ယနေ့ည ဘရန့်ဖို့ဒ် v မန်စီးတီး ပွဲစဉ်အတွက် မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

မန်စီးတီး အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် မှာတော့ ဘရန့်ဖို့ဒ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ရမှာပါ။ ပွဲချိန်ကတော့ ဒီဇင်ဘာ ၃ဝ ရက်၊ ကြာသပတေးနေ့၊ နံနက် ၂း၄၅ နာရီမှာ ဖြစ်ပါတယ်။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင် က ဘရန့်ဖို့ဒ် နဲ့ မန်စီးတီး တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

အိုဝင်က – ” ဘရန့်ဖို့ဒ် က ဘရိုက်တန်နဲ့ ပွဲမှာ ကစားတာ သိပ်မဆိုးခဲ့ပါဘူး။ အဲဒီပွဲက သိပ်ကြီးမကွာခဲ့ဘူး။ သူတို့ ဖန်တီးမှုတွေ သိပ် လုံလောက်ခဲ့တာပဲ ရှိပါတယ်။ အိုင်ဗာ တိုနီကိုတော့ ကျနော် တော်တော် သဘောကျတယ်။ သူက သွေးအေးတယ်၊ တိကျတဲ့ အဆုံးသတ်သမား။ သူ ကစားခွင့် ရဖို့သာ လိုတာ။

မန်စီးတီးက ရပ်တန့်လို့ကို မရတော့ဘူးလို့ ကျနော် ပြောနေတာ သီတင်းပတ် အတော်ကြာပါပြီ။ သူတို့က ပွဲတွေကို လုံးဝ စိုးမိုးထားတယ်။ သူတို့ ကစားသမားတွေရဲ့ ပြိုင်ဘက် ဧရိယာထဲ ရွေ့လျားမှုတွေ ကွာလတီတွေက သိပ်ကို ထူးချွန်တယ်။ ပက်က ဒုတိယပိုင်းမှာ ဂိုးပြန်ပေးနေရတာကိုတော့ နည်းနည်း စိတ်ပျက်ပါလိမ့်မယ်။ ဒါပေမယ့် စွမ်းဆောင်ရည်က ထူးချွန်ကြပါတယ်။

ဒီပွဲမှာလည်း ဖြစ်စရာတစ်လမ်းပဲ မြင်ပါတယ်။ ဘရန့်ဖို့ဒ်က ဂိုးသွင်းဖို့လည်း ရုန်းကန်နေရတယ်။ ရင်ဆိုင်ရမှာကလည်း မန်စီးတီး ဆိုတော့ သူတို့အတွက် သိပ်ကို စိန်ခေါ်မှု ကြီးပါတယ်။ ကျနော့်အတွက်ကတော့ စီးတီး ၃-ဝ နဲ့ အနိုင်လို့ ထင်ပါတယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ် ကတော့ ဘရန့်ဖို့ဒ် ဝ-၃ မန်စီးတီး ဖြစ်ပါတယ်။

Zawgyi

မန္စီးတီး အသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္ မွာေတာ့ ဘရန္႔ဖို႔ဒ္ အသင္းနဲ႕ ေတြ႔ဆံုေနျပီး အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ ရမွာပါ။ ပြဲခ်ိန္ကေတာ့ ဒီဇင္ဘာ ၃ဝ ရက္၊ ၾကာသပေတးေန႔၊ နံနက္ ၂း၄၅ နာရီမွာ ျဖစ္ပါတယ္။

နာမည္ေက်ာ္ တိုက္စစ္မႈးေဟာင္း မိုက္ကယ္အိုဝင္ က ဘရန္႔ဖို႔ဒ္ နဲ႕ မန္စီးတီး တို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္း ထားပါတယ္။

အိုဝင္က – ” ဘရန္႔ဖို႕ဒ္ က ဘ႐ိုက္တန္နဲ႔ ပြဲမွာ ကစားတာ သိပ္မဆိုးခဲ့ပါဘူး။ အဲဒီပြဲက သိပ္ႀကီးမကြာခဲ့ဘူး။ သူတို႔ ဖန္တီးမႈေတြ သိပ္ လုံေလာက္ခဲ့တာပဲ ရွိပါတယ္။ အိုင္ဗာ တိုနီကိုေတာ့ က်ေနာ္ ေတာ္ေတာ္ သေဘာက်တယ္။ သူက ေသြးေအးတယ္၊ တိက်တဲ့ အဆုံးသတ္သမား။ သူ ကစားခြင့္ ရဖို႔သာ လိုတာ။

မန္စီးတီးက ရပ္တန႔္လို႔ကို မရေတာ့ဘူးလို႔ က်ေနာ္ ေျပာေနတာ သီတင္းပတ္ အေတာ္ၾကာပါၿပီ။ သူတို႔က ပြဲေတြကို လုံးဝ စိုးမိုးထားတယ္။ သူတို႔ ကစားသမားေတြရဲ႕ ၿပိဳင္ဘက္ ဧရိယာထဲ ေ႐ြ႕လ်ားမႈေတြ ကြာလတီေတြက သိပ္ကို ထူးခြၽန္တယ္။ ပက္က ဒုတိယပိုင္းမွာ ဂိုးျပန္ေပးေနရတာကိုေတာ့ နည္းနည္း စိတ္ပ်က္ပါလိမ့္မယ္။ ဒါေပမယ့္ စြမ္းေဆာင္ရည္က ထူးခြၽန္ၾကပါတယ္။

ဒီပြဲမွာလည္း ျဖစ္စရာတစ္လမ္းပဲ ျမင္ပါတယ္။ ဘရန႔္ဖို႔ဒ္က ဂိုးသြင္းဖို႔လည္း ႐ုန္းကန္ေနရတယ္။ ရင္ဆိုင္ရမွာကလည္း မန္စီးတီး ဆိုေတာ့ သူတို႔အတြက္ သိပ္ကို စိန္ေခၚမႈ ႀကီးပါတယ္။ က်ေနာ့္အတြက္ကေတာ့ စီးတီး ၃-ဝ နဲ႔ အႏိုင္လို႔ ထင္ပါတယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္အိုဝင္ ခန္႔မွန္းရလဒ္ ကေတာ့ ဘရန္႔ဖို႕ဒ္ ဝ-၃ မန္စီးတီး ျဖစ္ပါတယ္။