ဆန်ဒါးလန်းကို ဂိုးပြတ်အနိုင်ယူပြီး ကာရာဘောင်း ဆီမီးဖိုင်နယ် တက်သွားတဲ့ အာဆင်နယ်
အာဆင်နယ်အသင်းဟာ မနေ့ညက ကာရာဘောင်းဖလား ပွဲမှာ လိဂ်ဝမ်းကလပ် ဆန်ဒါးလန်းကို ၅-၁ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် အဆင့် ကို တက်ရောက်သွားခဲ့ပါတယ်။
အာဆင်နယ်က ပွဲချိန် ၁၇မိနစ်မှာတင် အန်ကတ်တီယာရဲ့ အနီးကပ် ပိတ်သွင်းမှုကနေ ဦးဆောင်ဂိုးရခဲ့ပြီး ၁၀မိနစ် အကြာမှာ ပီပီက ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
မနေ့ညပွဲစဉ်အတွင်း အာဆင်နယ်ခံစစ်ကို ခြိမ်းခြောက်မှုအချို့ ပြုလုပ်နိုင်ခဲ့တဲ့ ဆန်းဒါးလန်းတို့ မိနစ် ၃၀ မှာ အဲဗာတန် ကနေ အငှားခေါ်ထားတဲ့ ဘရော့ဟတ်ရဲ့ ဂိုးကြောင့် ချေပဂိုး ပြန်ရခဲ့ပါတယ်။
ဒုတိယပိုင်းပြန်စပြီး ၁၅မိနစ်အကြာမှာတော့ တာဗာရက်စ်ရဲ့ ဖြတ်တင်ဘောကနေ အန်ကီတီယာက ပိတ်သွင်းကာ အာဆင်နယ်ကို ၃-၁ဂိုးနဲ့ ဦးဆောင်စေခဲ့ပါတယ်။
မိနစ် ၆၀မတိုင်ခင် အန်ကတ်တီယာ ဟာ ကစားသမားဘ၀ ပထမဆုံး ဟက်ထရစ်အဖြစ် နောက်ပေါက်နဲ့ သွင်းဂိုး သွင်းယူသွားခဲ့ပါတယ်။
အာဆင်နယ်အတွက် နောက်ထပ် ပျော်ရွှင်စရာကတော့ လူစားဝင်လာတဲ့ လူငယ်လေး ပါတီနိုလည်း ပွဲဦးထွက်မှာတင် ပထမဆုံး သွင်းဂိုး သွင်းယူပေးသွားနိုင်ခဲ့တာ ဖြစ်ကာ ဆီမီးဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။
ပွဲအပြီးမှာ နည်းပြအာတီတာက ဟက်ထရစ် သွင်းဂိုးရှင် အန်ကတ်တီယာကို ချီးကျူးစကားတွေ ဆိုခဲ့ပြီး ၎င်းကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေကြောင်းပါ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ZG
အာဆင္နယ္အသင္းဟာ မေန႔ညက ကာရာေဘာင္းဖလား ပြဲမွာ လိဂ္ဝမ္းကလပ္ ဆန္ဒါးလန္းကို ၅-၁ ဂိုးနဲ႔ အႏိုင္ယူျပီး ဆီမီးဖိုင္နယ္ အဆင့္ ကို တက္ေရာက္သြားခဲ့ပါတယ္။
အာဆင္နယ္က ပြဲခ်ိန္ ၁၇မိနစ္မွာတင္ အန္ကတ္တီယာရဲ႕ အနီးကပ္ ပိတ္သြင္းမႈကေန ဦးေဆာင္ဂိုးရခဲ့ၿပီး ၁၀မိနစ္ အၾကာမွာ ပီပီက ဒုတိယဂိုး သြင္းယူခဲ့ပါတယ္။
မေန႔ညပြဲစဥ္အတြင္း အာဆင္နယ္ခံစစ္ကို ၿခိမ္းေျခာက္မႈအခ်ိဳ႕ ျပဳလုပ္ႏိုင္ခဲ့တဲ့ ဆန္းဒါးလန္းတို႔ မိနစ္ ၃၀ မွာ အဲဗာတန္ ကေန အငွားေခၚထားတဲ့ ဘေရာ့ဟတ္ရဲ႕ ဂိုးေၾကာင့္ ေခ်ပဂိုး ျပန္ရခဲ့ပါတယ္။
ဒုတိယပိုင္းျပန္စၿပီး ၁၅မိနစ္အၾကာမွာေတာ့ တာဗာရက္စ္ရဲ႕ ျဖတ္တင္ေဘာကေန အန္ကီတီယာက ပိတ္သြင္းကာ အာဆင္နယ္ကို ၃-၁ဂိုးနဲ႔ ဦးေဆာင္ေစခဲ့ပါတယ္။
မိနစ္ ၆၀မတိုင္ခင္ အန္ကတ္တီယာ ဟာ ကစားသမားဘ၀ ပထမဆုံး ဟက္ထရစ္အျဖစ္ ေနာက္ေပါက္နဲ႔ သြင္းဂိုး သြင္းယူသြားခဲ့ပါတယ္။
အာဆင္နယ္အတြက္ ေနာက္ထပ္ ေပ်ာ္႐ႊင္စရာကေတာ့ လူစားဝင္လာတဲ့ လူငယ္ေလး ပါတီႏိုလည္း ပြဲဦးထြက္မွာတင္ ပထမဆုံး သြင္းဂိုး သြင္းယူေပးသြားႏိုင္ခဲ့တာ ျဖစ္ကာ ဆီမီးဖိုင္နယ္ကို ပို႔ေဆာင္ေပးခဲ့ပါတယ္။
ပြဲအျပီးမွာ နည္းျပအာတီတာက ဟက္ထရစ္ သြင္းဂိုးရွင္ အန္ကတ္တီယာကို ခ်ီးက်ဴးစကားေတြ ဆိုခဲ့ျပီး ၄င္းကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ၾကိဳးစားေနေၾကာင္းပါ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။