မနက်ဖြန် နောဝစ်ချ် – အာဆင်နယ် ပွဲစဉ်အတွက် လော်ရိုးကြီးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်
အာဆင်နယ်အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် မှာ နောဝစ်ချ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားဖို့ ရှိနေပါတယ်။ ဒီနှစ်သင်းဟာ လာမယ့် ဒီဇင်ဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့၊ ည ၉း၃ဝ နာရီမှာ ယှဉ်ပြိုင်ကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ လော်ရိုး က နောဝစ်ချ်နဲ့ အာဆင်နယ်တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
လော်ရိုး က ” အခုချိန်မှာ အာဆင်နယ်က အမြင့်ပျံသန်းနေတာပါ။ ပွဲစဉ်တွေက ဆက်တိုက် မြန်မြန်လာနေပေမယ့် သူတို့က နိုင်ပွဲတွေ ရယူပြီး ကစားနိုင်နေတဲ့အတွက် ပျော်ရွှင်နေပါလိမ့်မယ်။
အရင်က ပြောခဲ့သလိုပဲ ဂန်းနားတွေရဲ့ အဝေးကွင်းခြေစွမ်းကို သိပ်မကြိုက်ပါဘူး။ ဒါပေမယ့် သူတို့ဟာ ပြီးခဲ့တဲ့အပတ်က ပုံစံကောင်း ပျောက်ဆုံးနေတဲ့ လိဒ်စ်အသင်းကို အယ်လန်းရုဒ်မှာ အသာစီးနဲ့ အနိုင်ယူခဲ့သလို ဒီတစ်ပတ်ပွဲကလဲ သူတို့ အနိုင် ရသင့်တဲ့ နောက်ထပ် အဝေးကွင်းပွဲတစ်ပွဲ ဖြစ်မှာပါ။
နောဝစ်ချ်ဆီကနေ မြင်တွေ့ရတဲ့ စွမ်းဆောင်ရည်က သူတို့မှာ ကစားနိုင်တဲ့ ကစားသမားတွေအပေါ် အများကြီး မူတည်မှာပါ။ သူတို့ဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က ကာရိုးရုဒ်မှာ မန်ချက်စတာ ယူနိုက်တက်ကို ပိတ်ဆို့ပြီး ဂိုးမရှိသရေ ရရှိဖို့ နီးစပ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီတပတ်မှာ ယုံကြည်မှုရှိပြီး ပုံစံကောင်းရနေတဲ့ အာဆင်နယ်ကပဲ အမှတ်တွေ ရယူသွားမယ်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။
လော်ရိုး ခန့်မှန်းရလဒ်ကတော့ နောဝစ်ချ် ၁-၂ အာဆင်နယ် ဖြစ်ပါတယ်။
ZG
အာဆင္နယ္အသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္ မွာ ေနာဝစ္ခ်္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ ကစားဖို႔ ရွိေနပါတယ္။ ဒီနွစ္သင္းဟာ လာမယ့္ ဒီဇင္ဘာ ၂၆ ရက္၊ တနဂၤေႏြေန႔၊ ည ၉း၃ဝ နာရီမွာ ယွဥ္ျပိဳင္ၾကမွာပါ။
ဘီဘီစီ သတင္းဌာနမွ ပင္တုိင္ သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုး က ေနာဝစ္ခ်္နဲ႕ အာဆင္နယ္တို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
ေလာ္ရိုး က ” အခုခ်ိန္မွာ အာဆင္နယ္က အျမင့္ပ်ံသန္းေနတာပါ။ ပြဲစဥ္ေတြက ဆက္တိုက္ ျမန္ျမန္လာေနေပမယ့္ သူတို႔က ႏိုင္ပြဲေတြ ရယူၿပီး ကစားႏိုင္ေနတဲ့အတြက္ ေပ်ာ္႐ႊင္ေနပါလိမ့္မယ္။
အရင္က ေျပာခဲ့သလိုပဲ ဂန္းနားေတြရဲ႕ အေဝးကြင္းေျခစြမ္းကို သိပ္မႀကိဳက္ပါဘူး။ ဒါေပမယ့္ သူတို႔ဟာ ၿပီးခဲ့တဲ့အပတ္က ပုံစံေကာင္း ေပ်ာက္ဆုံးေနတဲ့ လိဒ္စ္အသင္းကို အယ္လန္း႐ုဒ္မွာ အသာစီးနဲ႔ အႏိုင္ယူခဲ့သလို ဒီတစ္ပတ္ပြဲကလဲ သူတို႔ အႏိုင္ ရသင့္တဲ့ ေနာက္ထပ္ အေဝးကြင္းပြဲတစ္ပြဲ ျဖစ္မွာပါ။
ေနာဝစ္ခ်္ဆီကေန ျမင္ေတြ႕ရတဲ့ စြမ္းေဆာင္ရည္က သူတို႔မွာ ကစားႏိုင္တဲ့ ကစားသမားေတြအေပၚ အမ်ားႀကီး မူတည္မွာပါ။ သူတို႔ဟာ လြန္ခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္က ကာ႐ိုး႐ုဒ္မွာ မန္ခ်က္စတာ ယူႏိုက္တက္ကို ပိတ္ဆို႔ၿပီး ဂိုးမရွိသေရ ရရွိဖို႔ နီးစပ္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဒီတပတ္မွာ ယုံၾကည္မႈရွိၿပီး ပုံစံေကာင္းရေနတဲ့ အာဆင္နယ္ကပဲ အမွတ္ေတြ ရယူသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။
ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ေနာဝစ္ခ်္ ၁-၂ အာဆင္နယ္ ျဖစ္ပါတယ္။