ဘီဘီစီ လော်ရိုးရဲ့ ဒီည မန်ယူနိုက်တက် – အာဆင်နယ် ပွဲအတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက ဒီတစ်ပတ် မန်ချက်စတာ ယူနိုက်တက် နဲ့ အာဆင်နယ် တို့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး သုံးသပ်ခန့်မှန်းချက် ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။
လော်ရိုး သုံးသပ်ချက်ကတော့ – ” စနေနေ့က ချယ်ဆီးနဲ့ပွဲမှာ မန်ယူနိုက်တက်နည်းပြ ကားရစ်ရဲ့ ရွေးချယ်မှုတွေကို သဘောကျမိတယ်။ ဖရတ်၊ မာတစ်၊ တော်မီနေးတို့ကို ခံစစ်ပိုင်း ကာကွယ်ရေးတွေ လုပ်ခဲ့ပြီး တစ်သင်းလုံးက ကြိုးစားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်က ခံစစ်ကို မှန်ကန်အောင် လုပ်နိုင်ခြင်း မရှိသေးပေမယ့်လို့ စတမ်းဖိုဒ့်ဘရစ်မှာ တစ်မှတ်ရခဲ့တာက လမ်းကြောင်းမှန်ပေါ် ခြေတစ်လှမ်း ချနိုင်ခဲ့ခြင်းပါပဲ။ အကယ်လို့ ဘစ်ဆာကာ ကိစ္စ မဖြစ်ခဲ့ရင် သူတို့က အနိုင် ၃ မှတ်လုံး အရယူနိုင်ခဲ့မှာပါ။
ယူနိုက်တက်က အဲဒီ တိုးတက်မှုတွေအပေါ်မှာ ဆက်လက် တည်ဆောက်မှာဖြစ်ပြီး ဒီပွဲမှာ ရန်းနစ်က အိုးထရတ်ဖိုဒ့်ပွဲကြည့်စဉ်ကနေ ကြည့်နေနိုင်ပါတယ်။ အာဆင်နယ်ပွဲမှာလည်း တူညီတဲ့ တိုးတက်မှုတွေကို မြင်ရမယ်လို့ ထင်ပါတယ်။
ဂန်းနားတို့က နယူးကာဆယ်ကို ရင်ဆိုင်ချိန်မှာ နိုင်ပွဲပြန်ရခဲ့တယ်။ ဖန်တီးမှုတွေလည်း လုပ်နိုင်ခဲ့ပေမယ့် အိမ်ကွင်းမှာ မန်နေဂျာသစ်အတွက် ကစားရမယ့် ယူနိုက်တက်က သက်သေပြမှုတွေ လုပ်သွားရမှာဖြစ်ပါတယ်။ ” လို့ ဖြစ်ပါတယ်။
လော်ရိုး ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။ ဒီနှစ်သင်း ကစားမယ့် အချိန်ကတော့ ယနေ့ည/ ပွဲချိန်။ ။ ဒီဇင်ဘာ ၃ ရက်၊ သောကြာနေ့၊ နံနက် ၂း၄၅ နာရီ ဖြစ်ပါတယ်။
Zawgyi