ပြိုင်ဘက်အသင်းတွေ ဥရောပပွဲ ကစားနေတာ မကြည့်နိုင်ဘူးလို့ ဝန်ခံလိုက်တဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာက သူဟာ ကြားရက် ဥရောပပွဲတွေကို တခြား အင်္ဂလန် ပြိုင်ဘက် အသင်းတွေ ကစားနေတာကို မကြည့်နိုင်ဘူးလို့ ဝန်ခံလိုက်ပြီး ဒီခံစားမှုတွေကို အသုံးချကာ ပြန်ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အာဆင်နယ်ဟာ ၁၉၉၆ ခုနှစ် အာစင်ဝင်းဂါး ရောက်လာပြီးနောက် ၂၅ နှစ်အတွင်းပထမဆုံးအကြိမ် ဥရောပဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုမကစားရတာကို အသုံးချပြီး ကစားသမားတွေ တိုးတက်လာအောင် လုပ်မယ်လို့ နည်းပြ အာတီတာက ပြောကြားခဲ့ပါတယ်။

“ဥရောပပွဲ သီတင်းပတ်တွေရှိတိုင်း ကျွန်တော် ရုန်းကန်နေခဲ့ရပါတယ်။ အဲ့တာတွေကိုကြည့်ရတာမကြိုက်ပါဘူး။ ဒါပေမယ့် အဲ့အခြေအနေကို ကျွန်တော် အကောင်းဆုံး အသုံးချမှာပါ။ ကစားသမားတွေအတွက်လည်း အဲ့ဒါက ပိုကောင်းလာနိုင်ပါတယ်”လို့ အာတီတာက ဝက်ဖို့ဒ်နဲ့ ပွဲမတိုင်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာတီတာက လူငယ်ကွင်းလယ်လူ စမစ်ရိုရဲ့ ခြေစွမ်းကိုလည်းချီးကျူးပြောကြားခဲ့ပါတယ်။ အသက် ၂၁ နှစ်သား ကွင်းလယ်လူဟာ အာဆင်နယ်အတွက် ဒီရာသီမှာလည်း ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေပါတယ်။

ZG

အာဆင္နယ္ အသင္း နည္းျပ အာတီတာက သူဟာ ၾကားရက္ ဥေရာပပြဲေတြကို တျခား အဂၤလန္ ျပိဳင္ဘက္ အသင္းေတြ ကစားေနတာကို မၾကည့္နိုင္ဘူးလို႔ ဝန္ခံလိုက္ျပီး ဒီခံစားမႈေတြကို အသံုးခ်ကာ ျပန္ၾကိဳးစားသြားမယ္လို႔ ေျပာၾကားလိုက္ပါတယ္။

အာဆင္နယ္ဟာ ၁၉၉၆ ခုႏွစ္ အာစင္ဝင္းဂါး ေရာက္လာၿပီးေနာက္ ၂၅ ႏွစ္အတြင္းပထမဆုံးအႀကိမ္ ဥေရာပဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲ့လိုမကစားရတာကို အသုံးခ်ၿပီး ကစားသမားေတြ တိုးတက္လာေအာင္ လုပ္မယ္လို႔ နည္းျပ အာတီတာက ေျပာၾကားခဲ့ပါတယ္။

“ဥေရာပပြဲ သီတင္းပတ္ေတြရွိတိုင္း ကြၽန္ေတာ္ ႐ုန္းကန္ေနခဲ့ရပါတယ္။ အဲ့တာေတြကိုၾကည့္ရတာမႀကိဳက္ပါဘူး။ ဒါေပမယ့္ အဲ့အေျခအေနကို ကြၽန္ေတာ္ အေကာင္းဆုံး အသုံးခ်မွာပါ။ ကစားသမားေတြအတြက္လည္း အဲ့ဒါက ပိုေကာင္းလာႏိုင္ပါတယ္”လို႔ အာတီတာက ဝက္ဖို႔ဒ္နဲ႔ ပြဲမတိုင္က ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ အာတီတာက လူငယ္ကြင္းလယ္လူ စမစ္႐ိုရဲ႕ ေျခစြမ္းကိုလည္းခ်ီးက်ဴးေျပာၾကားခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္သား ကြင္းလယ္လူဟာ အာဆင္နယ္အတြက္ ဒီရာသီမွာလည္း ေျခစြမ္းေကာင္းေတြ ဆက္တိုက္ျပသေနပါတယ္။