ဂန်းနားတွေကို ဦးစားမပေးသေးတဲ့ မန်ယူနိုက်တက် Vs အာဆင်နယ်ပွဲ အိုဝင် သုံးသပ်ခန့်မှန်းချက်

အာဆင်နယ်အသင်းဟာ ဒီကြားရက်မှာတော့ ပရီးမီးယားလိဂ် ပွဲ အဖြစ် နည်းပြသစ် ခန့်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ထိပ်တိုက်တွေ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီဇင်ဘာ ၃ ရက်၊ သောကြာနေ့၊ နံနက် ၂း၄၅ နာရီ၊ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

ဒါပေမယ့် ဒီပွဲမှာ မန်ယူနိုက်တက်ဘက်က နည်းပြသစ် ရန်းနစ် ကိုင်တွယ်ဦးမှာ မဟုတ်ဘဲ ကာရစ်ပဲ ဆက်လက် တာဝန်ယူမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ အာဆင်နယ် တို့ ပွဲအတွက် နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” မန်ယူနိုက်တက် နဲ့ အာဆင်နယ်ပွဲဟာ သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်းမှာ အမြဲတမ်း နေရာယူတဲ့ ပွဲစဉ်ပါ။ ရန်းနစ် လည်း ရောက်လာခဲ့ပြီဖြစ်လို့ ဒီပွဲကလည်း ခြားနားသွားမှာ မဟုတ်ပါဘူး။ ယူနိုက်တက်ရဲ့ ကစားဟန်က နားလည်ရ ခက်ခဲနေဆဲဖြစ်ပေမယ့်လည်း ဂျာမာန်သားက သူတို့ကို ပိုပြီး စုဖွဲ့မှုကောင်းကောင်း ကစားနိုင်အောင် ကူညီပေး ပါလိမ့်မယ်။

အာဆင်နယ်အတွက်ကတော့ သူတို့တေ တိုးတက်မှု ရှိလာတယ်ဆိုပေမယ့်လို့ ရိုးရိုးသားသား ပြောရရင် အသင်းချင်း ယှဉ်တဲ့အခါ သူတို့က အနည်းငယ် ယူနိုက်တက်ရဲ့ အနောက်မှာပဲ ရှိနေသေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့်ပဲ အိမ်ရှင် သရဲနီတွေ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။

ZG

အာဆင္နယ္အသင္းဟာ ဒီၾကားရက္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲ အျဖစ္ နည္းျပသစ္ ခန္႔ထားတဲ့ မန္ခ်က္စတာ ယူႏိုက္တက္နဲ႕ ထိပ္တိုက္ေတြ႔ျပီ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ ဒီဇင္ဘာ ၃ ရက္၊ ေသာၾကာေန႔၊ နံနက္ ၂း၄၅ နာရီ၊ အိုးထရက္ဖို႔ဒ္ကြင္းမွာ ယွဥ္ျပိဳင္ၾကမွာပါ။

ဒါေပမယ့္ ဒီပြဲမွာ မန္ယူနိုက္တက္ဘက္က နည္းျပသစ္ ရန္းနစ္ ကိုင္တြယ္ဦးမွာ မဟုတ္ဘဲ ကာရစ္ပဲ ဆက္လက္ တာဝန္ယူမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အာဆင္နယ္ တို႔ ပြဲအတြက္ နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္က အခုလုို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” မန္ယူႏိုက္တက္ နဲ႕ အာဆင္နယ္ပြဲဟာ သတင္းစာေတြရဲ႕ ေခါင္းႀကီးပိုင္းမွာ အၿမဲတမ္း ေနရာယူတဲ့ ပြဲစဥ္ပါ။ ရန္းနစ္ လည္း ေရာက္လာခဲ့ၿပီျဖစ္လို႔ ဒီပြဲကလည္း ျခားနားသြားမွာ မဟုတ္ပါဘူး။ ယူႏိုက္တက္ရဲ႕ ကစားဟန္က နားလည္ရ ခက္ခဲေနဆဲျဖစ္ေပမယ့္လည္း ဂ်ာမာန္သားက သူတို႔ကို ပိုၿပီး စုဖြဲ႕မႈေကာင္းေကာင္း ကစားႏိုင္ေအာင္ ကူညီေပး ပါလိမ့္မယ္။

အာဆင္နယ္အတြက္ကေတာ့ သူတို႔ေတ တိုးတက္မႈ ရွိလာတယ္ဆိုေပမယ့္လို႔ ႐ိုး႐ိုးသားသား ေျပာရရင္ အသင္းခ်င္း ယွဥ္တဲ့အခါ သူတို႔က အနည္းငယ္ ယူႏိုက္တက္ရဲ႕ အေနာက္မွာပဲ ရွိေနေသးတယ္လို႔ ထင္ပါတယ္။ ဒါေၾကာင့္ပဲ အိမ္ရွင္ သရဲနီေတြ အႏိုင္ရသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ အိုဝင္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အိုဝင္ ခန႔္မွန္းရလဒ္ ကေတာ့ မန္ခ်က္စတာ ယူႏိုက္တက္ ၂-၁ အာဆင္နယ္ ျဖစ္ပါတယ္။