ပေါမာဆန်ရဲ့ ဒီတပတ် အာဆင်နယ် Vs နယူးကာဆယ်ပွဲ သုံးသပ်ခန့်မှန်းချက် ထွက်ပါပြီ
အာဆင်နယ် ကတော့ ဒီတစ်ပတ်မှာ နယူးကာဆယ် အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်း အမ်းမရိတ်ကွင်းမှာ ဧည့်ခံ ရမှာပါ။ ပွဲချိန် ကတော့ နိုဝင်ဘာ ၂၇ ရက်၊ စနေနေ့၊ ည ၇ နာရီ ဖြစ်ပါတယ်။
နာမည်ကျော် ပွဲသုံးသပ်သူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းလာပါတယ်။
ပေါမာဆန်က – ” နယူးကာဆယ်ကို ရင်ဆိုင်တဲ့ပွဲမှာ အာဆင်နယ်တို့ ရလဒ်ကောင်း ပြန်ယူနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ထားတယ်။ အရင်အပတ်ကပွဲမှာ သူတို့က ထိပ်တန်းအသင်းကို အနိုင်ယူနိုင်တဲ့ အသင်း မဟုတ်သေးဘူး ဆိုတာကို ပြသခဲ့တယ်။ သူတို့ဟာ ဒီရာသီမှာ ထိပ်တန်းကလပ် ၃ သင်းနဲ့ ကစားထားပြီး အရေးနိမ့်ထားပြီဖြစ်ပါတယ်။
အဲ့တာက စိတ်ပူစရာ ကိစ္စပါပဲ။ ဒါပေမယ့် သူတို့က အနိုင်ရဖို့ မျှော်လင့်ထားရမယ့် ပွဲတွေကို အနိုင်ယူနိုင်စွမ်း ရှိနေပါတယ်။
နယူးကာဆယ်က ဘရန့်ဖိုဒ့်ကို ရင်ဆိုင်ပြီး ရလဒ်ကောင်း မရဘူးဆိုပေမယ့် သူတို့က ပွဲကောင်းကိုတော့ ကစားခဲ့တယ်။ သူတို့ရဲ့ ပရိသတ်တွေကလည်း ကစားပုံကောင်းတွေကို မြင်နေရပါတယ်။ ဒီအပတ်မှာတော့ ဘရန့်ဖိုဒ့်က အာဆင်နယ်ကို ဒုက္ခပေးနိုင်မယ်လို့ မမြင်ပါဘူး။
အာဆင်နယ်ဟာ လီဗာပူးကို အရေးမနိမ့်ချိန်မှာ ၁၀ ပွဲဆက် မရှုံးတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ နယူးကာဆယ်က ဘရန့်ဖိုဒ့်ပွဲမှာ တိုးတက်မှုတွေ ပြသနိုင်ခဲ့ပေမယ့် အာဆင်နယ်ကို ထိန်းချုပ်ဖို့ရာ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၂-၀ နယူးကာဆယ် ဖြစ်ပါတယ်။
ZG