ထန်တလန် လှူဒါးန်းဖို့ အဆိုတော် ကျားပေါက်ရဲ့ Doodle Art အိတျ ၉ လုံး ရောင်းချမှု ကန်ဒေါ်လာ ၂၀၀၀၀ ကျော်ရရှိ
ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူတွေအတွက် လှူဒါန်းဖို့ အဆိုတော် ဟန်ထူးလွင် (ကျားပေါက်) ရေးဆွဲထားတဲ့ Doodle Art အိတ် ၉ လုံး ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကျော်ရရှိခဲ့တယ်လို့ အဆိုတော် ကျားပေါက်က လူမှုကွန်ယက်မှတစ်ဆင့် ပြောကြားထားပါတယ်။
အဆိုပါ အိတ် ၉ လုံးကို အိတ်ပိတ်တင်ဒါဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး အိတ်ရောင်းရငွေ အားလုံး ကို ချင်းပြည်နယ် ထန်တလန်မြို့ ပြည်သူတွေအတွက် ပေးလှူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။
အိတ် နံပါတ် ၀၀၁ ကို အမေရိကန် ဒေါ်လာ ၁၅၀၀၊ အိတ် နံပါတ် ၀၀၂ ကို အမေရိကန် ဒေါ်လာ ၂၀၂၂ ၊ အိတ် နံပါတ် ၀၀၃ ကို အမေရိကန် ဒေါ်လာ ၁၅၀၅ ၊ အိတ် နံပါတ် ၄ ကို အမေရိကန် ဒေါ်လာ ၁၁၁၀၊ အိတ်နံပါတ် ၅ ကို အမေရိကန် ဒေါ်လာ ၃၀၀၂၊ အိတ်နံပါတ် ၆ ကို အမေရိကန် ဒေါ်လာ ၁၀၀၀၊
အိတ် နံပါတ် ၇ နဲ့ အိတ်နံပါတ် ၈ ကို အမေရိကန် ဒေါ်လာ ၃၃၃၃ နှင့်အတူ အိတ်နံပါတ် ၉ ကို အမေရိကန် ဒေါ်လာ ၃၂၄၉ တို့ဖြင့် ရောင်းချခဲ့ရတာ ဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၀၅၄ ရရှိခဲ့တာ ဖြစ်ပါတယ်။