ထင်သလောက် မဖြစ်ထွန်းတဲ့ ပီပီကို ဇန်နဝါရီမှာ ရောင်းထုတ်ဖို့ ပြင်လာခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် အသင်းဟာ သူတို့အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် နီကိုလပ်စ် ပီပီ ကို လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း လန်ဒန်မြို့ခံ သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
အာဆင်နယ်အသင်းဟာ အသက် ၂၆နှစ် အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား နီကိုလပ်စ် ပီပီ ကို ၂၀၁၉ခုနှစ်မှာ ပြင်သစ်ကလပ် လိုင်လီအသင်း ကနေ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို သန်း ၈၀ နဲ့ ခေါ်ယူခဲ့တာပါ။
လန်ဒန် အခြေစိုက် သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက အသုံးမဝင်တော့တဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ စီစဉ်နေပြီး အဆိုပါ ကစားသမားတွေထဲမှာ ပီပီလည်း ပါဝင်နေကြောင်း သိရပါတယ်။
ပီပီ ဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၃နှစ် အထိ ကျန်နေသေးပေမယ့် အာဆင်နယ်အသင်း ကတော့ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း ရရှိရုံနဲ့ ပီပီကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး လက်ရှိအချိန်မှာ ပေပေကို ခေါ်ယူဖို့ အတွက် နယူးကာဆယ်အသင်းနဲ့ သူ့ရဲ့ အသင်းဟောင်း လိုင်လီအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ပီပီဟာ အာဆင်နယ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၉၈ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၅ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၈ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီမှာ ၉ပွဲသာ ပါဝင် ကစားခွင့် ရထားပါတယ်။
Zawgyi
အာဆင္နယ္ အသင္းဟာ သူတို႔အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ပိုင္ရွင္ နီကိုလပ္စ္ ပီပီ ကို လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ ေရာင္းထုတ္ဖို႔ စီစဥ္ေနေၾကာင္း လန္ဒန္ၿမိဳ႕ခံ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
အာဆင္နယ္အသင္းဟာ အသက္ ၂၆ႏွစ္ အ႐ြယ္ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ ကစားသမား နီကိုလပ္စ္ ပီပီ ကို ၂၀၁၉ခုႏွစ္မွာ ျပင္သစ္ကလပ္ လိုင္လီအသင္း ကေန အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး ျဖစ္တဲ့ ယူ႐ို သန္း ၈၀ နဲ႔ ေခၚယူခဲ့တာပါ။
လန္ဒန္ အေျခစိုက္ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ အသင္းရဲ႕ ရွိရင္းစြဲ ကစားသမားေတြထဲက အသုံးမဝင္ေတာ့တဲ့ ကစားသမား တခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ စီစဥ္ေနၿပီး အဆိုပါ ကစားသမားေတြထဲမွာ ပီပီလည္း ပါဝင္ေနေၾကာင္း သိရပါတယ္။
ပီပီ ဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၃ႏွစ္ အထိ က်န္ေနေသးေပမယ့္ အာဆင္နယ္အသင္း ကေတာ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅သန္း ရရွိ႐ုံနဲ႔ ပီပီကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ထားၿပီး လက္ရွိအခ်ိန္မွာ ေပေပကို ေခၚယူဖို႔ အတြက္ နယူးကာဆယ္အသင္းနဲ႔ သူ႔ရဲ႕ အသင္းေဟာင္း လိုင္လီအသင္းတို႔က စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။
ပီပီဟာ အာဆင္နယ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၉၈ပြဲ အထိ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၂၅ဂိုး သြင္းယူႏိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၁၈ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ အသင္းရဲ႕ နည္းျပျဖစ္သူ အာတီတာရဲ႕ ယုံၾကည္မႈကို ဆုံးရႈံးခဲ့ရၿပီး ယခုႏွစ္ ေဘာလုံးရာသီမွာ ၉ပြဲသာ ပါဝင္ ကစားခြင့္ ရထားပါတယ္။