အာဆင်နယ် Vs ဝက်ဖို့ဒ် ပွဲစဉ် အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်
ဒီတပတ် ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းဟာ ဝက်ဖို့ဒ် အသင်းကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ နိုဝင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့၊ ည ၈း၃ဝ နာရီမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးက အာဆင်နယ်နဲ့ ဝက်စ်ဟမ်းပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” အရင် အပတ်ကလည်း အာဆင်နယ်ကို သုံးသပ်မှုက မှားယွင်းခဲ့တယ်။ လက်စတာကို အနိုင်ရမှုမှာ ရမ်ဒေးက ကောင်းမွန်တဲ့ လက်စွမ်းတွေ ပြသခဲ့ပါတယ်။ ဒါပေမယ့်လို့ ဂန်းနားတို့ ကစားတာကလည်း သိပ်ကိုကောင်းပြီး အနိုင်ရဖို့ ထိုက်တန်တယ်။
အာတီတာရဲ့ အသင်းဟာ သူတို့ ကာလရှည် ရှာဖွေနေတဲ့ တည်ငြိမ်မှုကို ရခဲ့ပြီထင်ပါတယ်။ ဝတ်ဖိုဒ့်ကတော့ ရေနီရာရီ လက်ထဲမှာ အတက်အကျ ကြမ်းနေဆဲပါ။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၂-၀ ဝက်ဖို့ဒ် ဖြစ်ပါတယ်။
ZG