ကလေးတွေကိုချည်း သိပ်မှီခိုအားကိုးနေတာ သတိထားဖို့ အာဆင်နယ်အား ဆက်ဂ်နာ သတိပေး

အာဆင်နယ် အနေနဲ့ လူငယ်တွေကိုချည်း သိပ် မှီခိုမနေဖို့ လီဗာပူး နဲ့ ကစားရမယ့် ပွဲမတိုင်မှီမှာ ဂန်းနားဟောင်း ဆက်ဂ်နာ က သတိပေးခဲ့ပါတယ်။

အာဆင်နယ် အသင်းမှာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ ကစားခဲ့ဖူးတဲ့ ဆက်ဂ်နာ ဟာ ရာသီအစမှာ အသင်းဟောင်းရဲ့ လူဝယ်ယူမှုတွေ အပေါ် ထောက်ပြ ခဲ့ဖူးသူ ဖြစ်ပါတယ်။

ဆက်ဂ်နာ ကတော့ အာဆင်နယ် အသင်း လူငယ်တွေ အပေါ် မှီခိုလွန်း သလို ဖြစ်နေတဲ့ အပေါ် စိုးရိမ် နေပြီး ကစားသမားလေးတွေ ဖိအားများပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက် သွားမှာကို သတိထားသင့်ကြောင်း ပြောကြား သွားခဲ့တာပါ။

” အာဆင်နယ်အနေနဲ့ ဒီကလေးတွေ အပေချည်းါ် မှီခို အားထားနေလို့ မရပါဘူး။ အဲ့လို လုပ်လည်း မလုပ်သင့်ပါဘူး၊ သူတို့က ခုမှ အသက် ၁၉ ၂၀ အရွယ်လေးတွေပါ။ လူတွေက သူတို့အပေါ် ဖိအားတွေ အများကြီး ပေးလာနိုင်သလို ဆိုရှယ် မီဒီယာမှာလည်း ဝေဖန်မှုတွေ လုပ်လာနိုင်ပါတယ်။

ဒီလို ဖိအားတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာ နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တုန်းက နဲ့ မတူတော့တဲ့ အခြေအနေမျိုး ဖြစ်လာတာကိုတော့ အားရ ကျေနပ်မိပါတယ်။

ကျွန်တော့်တုန်းကဆို တစ်ပွဲလောက် ကစားပုံ ဆိုးတာနဲ့ အပြင်မထွက်ရဲတော့ဘဲ အိပ်ယာထဲမှာပဲ ပုန်းနေခဲ့တာပါ။ ခုခေတ် ကလေးတွေကတော့ ဒီအရာတွေကို ကောင်းကောင်း ရင်ဆိုင် နေနိုင်ကြပါပြီ။ ကျွန်တော် သာ သူ့တို့ နေရာမှာဆို အဲ့လို ကောင်းကောင်း လုပ်နိုင်မယ် မထင်ပါဘူး။ ” လို့ ပြောကြား သွားခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ် အသင်းရဲ့ ပွဲထွက်လူစာရင်းဟာ ပျှမ်းမျှ အသက် ၂၄.၉ နှစ်သာ ရှိနေပြီး ပရီးမီးယားလိဂ် ကလပ် အသင်းတွေ အားလုံးထဲမှာ အသက် အငယ်ဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ်။

အာဆင်နယ် အသင်းဟာ ဒီရာသီ အစမှာ ရုန်းကန် ခဲ့ရပေမယ့် စမစ်ရိုဝီ၊ ဆာကာ၊ ရမ်စ်ဒဲလ်၊ ဘန်ဝှိုက်၊ ဂါဘရီယဲလ်၊ တိုမီယာစု တို့လူငယ် အစုအဖွဲ့ကြောင့် ရလဒ်တွေ ပြန်ကောင်း လာခဲ့ပြီး အမှတ်ပေး ဇယား အဆင့် ၅ နေရာ အထိ ပြန်လည် တက်လှမ်း လာနိုင်ခဲ့ပါတယ်။

ZG

အာဆင္နယ္ အေနနဲ႕ လူငယ္ေတြကိုခ်ည္း သိပ္ မွီခိုမေနဖို႔ လီဗာပူး နဲ႔ ကစားရမယ့္ ပြဲမတိုင္မွီမွာ ဂန္းနားေဟာင္း ဆက္ဂ္နာ က သတိေပးခဲ့ပါတယ္။

အာဆင္နယ္ အသင္းမွာ ၂၀၀၇ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္ အထိ ကစားခဲ့ဖူးတဲ့ ဆက္ဂ္နာ ဟာ ရာသီအစမွာ အသင္းေဟာင္းရဲ႕ လူဝယ္ယူမႈေတြ အေပၚ ေထာက္ျပ ခဲ့ဖူးသူ ျဖစ္ပါတယ္။

ဆက္ဂ္နာ ကေတာ့ အာဆင္နယ္ အသင္း လူငယ္ေတြ အေပၚ မွီခိုလြန္း သလို ျဖစ္ေနတဲ့ အေပၚ စိုးရိမ္ ေနၿပီး ကစားသမားေလးေတြ ဖိအားမ်ားၿပီး စိတ္ပိုင္းဆိုင္ရာ ထိခိုက္ သြားမွာကို သတိထားသင့္ေၾကာင္း ေျပာၾကား သြားခဲ့တာပါ။

” အာဆင္နယ္အေနနဲ႕ ဒီကေလးေတြ အေပခ်ည္းၚ မွီခို အားထားေနလို႔ မရပါဘူး။ အဲ့လို လုပ္လည္း မလုပ္သင့္ပါဘူး၊ သူတို႔က ခုမွ အသက္ ၁၉ ၂၀ အ႐ြယ္ေလးေတြပါ။ လူေတြက သူတို႔အေပၚ ဖိအားေတြ အမ်ားႀကီး ေပးလာႏိုင္သလို ဆိုရွယ္ မီဒီယာမွာလည္း ေဝဖန္မႈေတြ လုပ္လာႏိုင္ပါတယ္။

ဒီလို ဖိအားေတြက သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာ က်န္းမာေရးကို ဆိုး႐ြားတဲ့ သက္ေရာက္မႈေတြ ရွိလာ ႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ တုန္းက နဲ႔ မတူေတာ့တဲ့ အေျခအေနမ်ိဳး ျဖစ္လာတာကိုေတာ့ အားရ ေက်နပ္မိပါတယ္။

ကြၽန္ေတာ့္တုန္းကဆို တစ္ပြဲေလာက္ ကစားပုံ ဆိုးတာနဲ႔ အျပင္မထြက္ရဲေတာ့ဘဲ အိပ္ယာထဲမွာပဲ ပုန္းေနခဲ့တာပါ။ ခုေခတ္ ကေလးေတြကေတာ့ ဒီအရာေတြကို ေကာင္းေကာင္း ရင္ဆိုင္ ေနႏိုင္ၾကပါၿပီ။ ကြၽန္ေတာ္ သာ သူ႔တို႔ ေနရာမွာဆို အဲ့လို ေကာင္းေကာင္း လုပ္ႏိုင္မယ္ မထင္ပါဘူး။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

ဒီရာသီမွာ အာဆင္နယ္ အသင္းရဲ႕ ပြဲထြက္လူစာရင္းဟာ ပွ်မ္းမွ် အသက္ ၂၄.၉ ႏွစ္သာ ရွိေနၿပီး ပရီးမီးယားလိဂ္ ကလပ္ အသင္းေတြ အားလုံးထဲမွာ အသက္ အငယ္ဆုံး အသင္း အျဖစ္ ရပ္တည္ ေနပါတယ္။

အာဆင္နယ္ အသင္းဟာ ဒီရာသီ အစမွာ ႐ုန္းကန္ ခဲ့ရေပမယ့္ စမစ္႐ိုဝီ၊ ဆာကာ၊ ရမ္စ္ဒဲလ္၊ ဘန္ဝႈိက္၊ ဂါဘရီယဲလ္၊ တိုမီယာစု တို႔လူငယ္ အစုအဖြဲ႕ေၾကာင့္ ရလဒ္ေတြ ျပန္ေကာင္း လာခဲ့ၿပီး အမွတ္ေပး ဇယား အဆင့္ ၅ ေနရာ အထိ ျပန္လည္ တက္လွမ္း လာႏိုင္ခဲ့ပါတယ္။