ပေါမာဆန်ရဲ့ ဒီည အာဆင်နယ် Vs ဆောက်သမ်တန် ပွဲအတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

အာဆင်နယ် အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဆောက်သမ်တန် အသင်းနဲ့ တွေ့ဆုံနေပြီး အမ်းမရိတ်ကွင်းမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ လာမယ့် ဒီဇင်ဘာ ၁၁ ရက်၊ စနေနေ့၊ ည ၉း၃ဝ နာရီမှာပါ။

နာမည်ကျော် သုံးသပ်သူ ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ အာဆင်နယ်နဲ့ ဆောက်သမ်တန် တို့ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

မာဆန်က – ” အာဆင်နယ်အတွက် ပရီးမီးယားလိဂ် ပွဲကြီးတစ်ပွဲပါ။ ဒီလိုပွဲက ဒီရာသီမှာ အနိုင်ရဖို့ သူတို့ စီမံနိုင်တဲ့ ပွဲတွေလိုမျိုး ပွဲတစ်ပွဲပါပဲ။ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဘာဖြစ်လာမယ်ဆိုတာ မသိနိုင်ပါဘူး။ အစပိုင်း ကောင်းပြီး နောက်ပိုင်း မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။

ဒီပွဲမှာ အူဘာမီယန် ပါဝင်ခွင့်ရမယ် ထင်ပါတယ် ဒါပေမယ့် သူက ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ လက်တလောမှာ သူရဲ့ ပုံစံကောင်းတွေ ပျောက်ဆုံးနေတယ်။ အာဆင်နယ်မှာ လူငယ်ကစားသမားတွေ အများကြီး ရှိနေပြီး သူတို့အတွက် အူဘာမီယန်က စံနမူနာကောင်းအဖြစ် ဦးဆောင်ပေးရမှာပါ။

အူဘာမီယန် အားထုတ်မယ်ဆိုရင် အာဆင်နယ်က အရမ်းကောင်းပါတယ် ဒါကြောင့်ပဲ လူငယ်လေးတွေက သူ့ကို အားကျအတုယူနေရတာပါ၊ သူကို လေးစားနေရတာပါ။ ဒီပွဲကို အနိုင်ရဖို့ အရေးကြီးတာကို အာတီတာ နားလည်ပါတယ်။ အနိုင်ရမယ်ဆိုရင် သူတို့က အဆင့်ကောင်း တစ်နေရာမှာ ရပ်တည်နိုင်မှာပါ။

ဒီပွဲပြီးရင် ကောင်းမွန်တဲ့ ပွဲကောင်းတွေကို ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။ ဒီအပတ်ပွဲကို အာဆင်နယ် အနိုင်ရမယ်လို့ ကျနော် ထင်ပါတယ်။ ” လို့ ဆိုထားပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၂-ဝ ဆောက်သမ်တန် ဖြစ်ပါတယ်။

Zawgyi

အာဆင္နယ္ အသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ ေဆာက္သမ္တန္ အသင္းနဲ႕ ေတြ႔ဆံုေနျပီး အမ္းမရိတ္ကြင္းမွာ ဧည့္ခံ ကစားရမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ လာမယ့္ ဒီဇင္ဘာ ၁၁ ရက္၊ စေနေန႔၊ ည ၉း၃ဝ နာရီမွာပါ။

နာမည္ေက်ာ္ သံုးသပ္သူ ျဖစ္တဲ့ ဂန္းနားေဟာင္းၾကီး ေပါမာဆန္ကေတာ့ အာဆင္နယ္နဲ႕ ေဆာက္သမ္တန္ တို႔ပြဲ အတြက္ အခုလုိ သံုးသပ္ ခန္႔မွန္းထားပါတယ္။

မာဆန္က – ” အာဆင္နယ္အတြက္ ပရီးမီးယားလိဂ္ ပြဲႀကီးတစ္ပြဲပါ။ ဒီလိုပြဲက ဒီရာသီမွာ အႏိုင္ရဖို႔ သူတို႔ စီမံႏိုင္တဲ့ ပြဲေတြလိုမ်ိဳး ပြဲတစ္ပြဲပါပဲ။ ေဆာက္သမ္တန္နဲ႔ ရင္ဆိုင္ရမယ္ဆိုရင္ ဘာျဖစ္လာမယ္ဆိုတာ မသိႏိုင္ပါဘူး။ အစပိုင္း ေကာင္းၿပီး ေနာက္ပိုင္း မေကာင္းတာလည္း ျဖစ္ႏိုင္ပါတယ္။

ဒီပြဲမွာ အူဘာမီယန္ ပါဝင္ခြင့္ရမယ္ ထင္ပါတယ္ ဒါေပမယ့္ သူက ႀကိဳးစားအားထုတ္ဖို႔ လိုပါတယ္။ လက္တေလာမွာ သူရဲ႕ ပုံစံေကာင္းေတြ ေပ်ာက္ဆုံးေနတယ္။ အာဆင္နယ္မွာ လူငယ္ကစားသမားေတြ အမ်ားႀကီး ရွိေနၿပီး သူတို႔အတြက္ အူဘာမီယန္က စံနမူနာေကာင္းအျဖစ္ ဦးေဆာင္ေပးရမွာပါ။

အူဘာမီယန္ အားထုတ္မယ္ဆိုရင္ အာဆင္နယ္က အရမ္းေကာင္းပါတယ္ ဒါေၾကာင့္ပဲ လူငယ္ေလးေတြက သူ႔ကို အားက်အတုယူေနရတာပါ၊ သူကို ေလးစားေနရတာပါ။ ဒီပြဲကို အႏိုင္ရဖို႔ အေရးႀကီးတာကို အာတီတာ နားလည္ပါတယ္။ အႏိုင္ရမယ္ဆိုရင္ သူတို႔က အဆင့္ေကာင္း တစ္ေနရာမွာ ရပ္တည္ႏိုင္မွာပါ။

ဒီပြဲၿပီးရင္ ေကာင္းမြန္တဲ့ ပြဲေကာင္းေတြကို ယွဥ္ၿပိဳင္ကစားရေတာ့မွာ ျဖစ္ပါတယ္။ ဒီအပတ္ပြဲကို အာဆင္နယ္ အႏိုင္ရမယ္လို႔ က်ေနာ္ ထင္ပါတယ္။ ” လို႔ ဆိုထားပါတယ္။

ေပါမာဆန္ ခန္႔မွန္းရလဒ္ ကေတာ့ အာဆင္နယ္ ၂-ဝ ေဆာက္သမ္တန္ ျဖစ္ပါတယ္။