတွင် ဆိုင်ခန်း ပေါင်း (၂၀၀၀) ကျော်ရှိပြီး ဈေးကြီးအတွင်း ကိုဗစ် စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ လိုက်နာပြီး ရောင်းချခြင်းများ လုပ်ဆောင်ရ န်ညွှန်ကြားထားကြောင်း သိရပါတယ်။