ဒီတပတ် အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ ပွဲစဉ် အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ခန့်မှန်းချက်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ မှာတော့ အာဆင်နယ်ဟာ အိမ်ကွင်းမှာ ဝက်စ်ဟမ်းအသင်းနဲ့ လန်ဒန်ဒါဘီပွဲ ကစားရမှာဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဒီဇင်ဘာ ၁၆ ရက်၊ ကြာသပတေးနေ့ နံနက် ၂း၃ဝ နာရီမှာပါ။

ဒီပွဲအတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်ကို ဖော်ပြလိုက်ပါတယ်။

အိုဝင်က ” ပွဲကောင်းတစ်ပွဲ ဖြစ်လာသင့်ပါတယ်။ အာဆင်နယ်ထံကနေ ဘာတွေကို မျှော်လင့်လို့ ရမလဲဆိုတာကို ကျနော် မသိပါဘူး။ တနင်္လာနေ့တုန်းက ဂူဒီဆန်ပွဲမှာ သူတို့က ညံ့ဖျင်းခဲ့တယ်။ အဲ့နောက် ဆောက်သမ်တန်ကို ရင်ဆိုင်ပြီး အနိုင်ရခဲ့ပြန်ပါတယ်။ ဒီပွဲကတော့ ဝက်ဟမ်းရဲ့ အထက်ကို တက်နိုင်ဖို့ သူတို့အတွက် ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။

ဘန်လေကို အဝေးကွင်းသွားကစားရတာက မလွယ်ကူပေမယ့်လို့ သရေတစ်မှတ်ပဲ ရတာအတွက်တော့ ဒေးဗစ်မိုးယက်စ်က စိတ်ပျက်နေပါလိမ့်မယ်။ ဝက်ဟမ်းက အဆင့် ၄ နောမှာပဲ ရှိနေပြီး သူတို့ကို ဖိအားပေးမယ့် ကလပ်တွေကလည်း နီးကပ်လာနေခဲ့ပါပြီ။

ဒီပွဲကို အရေးမနိမ့်ဖို့ ဝက်ဟမ်းဘက်က မျှော်လင့်နေပါမယ်။ သူတို့က ထိန်းထားနိုင်ဖို့လည်း ကြိုးစားမှာပါ။ အာဆင်နယ် တို့ စိတ်ပျက်ရပြီး ရမှတ်တွေ ခွဲယူကြမယ်လို့ ထင်မိပါတယ် ” လို့ သုံးသပ်ထားခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ် ကတော့ အာဆင်နယ် ၁-၁ ဝက်စ်ဟမ်း ဖြစ်ပါတယ်။

Zawgyi

ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၇ မွာေတာ့ အာဆင္နယ္ဟာ အိမ္ကြင္းမွာ ဝက္စ္ဟမ္းအသင္းနဲ႔ လန္ဒန္ဒါဘီပြဲ ကစားရမွာျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ ဒီဇင္ဘာ ၁၆ ရက္၊ ၾကာသပေတးေန႔ နံနက္ ၂း၃ဝ နာရီမွာပါ။

ဒီပြဲအတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္သမားေဟာင္း မိုက္ကယ္အိုဝင္ရဲ႕ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ကို ေဖာ္ျပလိုက္ပါတယ္။

အိုဝင္က ” ပြဲေကာင္းတစ္ပြဲ ျဖစ္လာသင့္ပါတယ္။ အာဆင္နယ္ထံကေန ဘာေတြကို ေမွ်ာ္လင့္လို႔ ရမလဲဆိုတာကို က်ေနာ္ မသိပါဘူး။ တနလၤာေန႔တုန္းက ဂူဒီဆန္ပြဲမွာ သူတို႔က ညံ့ဖ်င္းခဲ့တယ္။ အဲ့ေနာက္ ေဆာက္သမ္တန္ကို ရင္ဆိုင္ျပီး အႏုိင္ရခဲ့ျပန္ပါတယ္။ ဒီပြဲကေတာ့ ဝက္ဟမ္းရဲ႕ အထက္ကို တက္ႏုိင္ဖို႔ သူတို႔အတြက္ ပြဲေကာင္းတစ္ပြဲ ျဖစ္ပါတယ္။

ဘန္ေလကို အေဝးကြင္းသြားကစားရတာက မလြယ္ကူေပမယ့္လို႔ သေရတစ္မွတ္ပဲ ရတာအတြက္ေတာ့ ေဒးဗစ္မိုးယက္စ္က စိတ္ပ်က္ေနပါလိမ့္မယ္။ ဝက္ဟမ္းက အဆင့္ ၄ ေနာမွာပဲ ရွိေနျပီး သူတို႔ကို ဖိအားေပးမယ့္ ကလပ္ေတြကလည္း နီးကပ္လာေနခဲ့ပါျပီ။

ဒီပြဲကို အေရးမနိမ့္ဖို႔ ဝက္ဟမ္းဘက္က ေမွ်ာ္လင့္ေနပါမယ္။ သူတို႔က ထိန္းထားႏုိင္ဖို႔လည္း ၾကိဳးစားမွာပါ။ အာဆင္နယ္ တို႔ စိတ္ပ်က္ရျပီး ရမွတ္ေတြ ခြဲယူၾကမယ္လို႔ ထင္မိပါတယ္ ” လို႔ သံုးသပ္ထားခဲ့ပါတယ္။

မိုက္ကယ္အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ ကေတာ့ အာဆင္နယ္ ၁-၁ ဝက္စ္ဟမ္း ျဖစ္ပါတယ္။